အိမ် နဲ့ပတ်သက် တဲ့မြန်မာ တို့ရဲ့ရှေး အယူအဆ နဲ့ ဗဟုသုတများ

 
၁။ အိမ် ပတ်ဝန်းကျင်တွင်မ စိုက် အပ်သော အပင်များ
၂။ အိမ်ဆောက် ရက်ရွေးနည်း
၃။ အိမ်ဆောက် လရွေးနည်း
၎။ မသုံးအပ်သော သစ်(၈)မျိုး
၅။ အိမ်ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး
၆။ အိမ်ကျောင်းဆောက်ရာတွင် မပြုအပ်သောအရာများ



၁။ အိမ် ပတ်ဝန်းကျင်တွင် မစိုက် အပ်သော အပင်များ
**************************************


သစ်ပင်ပန်းမနဆိုတာလူတွေ အတွက်ကောင်းမွန်တဲ့ အရာ တစ်ခုပါ။ အကျိုးပြုစေပါတယ်။ မိမိ ပတ်ဝန်း ကျင်ခြံထဲ အိမ်ထဲ မှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရော စိတ်ပါရွှင်လန်းစေမှာ ပါ။ 


ဒါပေမယ့်ရှေးမြန်မာ အယူအဆ အရခေတ် မမှီတော့ဘူး လို့ပဲ ဆိုဆို ရှေးထုံးကိုလဲ မပယ်နဲ့စကား ပဲပြောပြော ဗဟုသုတ အနေနဲ့ဖြစ်ဖြစ် သိရအောင် အိမ် နဲ့ပတ်သတ်တဲ့ရှေးမြန်မာ အယူအဆ တစ်ချို့ ကိုဖော်ပြလိုက် ပါတယ်။


အိမ် ရဲ့အရှေ့ မျက်နာဘက် တွင် ညောင်သပြေပင်များ မစိုက်ရ။ စီပွား ပျက်တက်သည်။ 

အနောက်ဘက် တွင် လက်ပံပင် ထိန်ပင်
တောင်ဘက်တွင် သစ်သျားပင် ဖီးကြမ်း ငှက်ပြော သဘောင်္ပင် များ
မြောက်ဘက်တွင် ထန်းပင် ဆန်းပင် သဖန်းပင်

အဆိုပါ အပင်များသည်ဖော်ပြပါ အရပ်မျက်နှာ များတွင် ရှိနေပါက စီးပွားရေး ညံ့တတ်သည်။  ရောဂါ ဘယထူပြောမည်။ အိမ်တွင်း ဆူပူ တတ်သည်။ အလိုအလျှောက် ရှိနေပါကလည်း ခုတ်ပစ်သင့်သည်။
 



၂။ အိမ်ဆောက် ရက် ရွေးနည်း
*********************
  

တနင်္ဂနွေ- ဒုက္ခ ဆင်းရဲရောက်တတ်သည်။
တနင်္လာ-နှစ်လမြောက်တွင်သားသမီး ဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
အင်္ဂါ-ဆန်ရေ စပါးပေါကြွယ်ဝမည်။
ဗုဒ္ဓဟူး-သုခ ချမ်းသာ ရမည်။
ကြာသာပတေး-ချမ်းသာကြွယ်ဝမည်။
သောကြာ-သုံးလကြာလျှင် သုခပွားမည်။
 


၃။ အိမ်ဆောက် လ ရွေးနည်း
*********************


 တန်ခူးလ -ချမ်းသာ ကြွယ်ဝမည်။
ကဆုန်လ -ဆန်ရေစပါးပေါကြွယ်ဝမည်။
ဝါခေါင်လ -ဥစ္စာ တိုးပွားမည်။
နတ်တော်လ -ထင်ပေါ်ကျော်စောမည်။
ပြာသိုလ -လူအများ ချီးမွမ်းမှုရမည်။
တပေါင်းလ -ချမ်းသာ ကြွယ်ဝမည်။
ကျန်ခြောက်လ တွင်ဆောက်ပါက ပျက်စီးမှုကြုံရတတ်သည်။
 



၎။ မသုံးအပ်သော သစ် (၈) မျိုး
**********************


 ရှေးမြန်မာ လူကြီးများ ကတော့ အိမ် နဲ့ပတ်သက်လာရင် သစ်ကို အလွန် စီစစ်ပါတယ်။


 ၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသော သစ် (သစ်ဆွဲချ)
၂။ သစ်ခွ သစ်ကိုင်းကြား တို့တွင်တင်နေသော သစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်း ရှုးသောသစ် (သစ်ဘီလူး)
၎။ အရင်း အဖျားရှူး ၍ အလယ်တွင်ကြီးသော သစ် (သစ်နပုန်း)
၅။ လမ်းကူးချောင်းကူး သစ် (သစ်တံတား (ခ) သစ်လမ်းကူး)
၆။ အပင် အကိုင်းချင်း ကြိတ်သော သစ် (သစ်ကြိတ်)
၇။ အပင်တွင်နွယ် ရစ်ပတ်နေသော သစ် (သစ်နဂါး)
၈။ မျက်ရည်ပေါက် ကဲ့သို့ အကွက် ထနေသော သစ် (သစ်စည်ယို)    



၅။ အိမ်ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး
********************************************


 ၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၎။ ညောင်
၅။ သစ်သျား
၆။ သီး (သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကလော
၁၀။ လက်ပံ
၁၁။ လဲ
 


၆။ အိမ်ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာများ
***************************************


၁။ တိုင်ဟောင်းကို ပန်း မဆွဲရ။
၂။ ထုပ် မစွပ်ခင် ယက်မ မတင်ရ။
၃။ တိုင်တို (ထောက်တို ကို ကြမ်းပေါ် မပို့ရ)
၎။ ကြမ်းခင်းတိုင် တွင် ဝါးမတင်ရ။
၅။ ခေါင်လျောက်ခွ တင်မပြီးခင် ကြမ်း မဖောက်ရ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ။
၇။ အိမ်ဆောက်မပြီးခင် ဝန်းမခတ်ရ။
၈။ ထုပ်လျောက် ဒိုင်းမြား ခါးပန်း တို့ကို အလယ် တည့်တည့်တွင် မဆက်ရ။
၉။ အမျိုး မတူသော သစ်ချင်း မဆက်ရ။
၁၀။ အိမ်ဟောင်း ၏ လျောက်ပေါ်တွင် အိမ်သစ် ၏ လျောက်ကို တင်၍ မဆက်ရ။
 


 ကျေးဇူးတင်ပါသည်။
အမှားပါလျှင် သည်းခံပေးပါ။
 

photo-internet
credit-orginal

အောင် မျိုးလွင်


 

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

 
365myanmar.com - Myanmar Online Shopping Mall