ယောင်္ကျား အတွက် ဆိုရင် ဘာမဆို ဖြည့်ဆည်း ပေးမည့် ရာသီခွင်






ရာသီခွင် အလိုက် ယောင်္ကျား၊ ရည်စား အပေါ်မှာ ထားရှိတဲ့ မေတ္တာ က ကွာခြား ပါလိမ့်မယ်။
ကိုယ် ချစ် တဲ့ ယောင်္ကျား အတွက် ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ပေးဆပ်ချင်တယ် ဆိုတာ သဘာဝတရား ပါ။ 

အလို လိုက်လွန်းရင်လည်း လူတော် ကနေ၊ လူညံ့ လည်း ဖြစ်သွားနိုင်ပါတယ်။ ကဲ ယောင်္ကျားအတွက် ဆိုရင် ဘာမဆို ဖြည့်ဆီး ပေးမည့် ရာသီခွင် Ranking ကိုကြည့်လိုက် ရအောင်နော်။

 



၀၁. ကရကဋ် ရာသီ (Cancer) : ဇွန် ၂၁ ရက် မှ ဇူလိုင် ၂၀ ရက် အတွင်း
ဒီ ရာသီခွင်က သူတွေ ကတော့ ယောင်္ကျား အတွက်ဆို ဘာပဲ လုပ်ရ လုပ်ရပါ။ သူ့မှာ ကိုယ် မရှိရင် ကလေး တစ်ယောက် လိုပဲ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူးလို့ ထင်နေပါတယ်။

 ယောင်္ကျားဖြစ်သူ က နှေးကွေးနေ တာကို ပင် ချစ်စရာကောင်းပြီး ကလေးကျောင်းပို့ သလို အလုပ် အထိတောင် လိုက်ပို့ပေးမလား မသိ ဘူးနော်။ မကဲ နဲ့ သတိထား !!!

၀၂. ကန် ရာသီ (Virgo) : သြဂုတ် ၂၂ ရက် မှ စက်တင်ဘာလ ၂၂ ရက် အတွင်း
ဒီ ရာသီခွင် ကတော့ ပုံမှန် ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကို ကိုယ် ရပ်နေနိုင်တဲ့ မိန်းကလေး ဖြစ်ပေ မဲ့ လည်း ယောင်္ကျား အတွက်ဆိုရင် ဘာမှ မျက်စိထဲ မမြင်တော့ပါ။ 

သူ့ရဲ့ ရည်မှန်းချက်တွေ၊ အိမ်မက်တွေ ကို ကိုယ်က ဖြည့်ဆီး ပေးရမယ် လို့ ခံယူ ထားလို့ပါ။ ဒါကြောင့် ယောင်္ကျား က ပိုက်ဆံ လိုမယ် ဆိုရင်လည်း ချက်ချင်း ထုတ်ပေးလိုက်နိုင်ပါတယ်။ သူအောင်မြင်ဖို့ အတွက်ဆိုရင် ဘာမဆို လုပ်ပေးမယ် လို့ ခံယူထားသူ ပါ။

၀၃. တူ ရာသီ (Libra) : စက်တင်ဘာ ၂၃ ရက် မှ အောက်တိုဘာ ၂၂ ရက် အတွင်း
သူ ကတော့ ယောင်္ကျားတွေ အကြောင်းကို ကောင်းကောင်း နားလည်ပြီး ရှင်က တော် တာကြောင့် အောင် မြင် မှာ ပါလို့ သူ့နောက်ကနေ အားပေးနေမဲ့ သူပါ။ ယောင်္ကျားဖြစ်သူ ရဲ့ အရည်အချင်း ကို ယုံကြည်နေတဲ့ အတွက်ကြောင့် ယောင်္ကျား အစား Marketing တောင် ဆင်းပေးလိုက်ဦး မှာပါ။



 
၀၄. မိန် ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက် မှ မတ်လ ၂၀ ရက် အတွင်း
သူ့ရဲ့ နူးညံ့ ချိုသာသော အားပေးစကားတွေ နဲ့ ယောင်္ကျားဖြစ်သူက ကြိုးစားနိုင်မှာပါ။

၀၅. သိဟ် ရာသီ (Leo) : ဇူလိုင် ၂၁ ရက် မှ သြဂုတ် ၂၁ ရက် အတွင်း
သူ့ရဲ့  ချစ်စရာကောင်းတဲ့ အပြုံးတွေ နဲ့ ယောင်္ကျား ကို စိတ်ချမ်းသာစေမှာပါ။


၀၆. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက် မှ နိုဝင်ဘာ ၂၂ ရက် အတွင်း
ယောင်္ကျားဖြစ်သူ က ဘယ်လောက်ပဲ တစ်ကိုယ်ကောင်း ဆန်ဆန် သူ့ အတွက်ကို ဖြည့်ဆည်း ပေးနေမှာပါ။

၀၇. ပြိဿ          ရာသီ (Taurus) : ဧပြီ ၂၁ ရက် မှ မေ ၂၀ ရက် အတွင်း
ကိုယ့် ကိစ္စထက် ယောင်္ကျားဖြစ်သူ ရဲ့အရေး ကို ရှေ့တမ်း တင်ပြီး စဉ်းစားပေးမည့်သူပါ။

၀၈. ကုမ် ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက် မှ ဖေဖော်ဝါရီ ၁၈ ရက် အတွင်း
သူ့ မှာ လည်း ရည်မှန်းချက်တွေ ရှိပေ မဲ့လည်း ယောင်္ကျား ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရန် သာ အဓိက ပါ။

၀၉. မိဿ          ရာသီ (Aries) : မတ် ၂၁ ရက် မှ ဧပြီ ၂၀ ရက် အတွင်း
ကိုယ့် အတွက် အကျိုး ရှိမယ် လို့ ထင်ရင် သူ့ အတွက် လည်း ဖြည့်ဆည်း ပေးလိုက်မှာပါ။

၁၀. ဓနု ရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက် မှ ဒီဇင်ဘာ ၂၀ ရက် အတွင်း
တစ်ယောက် နဲ့တစ်ယောက် တူညီသော လမ်း ကို လျှောက်လှမ်းချင်သော သူ ဖြစ်ပါတယ်။

၁၁. မကာရ ရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက် မှ ဇန်နဝါရီ ၁၉ ရက် အတွင်း
ကိုယ့် ကိစ္စ ကို အဓိက ထားပြီး လုပ်နေရတဲ့ အတွက် ယောင်္ကျား ကို လွှတ်ထားချင်ပါတယ်။

၁၂. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
ယောင်္ကျား စိတ်ညစ်မှာ ကို မလိုလားပါ။ တတ်နိုင် သလောက် ယောင်္ကျား လုပ်နေတဲ့ ကိစ္စကို ဝင်ပြီး ပါလေ့ မရှိပါ။



Chelmo Team
Credit. yport.cocoloni
Credit Photo. tabi-labo

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

 
365myanmar.com - Myanmar Online Shopping Mall