လောက၌ ဆွဲအား အကြီးမားဆုံး




မြတ်စွာဘုရား မိန့်ကြားသည်မှာ လောက၌ ဖို နှင့် မ နှစ်မျိုးသာ ရှိ၏ ။

မ ၏ အဆင်း ၊
မ ၏ အသံ၊
မ ၏ အနံ့ ၊
မ ၏ အရသာ၊
မ ၏ အတွေ့အထိ သည် ဖို့သတ္တဝါ အတွက် အကြီးမားဆုံး ဆွဲအား အကောင်းဆုံးဖြစ်လေ၏ ။



မ အတွက်လည်း ဖို ၏ အဆင်းစသည် အဆွဲဆောင်ဆုံး အပြင်းဆုံး ခွန်အားဖြစ်သည်။

မ သည် ဖို အဆင်း အသံ..
ဖို သည် မ ၏ အဆင်းအသံ..
ကြားရုံမျှနှင့် ခုနှစ်ဘဝက စုစည်းထားသော ကိလေသာတို့သည် အစေးထွက်သော အပင်ကို ဓားနှင့် တို့မိလျင် တစ်ပြိုင်နက် အစေးသည် ထွက်လာသကဲ့သို့ ..

အိပ်ပျော်နေသော မြွေဟောက်အား တို့မိသည့် အခါ ခေါင်းထောင်လာ သကဲ့သို့ တဏှာရမ္မက် ကိလေသာ တို့သည် နှစ်ပေါင်းများစွာ တရားဘာဝနာ အားထုတ် လာသော်လည်း မ ၏ အသံ ခဏ ကြားရုံမျှဖြင့် တဏှာဘီလူး သည် ပူးဝင်လာကာ ဈာန်ရသည့် ရသေ့တောင် လျောကျ
ကုန်လေ၏ ။



မ လည်း အပြစ်မဆိုသာ သလို
ဖိုလည်း အပြစ်မဆိုသာပေ ..
မသိမှု အဝိဇ္ဇာ သည် ဘဝ အနန္တ ကတည်းက ကိုက်စား ဝါးမျို လာသောကြောင့်တည်း ။

ဒီဘဝက လွတ်မြောက်ချင်ပါက ဒါတွေကို...
ပညာနှင့် ပယ်သတ်ရမည်ဖြစ်၏ ။

တစ်ချို့ က..
မိန်းမရှိလို့ တရားမရပါဘူး
လင်ရှိလို့ တရားမရပါဘူး ဆိုကြ၏။
မဟုတ်ပေ ...


လူ့ဘဝနှင့် ပညာဖြင့်နှလုံးသွင်း တရားအားထုတ်ပါကလည်း ​သောတာပန် သကဒါဂန် အနာဂန်
ရဟန္တာ ဖြစ်ကြပါသည် ။


မြတ်စွာဘုရား လက်ထက်က သာဝတ္ထိပြည်၌...
လူအရိယာ ပုဂ္ဂိုလ်တို့သည် ခုနှစ်ကုဋေ ရှိ၏  တဲ့ ။ လူနဲ့နေလည်း အရိယာ ဆိုက်ရောက်နိုင် ပါကြောင်း။


ဒီလိုဆို ဘာကြောင့် ရဟန်း ဝတ်ရသနည်းမေးစရာရှိ၏ ။
ရဟန်းဘဝသည် သင်္ကန်းသုံးထည် သပိတ်တစ်လုံးဖြင့် ပိုင်ဆိုင်ခြင်း များစွာမရှိပါ.. ။

မြတ်စွာဘုရား ဟောကြားခဲ့သည့်  ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် နိကာယ် ငါးရပ် ပိဋကတ်သုံးပုံ ကို သာမာန်လူ မဆောင်နိုင်ပေ. ရဟန်းတော်တွေသာ ဆောင်နိုင်ကုန်၏ ။


လူ့ဘဝသည်ကား အလုပ်များသည့်အတွက် တရားလည်း လွတ်ကျွတ်စွာ အားထုတ်မည့် အချိန် မရခြင်း ၊ စားဖို့သောက်ဖို့ရင် ပူပင်ရခြင်း ၊ အိမ်ရာ တဏှာတွေ ပိုများ ခြင်းကြောင့် ရဟန်းဘဝ ဝတ်ရသည် ။ ပိုပြီး မြတ်စွာဘုရား သာသနာကို သဒ္ဓါတရား ရှိစွာ ထမ်းဆောင်ချင်လို့ဖြစ်သည် ။


ရဟန်းနှင့် တရား အားထုတ်ပါက တရားရမြန်သည်။
ပယ်ရမှာက မ ပညတ် ဖို ပညတ် မဟုတ်ပါ....
မသိမှု အဝိဇ္ဇာ ပရမတ်တရား ကိုသာ ပယ်၍ သိမှု ဝိဇ္ဇာဖြစ်ကာ လိုချင်မှု အားကြီး တဏှာကို
အိမ်မှာလည်း .... ပယ်သတ်လို့ ရပါကြောင်း ။



(တဏှာ လက်သမား၏ တီထွင်မှုကြောင့်သာ)
18.7.19
တက္ကသိုလ် အသျှင်ထေရိန္ဒ B.A(Indo Aryan)

Thi Dar Aung

Comments

  1. As stated by Stanford Medical, It's really the one and ONLY reason this country's women get to live 10 years longer and weigh 42 pounds less than we do.

    (And realistically, it is not about genetics or some secret diet and really, EVERYTHING around "how" they eat.)

    P.S, What I said is "HOW", and not "WHAT"...

    Tap this link to reveal if this easy test can help you unlock your true weight loss potential

    ReplyDelete
  2. ကောာင်းတယ်

    ReplyDelete

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall