နင့်ကို ဘယ်တော့မှ မမေ့ပါဘူး သူငယ်ချင်း



ကျောင်းပိတ်ရက်လေး တစ်ပတ် ရသည်မှို့သားဖြစ်သူပြန်လာသော ထမင်းဝိုင်းလေး သာယာစိုပြေနေ၏ ။
၆လ မျှ မိဘနှင့် ခွဲ ၍ နယ်မြို့ တစ်မြို့၏ ဘော်ဒါဆောင် မှာ ကျောင်းတက်နေရသော သားကလေး အခု မိစုံ ဖစုံနဲ့စားနေ သော ထမင်း ချိုမိန်နေသည် ကို မိဘနှစ်ပါး မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာ ပီတိဖြစ်နေရ၏ ။

" သားလေး ရော့လေနောက်ထပ်ထည့် လေ အင်းမေမေ ထည့်ထည့် " ။
" ဟ ဟုတ်ပါ့မလား ကွာအေးရယ် မင်းသား အဲဒီ လောက် စားနိုင်ပါ့ မလား .... ကြည့်ထည့်ပေးပါအုံး အေးရယ် တော်ကြာ မင်းသား ရင်ပြည့်နေပါ့မယ် " ။

" မဟုတ်ဘူး ဖေဖေ သား စားနိုင်တယ် ဟိုမှာ တစ်နေ့လာလဲ ဘဲဥကြော်နဲ့ပဲဟင်း ချည်းပဲ ဖေဖေ ရယ် " သားမေမေ့ လက် ရာ စားချင်တာကြာပြီ "

"  အေးပါ စားနိုင်ရင် စားပါကွာ ဟဲ့ သား စားလေ ဘာလို့ ပြတင်း ပေါက်ကိုငေးငေး နေပြန်ပြီလဲ "
" ဟုတ်မေမေ ပြတင်းပေါက် မှန်အပြင် မှာ လူ လာချောင်း သလားလို့ပါ "

" ဟာ မဟုတ်တာပဲ သားရယ် မေမေ တို့ ခြံကျယ်ကြီး ဘယ်သူမှ မဝင်နိုင်ပါဘူး ။
ဟဲ့ ဆန်းထွေးး " 

" ရှင် မေမေကြီး  ကော်ဖီဖျော်ရတော့ မလား မေမေကြီး "

" မဟုတ်ဘူး နင် အပြင်မှာ လားလို့ ခဏ နေ ငါ့သား ထမင်းစားပြီးမှဖျော် ကြား လား အေးသွားမှာစိုးလို့ "
" ဟုတ်မေမေကြီးး"

" အင်းပြောလိုက်ရင်တော့ အင်းမေမေ ကြီးက အရင် ခိုင်းလိုက်ရင် တစ်လွဲ လခ ပေးရတာနဲ့မကာဘူး..
ကဲ သားလေး စားမှာသာစား ဝ ပြီလား "

" ဟုတ်မေမေ ခဏ သားပြတင်း ပေါက် အပြင်သွားကြည့် အုံးမယ် "

" ကဲကဲ ကြည့်ချင်သပ ဆိုလဲ ကြည့်ပါတော် ဆန်းထွေး မီးဖိုချောင်ထဲ မှာဆို ရင်ဘယ် သူမှ မရှိ ဘူး
ရှင့်သား မူရော မှန်သေးလား မသိဘူး အဆောင်ကနေ အပတွေ ဘာတွေ မှီလာ သလားဖေကြီးရယ် ''

" ဟာကြံကြီး စီရာကွာ ငါ့သားကို ဘာ တွေလျှောက်ပြော...   "
" ကဲပြန်လာပါပြီ ရှင့်သား "




" ကဲ့ဖေ့သား ဘာ မြင်ခဲ့လဲ တွေ့ခဲ့ လား"

" မတွေ့တော့ဘူး ဖေဖေ"

"အေး ငါတို့ခြံထဲဘယိ သူခိုးမှ မကပ်နိုင် ဘူး ကပ်ရင် လဲ ငါ့တပည့် ဟို ကောင်ကြီးနှစ်ကောင် နဲ့တင်သေမှာ "
အယ်လ်ဇေးရှင်း ခွေးကြီး နှစ်ကောင် အား ပြောခြင်းဖြစ်သည် ။


"ဟုတ်ဘူးဖေဖေ ရဲ့ သား ဂါဝန်အဖြူ နဲ့ကောင်မလေး တစ်ယောက်တွေ့ လို့ "

" ဟေ ငါတို့အိမ် တစ်သက်လုံး သရဲမခြောက်တာ မင်းနဲ့ ကျမှပဲ သရဲခြောက် တော့မလိုဖြစ်နေပြီ ...
ကဲ မင်းထွက်ကြည့်တော့တွေ့လား "


" မတွေ့ဘူး ဖေဖေ"
" အေး အဲဒါပဲလေ မင်းစိတ်က ထင်လို့ပါ "

သားဖြစ်သူ စိတ်ထဲ မတင်မကျ
" အင်းလေ ထားပါတော့ "



သူငယ်ချင်း ထထ ထပါအုံး ဟယ် .......  ငါ နင့်သူငယ်ချင်း ပါ .......  ဟင် နင်ဘယ်သူလဲ
ဒီ အထဲ နင်ဘာလို့ရောက်နေလဲ .......


အေးပါ နင် ငါ့ကို မှတ်မိဖို့လည်း မလွယ်ဘူး ထင်တယ် နင် မှတ်မိတာ မမှတ်မိ တာ အရေးမကြီးဘူး ငါ အရေးကြီး တာပြောမယ်ဟာ နင်နားထောင်ပေး နော် ........


 နေ့လည်က နင် ထမင်းစားနေတာ ငါမြင်တော့ ငါ စားချင်လိုက်တာ ငါ ဒီနေ့နဲ့ဆို ထမင်း မစားရတာ  ၂ ရက် ဖြစ်သွားပြီ ဟ ....  ငါ အငတ် မခံနိုင်တော့ဘူးဟယ် ......

 ဟေ အဲဒါဆို လဲငါ ရေခဲသေတ္တာ ထဲ က မုန့်တွေ ငါပေးလိုက်မယ်နော်
အေး ဟာ  ငါ ဝမ်းသာလိုက်တာ သယ်ငယ်ချင်းရယ်  ကျေးဇူး မမေ့ပါဘူး.......


ဟာ သူငယ်ချင်း အဲဒီ မုန့်တွေ မပေးတော့ နဲ့ ဟိုမှာ မချက် ရသေးတဲ့ ကြက်သား စိမ်း ပက်ကင်ထုပ် ငါ့ပေး ရပြီ ......  ဟာအဲဒါတော့ မဖြစ်ဘူး  မနက်မေမေသိ လိမ့်မယ် ..... မုန့်ပဲ ယူပါဟာ......
ငါ မရတော့ဘူး သူငယ်ချင်း ရယ် နင်ဆီ ငါလာတဲ့ အကြောင်းဘယ်သူမှ မပြောပါနဲ့..............
 

နင့် မိဘတွေ သိရင် ငါ့ကို နှင် ကြလိမ့် မယ် ..... ငါ အငတ် မခံနိုင်တော့ဘူး ..... ဟု ဆိုကာ ကြက်သားထုပ် ဆွဲယူ ထွက်ပြေး ပျောက်ကွယ်သွားလေ ၏ ။

ဟာ.....  အဲဒါ မယူနဲ့မယူ နဲ့ ဟာ ဒုက္ခပဲ
မယူနဲ့ မယူနဲ့ .......................



ဒုံးးဒုံးးဒုံးး
သားသား သားလေး  ဒုံးးဒုံးး  ....   အခန်းတံခါး ဖွင့်စမ်း 


" ဟုတ် "

" မင်းယောင်နေတာကြား လို့မေမေ လာနှိုးတာ မှန်း ကိုယ်လဲ မပူပါဘူး  .. "
" အင်း ... သား အိပ်မက်သလို ဘာလိုလို နဲ့မေမေ  "

" အေးအေး ဘုရားစင် က ပရိတ်ရည်  မေမေသွား ယူအုံးမယ် အဲဒါလေး နည်းနည်းသောက် အိပ်လိုက်နော် "

" ဟုတ်"

" ဟဲ့ ဆန်းထွေး "
" ရှင်မေမေကြီး "
 

" ဒီရေခဲ သေတ္တာထဲက ကြက်သား နင် ဒီနေ့ ချက် မလို့လား "
"  ဟင် သမီး မယူပါဘူး မေမေကြီး "

" ဟော ဒါဆို ဘယ်သူ ယူလဲ"
" သားဖြစ်သူ ညက အဖြစ် ကို ပြန်တွေး ပြီး စိတ် အတော် လှုပ်ရှား အံ့သြမှင် သက် မိ သွားသည် "

" ကောင်မလေး သူငယ်ချင်း ပြောသွားသော စကား ကိုပြန် မှတ်မိ သွားသည် " နင်ဘယ်သူ့ မှ မပြောပါနဲ့ ငါ့ကို  နှင်ကြလိမ့်မယ်"
" ငါ အငတ် မခံနိုင်တော့ဘူး ဟာ "



" အင်းး  ငါ့  သူ့ကို  ရင်းရင်းနှီးနှီး  သိတယ်.....   သူ ဘယ်သူလဲ ငါ .. ဘာလို့ မ မှတ်မိတာလဲ ...  တွေးရင်းက
မေမေ အဲဒါ သား ညနေက ဒီက သူ ငယ်ချင်းတွေ သားပြန်ရောက်တဲ့အထိမ်းအမှတ် အဖြစ်နဲ့ ဟင်းချက် စားချင် လို့ဆိုတာနဲ့ ပိုက်ဆံပေးရင် ဒီကောင် တွေ ဘီယာသောက်မှာ စိုးလို့သားအဲ ဒါ ပေးလိုက်တာ "


" ဟေ စောစောကပြောရော့ပေါ့ သားရယ် ...   ဒီလို ဆိုတော့လဲ ငါ့သားလေးက အတွေးကောင်းသား "


နောက်နေ့ညနေ သူငယ်ချင်း လာမှာကို သူတွေးကြောက်နေပြီ သူ့စိတ်ထဲ သနားစိတ် ကတော့
အပြည့် သား ထမင်းတွေ မကုန်ရင် ထားခဲ့ လိုက် လေ ဟဲ့ဆန်းထွေး ငါ့သား ပန်းကန် လာယူ စမ်း"


" ဟာ မဟုတ်ဘူး အမေ သားဟာ သား ပန်းကန်းဆေးတာ အကျင့်ဖြစ်နေလို့ပါ "

" ဟုတ်တယ် အေး နင့်သား စည်းကမ်း ကို နင်သွား မဖျက်ဆီး နဲ့ "

သားဖြစ်သူသည် အားလုံး မသိအောင် ထမင်းနှင့် ဟင်း များနယ် ၍ ခြံစည်းရိုး
ထောင့် တစ်နေရာတွင် ပုံထားခဲ့၏ ။


ည သန်းခေါင်ကျော် အချိန် အိပ်မက် လေလား ဘာလားတော့ မသိ မနေ့က အတိုင်း လာပြန်ပါပြီ

 " သူငယ်ချင်း ငါလေနင့် ကို aကျးဇူးတင်လိုက်တာ ဟယ် ဟိုး အရင်ထဲက အာဘွားလေးပေးချင်
ခဲ့တာ အခုတော့ ငါပေးခွင့်ရပြီ "
 

အာဘွား ဟု ဆိုကာ ဘာတစ်ခုမျှ မတောင်းမယူ ပါပဲပြန်ထွက် သွားလေ သည် ။

မနက် မိုးလင်းတာနှင့် သားဖြစ်သူ သူ ပုံထားခဲ့သော ထမင်းပုံ မှာ မည်သည့် အကောင်မျိုး စားသည် မသိ ထမင်း တစ်စေ့တောင် မကျန်တာတော့ သေချာပါသည် /

" ကဲသား အဝတ်စားတွေ စုံပြီလား ....  စုံရင် ဘုရားဦးတိုက် လိုက်ဦး မေကြီး ကားပေါ်တက် နှင့် ရေသန့်
ဘူးတွေ ထည့်ယူခဲ့နော် .... ကားက  သုံးနာ ရီလောက်မောင်းမှ သူတို့ မြို့က အဆောင် ကို ရောက်မှာ။




~~~ မြို့မှ ကြိုဆို ပါ၏
ကျောင်းပိတ်ရက် တစ်ပတ်ပြည့်လို့ ဘော်ဒါ အဆောင်သူ အဆောင်သား အားလုံး စုံလင် စွာ ရောက် ရှိနေသော် လည်း အဆောင် မှာ အားလုံး ယခင် လို လူငယ်များ စာကျက်သံ ဆော့က စားသံ မကြား ရ ပဲ တိတ်ဆိတ်ငြိမ် သက်နေသည်မှာ ထူးခြားနေသည် ။

မိဘ ၂ ပါး မှာ အထုပ်များ ချသော အခါ အတူနေ သူငယ်ချင်းများ အထုပ်ဝိုင်းကူ သယ်ပေးသော်ငြား အားလုံး မျက်နှာမကောင်း ..... 

ထိုအချိန် မိန်းကလေး အဆောင်ဘက် မှ ဘုန်းကြီး တရားနာ ပရိတ် ရွတ်နေ သော အသံကို ကြားလိုက် ရ သည် ။ 

သူ မမေးခင် အချိန်မှာပဲ သူ၏ သူငယ် ချင်း တစ်ယောက် က အလိုက်သိစွာ ပြောလိုက်လေတော့
သူ မယုံနိုင်စရာ အမော့ဆို့ ရပါပြီ ။

"  ဟုတ်တယ် သူငယ်ချင်း မင်းကို သိပ်ခင် တဲ့ မင်း သူငယ်ချင်း နွေးနွေး သေရှာ ပြီကွာ "

" ဟယ် ဘာဖြစ်လို့လဲ ကလေးရယ် "
အမေဖြစ်သူမှ ဝင်မေးလိုက်သည် ။


" သားတို့ ၇ ရက်ကျောင်းတွေ ပိတ်လို့ အားလုံး သူ့အိမ် သူပြန်ကြ တာ....  နွေးနွေး တို့ ရွာ ရေ တွေ ကြီးနေတော့ သူများကို ကယ်ရင်းလှေမှောက်ပြီး ဆုံး သွားတာတဲ့ အန်တီ"

" ဟယ် ကောင်းရာဘုံဘဝ လားပါစေ "
" သားဆီကို  သူလာသွားတယ် အမေရယ် "ဆိုကာ ထိုင်ငိုနေရှာတော့သည် ။

ဆရာမ စာပြနေသော ဘလက်ဘုတ် သို့ ဆယ်တန်းကျောင်းသား လေးတစ် ယောက် မျက်လုံးရော စိတ်ပါ မဝင်စားတော့ပါ ။ သွားလေသူနွေးနွေး ထိုင်သော ခုံလေး ကိုကြည့်၍ တစ်ချိန် က ညမိုးချုပ်လေ မှ ဗိုက်ဆာ
လို့ မုန့်ဝယ်ပေးဖို့ ပူဆာ ခဲ့ပုံ.........


နွေးနွေး အတွက် အဆောင်မှ ခိုးထွက် .. .. မုန့်ဝယ်ပေးလို့ မနက် ကျောင်းအုပ် ကြီးမှ စည်းကမ်းဖေါက်မှု့ နဲ့ အရိုက်ခံ နေရသော သူ့အားကြည့်၍ ငိုနေရှာ သောနွေးနွေး ၏ ပုံရိပ် တို့သာမျက်စိ ထဲ မြင်နေရတော့၏ ။




အားလုံးကျမ်းမာပျော်ရွှင်ပါစေ
Credit-ဈာန်ရဲ



ပရလောကမှ ရှားပါးမှတ်တမ်းများ
 
 

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall