အသက် ၃၀ ဆိုတဲ့ အရွယ်မှာ ဒီလိုအရာတွေ နားလည်ထားဖို့လိုပြီ



အသက် ၃၀ မှ ဘ၀က စတယ် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီလို အသက်အရွယ် ဆိုတာ ငယ်လည်း မငယ်၊ကြီးလည်း မကြီးပဲ တစ်ကယ့် ဘ၀အစစ်ကို ခံစားနားလည်နိုင်တဲ့ အရွယ်လို့ပဲ ဆိုရမှာပါပဲ။ ဒီတော့ အသက် ၃၀ အရွယ်မှာ မသိမဖြစ် သိထားသင့်တဲ့ အရာတွေကိုလည်း လက်လွှတ်လို့ မဖြစ်ပါဘူး။

ဘာတွေလဲဆိုရင်…
ကိုယ် တစ်ကယ်ပျော်ရွှင်တဲ့ အလုပ်ကို ရှာသင့်နေပါပြီ ။
လုပ်သင့်လို့ဆိုတာတွေထက် အသက် ၃၀အရွယ်မှာ ကိုယ်တကယ်ပျော်ရွှင်စွာလုပ်ချင်တဲ့အလုပ်က ဘာလဲ၊ကိုယ့်ရဲ့နှလုံးသားက ဘယ်နေရာကိုပိုပြီးအလိုရှိနေလဲဆိုတာ ကိုယ့်စိတ်ကိုယ်သိထားဖို့လိုနေပါပြီ။အဲ့ဒါမှ ဘ၀ရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရမှာပါ။

အရသာရှိတဲ့ ဟင်းတစ်ခွက် ချက်တတ်နေပြီလား
ဘာပဲဖြစ်ဖြစ် ချက်တတ်တယ် ဆိုရင်တောင် တစ်ခြားသူတွေထက် ပိုသာတဲ့၊ကိုယ့်အကြိုက်ဆုံး ဟင်းလျာတစ်မျိုး ဆိုတာ ရှိသင့်ပါတယ်။ အထူးပေါ့။ ကဲ ဘယ်လိုလဲ သင်ယူဖို့ အဆင့်သင့်ဖြစ်နေပြီလား?

ဘယ်သူက တစ်ကယ့် သူငယ်ချင်း အစစ်လဲ ဆိုတာ နားလည်သင့်နေပါပြီ
ကိုယ့်အနားမှာ ၀ိုင်းနေတဲ့ သူငယ်ချင်းတွေထဲက ဘယ်သူက ကိုယ့်အပေါ် တစ်ကယ်ကောင်းတယ်၊ဘယ်သူက ဟန်ဆောင်တယ် ဆိုတာ ခွဲခြားတတ်ဖို့ လိုသလို ကိုယ့်ဘေးနားမှာ မလိုအပ်တဲ့ သူတွေကို လည်း ဖယ်ထုတ်တတ်ဖို့ လိုပါတယ်။ ဘ၀ရဲ့ အစမှာ သူငယ်ချင်းအတုတွေ မလိုအပ်တော့ဘူးမဟုတ်လား ။

ကိုယ့်အကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ်ပြောပြတတ်တာမျိုး ရပ်ပါတော့ !
ငယ်ငယ် ကတော့ ကိုယ်နဲ့ ပတ်သက်ပြီး သူငယ်ချင်း မိတ်ဆွေတွေကို အသေးစိတ်ပြောပြတာမျိုး ရှိတတ် ပါလိမ့်မယ်။ ဒါပေမဲ့ ၂၅ ကျော် ၃၀ ဆိုတဲ့ အသက်အရွယ်မှာတော့ ရင့်ကျက်စွာနဲ့နေထိုင် သင့်ပါပြီ။သူများ ကိုပြောပြဖို့ မလိုအပ်တဲ့ အကြောင်းတွေ ၊ပြောမပြသင့်တော့တဲ့ အရာတွေဆိုတာ လူတိုင်းမှာ ရှိပါတယ်။ဒါတွေကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်ပြောပြသင့်ပါတယ်။ ကိုယ့်အကြောင်းကို တစ်လုံး မချန်ပြောပြတာက ကိုယ့်အားနည်းချက်က ဘာလဲဆိုတာ ချပြနေသလိုပါပဲ။


ငွေကြေး ရှာဖွေပါ ခရီးတွေ ထွက်ပါ
ငွေကြေး ရှာဖွေပြီး ရလာတဲ့ငွေကြေးနဲ့ ခရီးထွက်တာမျိုး ကသာ အတွေ့အကြုံသစ်တွေ၊ခံစားမှု အသစ်တွေ လက်တွေ့ ခံစားသိမြင်နိုင်မှာပါ။ ရလာတဲ့ လစာဝင်ငွေရဲ့  ၂၀ရာခိုင်နှုန်းကို အမြဲ စုထားပြီး ဘ၀ရဲ့ အတွေ့ အကြုံ ခရီးလမ်းသစ်တွေကို လျှောက်ဖို့ မမေ့ပါနဲ့။

ယာဉ်မောင်းလိုင်စင် ရှိထားသင့်နေပါပြီ
ကိုယ်ဟာ အနာဂတ်မှာ ဒီ့ထက် ပိုတောက်ပဖို့ ကြိုးစားနေသူ ဆိုရင် အသက် ၃၀ အရွယ်မှာ ယာဉ်မောင်း လိုင်စင် ကတော့ ပိုင်ဆိုင်ထားသင့် ပါပြီ။ ကိုယ့်ဘ၀ရဲ့  အနာဂတ်ပန်းတိုင် ရည်မှန်းချက်တွေကို တစ်ခုချင်းစီ ကြိုးစား ဖန်တီးဖို့လည်းမမေ့ပါနဲ့ ။

အပိုအလုပ်တစ်ခု ရှိထားပါ
ငယ်ရွယ်စဉ်မှာ အလုပ်တစ်ခုလောက်နဲ့ပဲ တင်းတိမ်ပေမဲ့ တစ်ကယ်တမ်း အသက်အရွယ် တစ်နှစ်ထက် တစ်နှစ်ကြီးလာတာနဲ့ အမျှ ကိုယ့်အတွက် တစ်ကယ် လိုအပ်တဲ့ အရာတွေက ဘာတွေလဲ ဆိုတာ ကိုယ့် ဘာသာ သိလာပါတယ်။ အဲ့ဒီအခါ အလုပ်တစ်ခုတည်းနဲ့ မရတော့ပါဘူး။ နောက်ထပ် အပိုအလုပ်တစ်ခု၊၀င်ငွေရနိုင်တဲ့ တစ်ခြားအပိုအလုပ် တစ်ခုခုကို သင့်အနေနဲ့ ရှာဖွေလာပါလိမ့်မယ်။ဒီလို စိတ်ကူးမျိုး မရှိသေးဘူး ဆိုရင်လည်း အခုကတည်းက ရှိလိုက်ပါတော့။ ရလာတဲ့ အခွင့်အရေးတွေကို လက်လွှတ်မခံပဲ ကြိုးစားလိုက်ပါ ။

ကိုယ့်ရဲ့  ကိုယ်ပိုင်ပုံစံကို ရှာဖွေပါ
အရွယ်ရောက်လာတဲ့ သူတိုင်းမှာ ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ကိုယ်ပိုင် ပုံစံဆိုတာ ရှိထားဖို့ လိုပါတယ်။ ကိုယ်က ဘယ်လိုပုံစံ ၀တ်ရတာ သဘောကျတယ်။ ဘယ်ဝတ်စုံနဲ့ဆို သက်တောင့် သက်သာ ရှိတယ်။ ပိုပြီး စိတ်လွတ်လပ်ပေါ့ပါးတယ် စသဖြင့် ကိုယ့်စိတ်ကိုယ် သိအောင်ကြိုးစားပါ။အဲ့ဒါမှ ဘယ်လို အ၀တ်အစားမျိုးကို ပိုပြီးဝယ်သင့်တယ်။ ပိုပြီးရွေးချယ်သင့်တယ် ဆိုတာ သိလောမှာပါ။ ဒါကလည်း အသက် ၃၀ ဆိုတဲ့ အရွယ်မှာ ရှိထားသင့်တဲ့ ရင့်ကျက်မှု တစ်ခုပါပဲ ။

Credit: Trend


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall