ကင္းဖို၊ ကင္းမ ေခၚ ဗီလားေကာင္ / ကင်းဖို၊ ကင်းမ ခေါ် ဗီလားကောင်

 


ႏွစ္ေကာင္ထဲက တစ္ေကာင္ေပ်ာက္သြားရင္ က်န္ခဲ့တဲ့တစ္ေကာင္က ပင္လယ္ေရေနာက္ေအာင္ ရွာတယ္ဆိုတဲ့ ကင္းဖို ကင္းမ ေခၚ ဗီလားေကာင္


ဗီးလား ကို စားသုံးရန္ သင့္၊ မသင့္နဲ႔ပတ္သက္ၿပီး ဒညႇင္းသီးကဲ့သို႔ ထင္ျမင္ယူဆခ်က္ အမ်ိဳးမ်ိဳး ရွိေပမဲ့ စားသုံးခ်င္သူေတြအတြက္ မၾကာခင္ Black Sea Seafood မွာ စတင္ သုံးေဆာင္ႏိုင္ေတာ့မွာပါ။


ကင္းဖို၊ ကင္းမ ေခၚ ဗီလားေကာင္ဟာ ပင္လယ္ထဲမွာ ေနပါတယ္။ ၂ ေကာင္ ထပ္ေနၾကတာပါ။ အႀကီးက အမ။ အေသးက အထီးပါ။ တစ္ခ်ိဳ႕က ဖမ္းမိရင္ အထီးကိုခြာၿပီး ပင္လယ္ထဲ ျပန္ခ်ပစ္ၾကပါတယ္။ အဲဒီအခါၾကရင္ အထီးေကာင္က အမေကာင္ကို ပင္လယ္ေရေနာက္ေအာင္ ျပန္ရွာပါတယ္။


ကင္းဖို,ကင္းမ ဆိုတာ ေအာက္ခ်င္း ငွက္ဖို ငွက္မလို၊ ကိႏၷရီ ကိႏၷရာလို ေမာင္ႏွံ တူစုံ ယွဥ္တြဲၿပီး သြားလာ ေနထိုင္က်က္စားေလ့ ရွိတယ္။


အခုေတာ့ အေတာ့္ကို ရွားပါးလာေနၿပီလို႔ သိရတယ္။ ထိုင္းေစ်းကြက္အျပင္ တ႐ုတ္ေစ်းကြက္ေတြမွာပါ တြင္က်ယ္လာေတာ့ ေထာင္ေခ်ာက္ေတြ ပိုက္ကြန္ေတြနဲ႔ အဖို အမ အကုန္ ဖမ္းလာၾကၿပီး အစတုန္း ကေတာ့ ဥ ကို စားသုံးကုန္အျဖစ္သာ ေစ်းကြက္ရွိၿပီး အခုေနခါမွာေတာ့ အသားကိုပါ စားသုံးလာေနၾကတယ္လို႔ သိရပါတယ္။


တစ္ကယ့္ေတာ့ ဒီကင္းဖို ကင္းမ ေတြကို စနစ္တက် ထိန္းသိမ္း ေမြးျမဴဖို႔ လိုေနပါၿပီ၊၊ ဘာေၾကာင့္လဲဆိုေတာ့ ဒီကင္းဖို ကင္းမထဲကေန ေရာဂါ ရွာေဖြေရးအတြက္ အေရးပါတဲ့အရည္တစ္မ်ိဳး ထုတ္ယူ ရရွိႏိုင္တယ္လို႔ သိရပါတယ္။


ကင္းဖို ကင္းမ မွာ ဘီလားက common name ပါ။ အထီးက အေရာင္းအဝယ္ မရွိပါ။ အထီးနဲ႔အမ အၿမဲတြဲေနေတာ့ အမကို ဖမ္းၿပီး ေရာင္းတာပါ။ အမ အခြံရဲ႕ ပတ္လည္မွာ ဥ ေတြ အျပည့္ပါ။


                     

                      


ဥေတြကို ဇြန္းနဲ႔ ကေလာ္ၿပီး အိတ္ထဲ့ ေရခဲ႐ိုက္ၿပီး ထိုင္း ရေနာင္း ပို႔ရတာပါ။ ထိုင္းမွာက လူႀကိဳက္မ်ားၿပီး သရက္သီးနဲ႔ သုပ္စားတာပါ။


ဥ တစ္ကီလို ၆၀ သားကို ဘတ္၂၀၀ ေလာက္ ေစ်း ရွိပါတယ္။ ဥ တစ္ကီလိုရဖို႔ ကင္းမ အေကာင္ သုံးဆယ္ေလာက္ ခြဲရပါတယ္။ေျခေခ်ာင္းအသားက မေျပာပေလာက္သာ ရွိတာမို႔ အဓိကက ဥထုတ္တာပါ။ သာကူေစ့အ႐ြယ္ အဝါေရာင္ ရွိပါတယ္။ ဆိမ့္ပါတယ္။ ထိုင္းလိုက မိုင္ဒါး ေခၚပါတယ္။ ဥ ကိုေတာ့ ခိုင္မိုင္ဒါးပါ။ (ဥပါရင္ အမ ေနာ္)


Horseshoe crabs ပင္လယ္ ဗီလားသတၱဝါေတြဟာ အခုဆိုရင္ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း (၄၅၀) မီလီယံခန္႔ ေက်ာ္လြန္၍ လာခဲ့ပါၿပီ။


ဒိုင္ႏိုေဆာ (Dinosours) သတၱဝါေတြ ရွိစဥ္အခါကတည္းက ဗီလားေတြဟာ ယေန႔အခ်ိန္ထိ မ်ိဳးသုန္း ေပ်ာက္ကြယ္မသြားေသးပါဘူး။ ဗီးလားဟာ အရမ္းအဖိုးတန္ၿပီး သူ႔မွာ အရွားပါးဆုံးေသြးကို ပိုင္ဆိုင္ထားပါတယ္။ သူ႔ရဲ႕ေသြးဟာ အျပာေရာင္ (blue blood) ျဖစ္ပါတယ္။

ဗီလားေတြရဲ႕ ေသြးဟာ ”Limulus Amebocyte lysate” (LAL)လို႔ အမည္ေပးထားတဲ့ ဗက္တီးရီယား ပိုးမႊားသန္႔စင္ ေဆးတစ္မ်ိဳးကို ထုတ္ယူ ရရွိပါတယ္။

 

ဒီေဆးဟာ (Endotoxin detection) အတြက္ ထုတ္လုပ္ထားျခင္း ျဖစ္ၿပီး လူသားေတြရဲ႕ေသြး / တိရိစာၦန္ သတၱဝါေတြရဲ႕ ေသြးထဲက ဗက္တီးရီယား ပိုးမႊားမ်ားကို ရွာေဖြစစ္ေဆးတဲ့ေနရာမွာ အသုံးျပဳပါတယ္။


ဒီေဆးကို သိမ္းဆည္းထားမည္ ဆိုလွ်င္ အနည္းဆုံး အပူခ်ိန္ 2-8°c စင္တီဂရိတ္ ရွိရပါမယ္။ ဗီလား ေမြးျမဴေရးလုပ္ ငန္းဟာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ မီလီယံနဲ႔ခ်ီၿပီး ၀င္ေငြ ရရွိပါတယ္။


ဗီလား ဟာ လူသားတို႔ စားသုံးရန္ မသင့္ပါ။ အဆိပ္ ျဖစ္တတ္ပါတယ္။ Villa (ဗီလား) ျဖစ္ၿပီး Billa (ဘီလား) မဟုတ္ပါ။ Horse (ျမင္း) / Shoe (ရႈးဖိနပ္) Crab (ဂဏန္းေကာင္) Horseshoe crab” ကို ဘာသာျပန္ၾကည့္ရင္ေတာ့ ျမင္းဖိနပ္ဂဏန္း ျဖစ္သြားမွာေပါ့။ေနာက္တစ္နည္း အဆင္ေျပေအာင္ ျပန္ဆိုၾကည့္ရင္ေတာ့ (ျမင္းခြာဂဏန္း)ဆိုရင္ ပိုမွန္ပါလိမ့္မယ္။


တစ္ကယ္ေတာ့ ေနရာေဒသအလိုက္ အေခၚအေဝၚေတြ ကြဲလြဲေနျခင္းဟာ အဓိက မက်ပါဘူး။ ပုံကိုၾကည့္ရင္ျဖင့္ သိႏိုင္ပါတယ္။ ဒီနာမည္ မဟုတ္ဘူး။ ဟိုနာမည္ မဟုတ္ဘူးဆိုၿပီး ျငင္းဆိုေနၾကရင္ေတာ့ ေမာသြားပါလိမ့္မယ္။

ျမန္မာျပည္မွာ ေပါလို႔ ဆိုတာက နည္းပညာ မရွိေတာ့ အရာရာဟာ တန္ဖိုး မဲ့ေနတတ္ပါတယ္။ ဒီဗီလားေတြရဲ႕ေသြးဟာ သတၱဝါေတြရဲ႕ အသက္ေပါင္းမ်ားစြာကို ကယ္တင္လွ်က္ ရွိပါတယ္။


ဘီလား(ခ) မိုင္ဒါး (ခ) ကင္းဖိုကင္းမ Horse Shoe Carb

ပင္လယ္ အေခၚ ဘီလာေကာင္ေတြဟာ ဆိုရင္ျဖင့္ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း 450 ခန္႔ကတည္းက ကမာၻေပၚမွာ ေနထိုင္ခဲ့တာပါ ။ ရွည္လ်ားၿပီး ပါးလႊာတဲ့အၿမီး ပါရွိကာ ႐ြံ႕ႏြံထဲမွာ ေနထိုင္တတ္တဲ့ ေရငန္ေန ပင္လယ္သတၱဝါတမ်ိဳး ျဖစ္ပါတယ္။


သူတို႔ကို တစ္ခါတစ္ေလမွ ငါးဖမ္းတဲ့ ပိုက္ၾကားမွာ ပါလာတတ္ၿပီး အၿမီးနဲ႔ ထိုးတတ္တဲ့ အတြက္ ဖမ္းရခက္တဲ့ သတၱဝါ တစ္မ်ိဳးပါ။ အ႐ြယ္အစား အမ်ိဳးမ်ိဳး ရွိတတ္ၿပီးေတာ့ ေသးငယ္တဲ့ ဂဏန္းေပါက္ ငါးေပါက္နဲ႔ ပင္လယ္ ေရေမွာ္ေတြကို စားသုံးၿပီး အသက္ရွင္ ေနထိုင္ေလ့ ရွိပါတယ္။

အထီးေတြဟာ ပိုေပါ့ေလ့ ရွိၿပီး မ်ားေသာအားျဖင့္ အမေတြမွာ ဥေတြနဲ႔ ေလးေလးပင္ပင္ ရွိေနေလ့ ရွိေသာေၾကာင့္ ကိုင္တာနဲ႔ အထီးအမ ခြဲျခားႏိုင္ပါတယ္။


သူ႔ရဲ႕ ခြၽန္ထက္တဲ့ အၿမီးေၾကာင့္ အႏၲရာယ္ရွိတဲ့ ပင္လယ္သတၱဝါ တစ္မ်ိဳးအျဖစ္ ျမင္ၾကေပမဲ့ အမွန္တစ္ကယ္ေတာ့ သူ႔ရဲ႕ အၿမီးဟာ အဓိကအားျဖင့္ သူတို႔ ပက္လက္လွန္သြားတဲ့ အခ်ိန္မွာ တစ္ဖန္ ျပန္ေမွာက္ကာ နဂိုအေနအထားကို ရွိဖို႔ အတြက္ပဲ အသုံးျပဳလို႔ ရပါတယ္။


ထူးဆန္းတဲ့ အျပာေရာင္ေသြးရွိၿပီး ပိုႀကီးတဲ့ အေကာင္ေတြမွာ ဥအေရာင္ေတြကလည္း အစိမ္းေရာင္ေတြ ျဖစ္ေနတတ္ပါတယ္။ သူတို႔ရဲ႕ လူေတြကို အက်ိဳးျပဳေစႏိုင္တဲ့ အဓိက အခ်က္ကလည္း ထူးဆန္းတဲ့ ဥေတြနဲ႔ ေသြးပါပဲ။ သူတို႔ရဲ႕ ေသြးဟာ Bacteria ေတြကို တိုက္ထုတ္ႏိုင္တဲ့ အတြက္ေၾကာင့္ ေဆးေတြမွာ အသုံးျပဳေလ့ ရွိပါတယ္။

Horse Shoe Crab ျမန္မာအေခၚ ဘီလာေကာင္ရဲ႕ ဥေတြဟာ ဆိုရင္ျဖင့္ အေၾကာအခ်င္ကို လုံးဝ ေကာင္းေစပါတယ္။


ျမန္မာ့ အယူအရလည္း သူ႔အၿမီးကို သံပုရာသီးမွာ ထိုးလိုက္ လူ႔ေျခေထာက္မွာ တစ္စက္စက္ ထိုးျခင္းျဖင့္ ႂကြတ္တက္တာ အေၾကာတက္တာကို ေပ်ာက္ကင္းေစႏိုင္တယ္လို႔ အဆိုရွိၾကပါတယ္။


သူ႔ရဲ႕အခြံမာကိုလည္း ျမင္းေတြ ႏြားေတြရဲ႕ ခြာမွာ ကပ္ပီးေတာ့လည္း အသုံးျပဳႏိုင္ပါတယ္။ အေနာက္ႏိုင္ငံေတြမွာ HORSE SHOE CRAB ေတြကို မေကာင္းဆိုး႐ြားေတြကို အိမ္မွ ႏွင္ထုတ္ႏိုင္တဲ့ အေကာင္တမ်ိဳးအျဖစ္ အယူရွိေလ့ရွိၿပီး တစ္ခ်ိဳ႕အိမ္ေတြမွာ ေမြးထားေလ့ ရွိပါတယ္။

ဘယ္ေတာ့မွ တစ္ေကာင္တည္း မေနပါ အမ ေပါတယ္။ အေကာင္တစ္ရာမွာ အထီးတစ္ေကာင္ ေတြ႕ရခဲတယ္။

အမရဲ႕အၿမီး ဘိတ္အေခၚ(ဖင္ေမြး)က သုံးေျမႇာင့္။ အထီးရဲ႕ (ဖင္ေမြး) အျမႇီးက အလုံး။ ရွားတယ္။ ေဆးဘက္ဝင္တယ္။


သူ႔အသား စားလို႔ရတယ္။ အသားနည္းတယ္။ မွတ္ခ်က္ ဘိတ္သားေတြဟာ သူ႔အသားကို မစားတာက မ်ားတယ္။

သနားလို႔။ ဟုတ္လားေတာ့ မသိဘူး။ အဘိုးအဖြားေတြ ေျပာျပတာက ႏွစ္ေကာင္တစ္ ေကာင္ ေပ်ာက္သြားရင္ က်န္ခဲ့တဲ့ တစ္ေကာင္က ေရေနာက္ေအာင္ ရွာတယ္လို႔ ေျပာျပတယ္။ ဒါေၾကာင့္ မစားၾကဘူး။

သနားလို႔ သစၥာရွိၾကတယ္။


𝘊𝘙𝘌𝘋𝘐𝘛 𝘛𝘖 𝘖𝘙𝘐𝘎𝘐𝘕𝘈𝘓 𝘞𝘙𝘐𝘛𝘌𝘙

Credit to original uploader



                      


နှစ်ကောင်ထဲက တစ်ကောင်ပျောက်သွားရင် ကျန်ခဲ့တဲ့တစ်ကောင်က ပင်လယ်ရေနောက်အောင် ရှာတယ်ဆိုတဲ့ ကင်းဖို ကင်းမ ခေါ် ဗီလားကောင်


ဗီးလား ကို စားသုံးရန် သင့်၊ မသင့်နဲ့ပတ်သက်ပြီး ဒညှင်းသီးကဲ့သို့ ထင်မြင်ယူဆချက် အမျိုးမျိုး ရှိပေမဲ့ စားသုံးချင်သူတွေအတွက် မကြာခင် Black Sea Seafood မှာ စတင် သုံးဆောင်နိုင်တော့မှာပါ။


ကင်းဖို၊ ကင်းမ ခေါ် ဗီလားကောင်ဟာ ပင်လယ်ထဲမှာ နေပါတယ်။ ၂ ကောင် ထပ်နေကြတာပါ။ အကြီးက အမ။ အသေးက အထီးပါ။ တစ်ချို့က ဖမ်းမိရင် အထီးကိုခွာပြီး ပင်လယ်ထဲ ပြန်ချပစ်ကြပါတယ်။ အဲဒီအခါကြရင် အထီးကောင်က အမကောင်ကို ပင်လယ်ရေနောက်အောင် ပြန်ရှာပါတယ်။


                        

ကင်းဖို,ကင်းမ ဆိုတာ အောက်ချင်း ငှက်ဖို ငှက်မလို၊ ကိန္နရီ ကိန္နရာလို မောင်နှံ တူစုံ ယှဉ်တွဲပြီး သွားလာ နေထိုင်ကျက်စားလေ့ ရှိတယ်။


အခုတော့ အတော့်ကို ရှားပါးလာနေပြီလို့ သိရတယ်။ ထိုင်းဈေးကွက်အပြင် တရုတ်ဈေးကွက်တွေမှာပါ တွင်ကျယ်လာတော့ ထောင်ချောက်တွေ ပိုက်ကွန်တွေနဲ့ အဖို အမ အကုန် ဖမ်းလာကြပြီး အစတုန်း ကတော့ ဥ ကို စားသုံးကုန်အဖြစ်သာ ဈေးကွက်ရှိပြီး အခုနေခါမှာတော့ အသားကိုပါ စားသုံးလာနေကြတယ်လို့ သိရပါတယ်။


တစ်ကယ့်တော့ ဒီကင်းဖို ကင်းမ တွေကို စနစ်တကျ ထိန်းသိမ်း မွေးမြူဖို့ လိုနေပါပြီ၊၊ ဘာကြောင့်လဲဆိုတော့ ဒီကင်းဖို ကင်းမထဲကနေ ရောဂါ ရှာဖွေရေးအတွက် အရေးပါတဲ့အရည်တစ်မျိုး ထုတ်ယူ ရရှိနိုင်တယ်လို့ သိရပါတယ်။


ကင်းဖို ကင်းမ မှာ ဘီလားက common name ပါ။ အထီးက အရောင်းအဝယ် မရှိပါ။ အထီးနဲ့အမ အမြဲတွဲနေတော့ အမကို ဖမ်းပြီး ရောင်းတာပါ။ အမ အခွံရဲ့ ပတ်လည်မှာ ဥ တွေ အပြည့်ပါ။


                             

ဥတွေကို ဇွန်းနဲ့ ကလော်ပြီး အိတ်ထဲ့ ရေခဲရိုက်ပြီး ထိုင်း ရနောင်း ပို့ရတာပါ။ ထိုင်းမှာက လူကြိုက်များပြီး သရက်သီးနဲ့ သုပ်စားတာပါ။


ဥ တစ်ကီလို ၆၀ သားကို ဘတ်၂၀၀ လောက် ဈေး ရှိပါတယ်။ ဥ တစ်ကီလိုရဖို့ ကင်းမ အကောင် သုံးဆယ်လောက် ခွဲရပါတယ်။ခြေချောင်းအသားက မပြောပလောက်သာ ရှိတာမို့ အဓိကက ဥထုတ်တာပါ။ သာကူစေ့အရွယ် အဝါရောင် ရှိပါတယ်။ ဆိမ့်ပါတယ်။ ထိုင်းလိုက မိုင်ဒါး ခေါ်ပါတယ်။ ဥ ကိုတော့ ခိုင်မိုင်ဒါးပါ။ (ဥပါရင် အမ နော်)


Horseshoe crabs ပင်လယ် ဗီလားသတ္တဝါတွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း (၄၅၀) မီလီယံခန့် ကျော်လွန်၍ လာခဲ့ပါပြီ။


ဒိုင်နိုဆော (Dinosours) သတ္တဝါတွေ ရှိစဉ်အခါကတည်းက ဗီလားတွေဟာ ယနေ့အချိန်ထိ မျိုးသုန်း ပျောက်ကွယ်မသွားသေးပါဘူး။ ဗီးလားဟာ အရမ်းအဖိုးတန်ပြီး သူ့မှာ အရှားပါးဆုံးသွေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့သွေးဟာ အပြာရောင် (blue blood) ဖြစ်ပါတယ်။

ဗီလားတွေရဲ့ သွေးဟာ ”Limulus Amebocyte lysate” (LAL)လို့ အမည်ပေးထားတဲ့ ဗက်တီးရီယား ပိုးမွှားသန့်စင် ဆေးတစ်မျိုးကို ထုတ်ယူ ရရှိပါတယ်။


ဒီဆေးဟာ (Endotoxin detection) အတွက် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး လူသားတွေရဲ့သွေး / တိရိစ္ဆာန် သတ္တဝါတွေရဲ့ သွေးထဲက ဗက်တီးရီယား ပိုးမွှားများကို ရှာဖွေစစ်ဆေးတဲ့နေရာမှာ အသုံးပြုပါတယ်။


ဒီဆေးကို သိမ်းဆည်းထားမည် ဆိုလျှင် အနည်းဆုံး အပူချိန် 2-8°c စင်တီဂရိတ် ရှိရပါမယ်။ ဗီလား မွေးမြူရေးလုပ် ငန်းဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ မီလီယံနဲ့ချီပြီး ဝင်ငွေ ရရှိပါတယ်။


ဗီလား ဟာ လူသားတို့ စားသုံးရန် မသင့်ပါ။ အဆိပ် ဖြစ်တတ်ပါတယ်။ Villa (ဗီလား) ဖြစ်ပြီး Billa (ဘီလား) မဟုတ်ပါ။ Horse (မြင်း) / Shoe (ရှုးဖိနပ်) Crab (ဂဏန်းကောင်) Horseshoe crab” ကို ဘာသာပြန်ကြည့်ရင်တော့ မြင်းဖိနပ်ဂဏန်း ဖြစ်သွားမှာပေါ့။နောက်တစ်နည်း အဆင်ပြေအောင် ပြန်ဆိုကြည့်ရင်တော့ (မြင်းခွာဂဏန်း)ဆိုရင် ပိုမှန်ပါလိမ့်မယ်။


တစ်ကယ်တော့ နေရာဒေသအလိုက် အခေါ်အဝေါ်တွေ ကွဲလွဲနေခြင်းဟာ အဓိက မကျပါဘူး။ ပုံကိုကြည့်ရင်ဖြင့် သိနိုင်ပါတယ်။ ဒီနာမည် မဟုတ်ဘူး။ ဟိုနာမည် မဟုတ်ဘူးဆိုပြီး ငြင်းဆိုနေကြရင်တော့ မောသွားပါလိမ့်မယ်။

မြန်မာပြည်မှာ ပေါလို့ ဆိုတာက နည်းပညာ မရှိတော့ အရာရာဟာ တန်ဖိုး မဲ့နေတတ်ပါတယ်။ ဒီဗီလားတွေရဲ့သွေးဟာ သတ္တဝါတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်လျှက် ရှိပါတယ်။


                            

ဘီလား(ခ) မိုင်ဒါး (ခ) ကင်းဖိုကင်းမ Horse Shoe Carb

ပင်လယ် အခေါ် ဘီလာကောင်တွေဟာ ဆိုရင်ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 450 ခန့်ကတည်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာပါ ။ ရှည်လျားပြီး ပါးလွှာတဲ့အမြီး ပါရှိကာ ရွံ့နွံထဲမှာ နေထိုင်တတ်တဲ့ ရေငန်နေ ပင်လယ်သတ္တဝါတမျိုး ဖြစ်ပါတယ်။


သူတို့ကို တစ်ခါတစ်လေမှ ငါးဖမ်းတဲ့ ပိုက်ကြားမှာ ပါလာတတ်ပြီး အမြီးနဲ့ ထိုးတတ်တဲ့ အတွက် ဖမ်းရခက်တဲ့ သတ္တဝါ တစ်မျိုးပါ။ အရွယ်အစား အမျိုးမျိုး ရှိတတ်ပြီးတော့ သေးငယ်တဲ့ ဂဏန်းပေါက် ငါးပေါက်နဲ့ ပင်လယ် ရေမှော်တွေကို စားသုံးပြီး အသက်ရှင် နေထိုင်လေ့ ရှိပါတယ်။

အထီးတွေဟာ ပိုပေါ့လေ့ ရှိပြီး များသောအားဖြင့် အမတွေမှာ ဥတွေနဲ့ လေးလေးပင်ပင် ရှိနေလေ့ ရှိသောကြောင့် ကိုင်တာနဲ့ အထီးအမ ခွဲခြားနိုင်ပါတယ်။


သူ့ရဲ့ ချွန်ထက်တဲ့ အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါ တစ်မျိုးအဖြစ် မြင်ကြပေမဲ့ အမှန်တစ်ကယ်တော့ သူ့ရဲ့ အမြီးဟာ အဓိကအားဖြင့် သူတို့ ပက်လက်လှန်သွားတဲ့ အချိန်မှာ တစ်ဖန် ပြန်မှောက်ကာ နဂိုအနေအထားကို ရှိဖို့ အတွက်ပဲ အသုံးပြုလို့ ရပါတယ်။


ထူးဆန်းတဲ့ အပြာရောင်သွေးရှိပြီး ပိုကြီးတဲ့ အကောင်တွေမှာ ဥအရောင်တွေကလည်း အစိမ်းရောင်တွေ ဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ လူတွေကို အကျိုးပြုစေနိုင်တဲ့ အဓိက အချက်ကလည်း ထူးဆန်းတဲ့ ဥတွေနဲ့ သွေးပါပဲ။ သူတို့ရဲ့ သွေးဟာ Bacteria တွေကို တိုက်ထုတ်နိုင်တဲ့ အတွက်ကြောင့် ဆေးတွေမှာ အသုံးပြုလေ့ ရှိပါတယ်။

Horse Shoe Crab မြန်မာအခေါ် ဘီလာကောင်ရဲ့ ဥတွေဟာ ဆိုရင်ဖြင့် အကြောအချင်ကို လုံးဝ ကောင်းစေပါတယ်။


မြန်မာ့ အယူအရလည်း သူ့အမြီးကို သံပုရာသီးမှာ ထိုးလိုက် လူ့ခြေထောက်မှာ တစ်စက်စက် ထိုးခြင်းဖြင့် ကြွတ်တက်တာ အကြောတက်တာကို ပျောက်ကင်းစေနိုင်တယ်လို့ အဆိုရှိကြပါတယ်။


သူ့ရဲ့အခွံမာကိုလည်း မြင်းတွေ နွားတွေရဲ့ ခွာမှာ ကပ်ပီးတော့လည်း အသုံးပြုနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာ HORSE SHOE CRAB တွေကို မကောင်းဆိုးရွားတွေကို အိမ်မှ နှင်ထုတ်နိုင်တဲ့ အကောင်တမျိုးအဖြစ် အယူရှိလေ့ရှိပြီး တစ်ချို့အိမ်တွေမှာ မွေးထားလေ့ ရှိပါတယ်။

ဘယ်တော့မှ တစ်ကောင်တည်း မနေပါ အမ ပေါတယ်။ အကောင်တစ်ရာမှာ အထီးတစ်ကောင် တွေ့ရခဲတယ်။

အမရဲ့အမြီး ဘိတ်အခေါ်(ဖင်မွေး)က သုံးမြှောင့်။ အထီးရဲ့ (ဖင်မွေး) အမြှီးက အလုံး။ ရှားတယ်။ ဆေးဘက်ဝင်တယ်။


သူ့အသား စားလို့ရတယ်။ အသားနည်းတယ်။ မှတ်ချက် ဘိတ်သားတွေဟာ သူ့အသားကို မစားတာက များတယ်။

သနားလို့။ ဟုတ်လားတော့ မသိဘူး။ အဘိုးအဖွားတွေ ပြောပြတာက နှစ်ကောင်တစ် ကောင် ပျောက်သွားရင် ကျန်ခဲ့တဲ့ တစ်ကောင်က ရေနောက်အောင် ရှာတယ်လို့ ပြောပြတယ်။ ဒါကြောင့် မစားကြဘူး။

သနားလို့ သစ္စာရှိကြတယ်။


𝘊𝘙𝘌𝘋𝘐𝘛 𝘛𝘖 𝘖𝘙𝘐𝘎𝘐𝘕𝘈𝘓 𝘞𝘙𝘐𝘛𝘌𝘙

Credit to original uploader



Comments

Popular posts from this blog

ရာသီဖြား အေဟာ - မဟာဘုတ္ ေဗဒင္ပညာ

Laptop တစ္လုံး ဝယ္ေတာ့မယ္ဆိုရင္

ဒီလို နိမိတ္ေတြ ျမင္ရင္ မေကာင္းဘူး

ကမ္းေဇာ္ဆီ ႏွင့္ ကင္ဆာ ေရာဂါ

အိပ္မက္ အမ်ိဳးမ်ိဳးႏွင့္ အသားလႈပ္ နိမိတ္

အဘဆရာၾကီး မင္းသိခၤ ေၿပာျပတဲ့ ဂဏန္းေဗဒင္

အမ်ိဳးသား အဂၤါ ေယာင္ရမ္းျခင္း (သို႔) ေဘာက်ျခင္း အတြက္ တန္ဖိုး ရွိတဲ့ ေဆးနည္း

တဏွာစိတ္ေတြ ထိန္းလို႔ မရေအာင္ျဖစ္ေနတဲ့ အပ်ိဳေဖာ္၀င္စ မိန္းကေလး တစ္ေယာက္

အိမ္​ ႏွင္႔ ေလာကီပညာ

သင့္ လကၡဏာက ေၿပာျပေနတဲ့ သင့္ရဲ႕ အခ်စ္ေရးလမ္းေၾကာင္း

 
365myanmar.com - Myanmar Online Shopping Mall