စိတ္အျပင္မထြက္ေအာင္ေစာင့္ေရွာက္နည္း / စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း

 


တရားထိုင္တဲ့အခါ စိတ္ဟာ ထားတဲ့အာ႐ုံမွာ မေနပဲ ပ်ံ႕လြင့္ ေျပးလႊားေနတတ္တဲ့သေဘာရွိပါတယ္။ ‌


စိတ္အျပင္ထြက္တိုင္း ‌သတိေလးနဲ႔  ျပန္ျပန္ထိန္းေနရင္လည္း ျဖစ္ပါတယ္။ ဒါေပမဲ့ စိတ္ကေလးတည္ၿငိမ္မွ ‌သမာဓိျဖစ္ၿပီး, သမာဓိျဖစ္မွမိမိခႏၶာရဲ႕ျဖစ္ပ်က္ေတြကို ျမင္ႏိုင္ပါတယ္။ ‌ ‌


စိတ္ အျပင္မထြက္ေအာင္ေစာင့္ေရွာက္တဲ့နည္းေလးကိုေက်းဇူးေတာ္ရွင္ မိုးကုတ္ဆရာေတာ္ႀကီးက ဆီခြက္ ဥပမာေလး ‌ေပးၿပီး ရွင္းျပထားပါတယ္။ ‌ ‌ ‌


ေသမိန႔္က်ထားတဲ့ ရာဇဝတ္သားတစ္ေယာက္ကို ‌ရွင္ဘုရင္က အခြင့္အေရးတစ္ခုေပးထားပါတယ္။ ‌တစ္ပိႆာ ဆီအျပည့္ရွိတဲ့ ဆီခြက္ကိုကိုင္ၿပီး ‌ရာဇဝတ္သားကို ေရွ႕က သြားခိုင္းပါတယ္။ ‌ ‌လူသတ္သမားငါးေယာက္ကိုလည္းေနာက္ကေန ဓားထမ္းၿပီး လိုက္ခိုင္းပါတယ္။ ‌ဆီတစ္စက္ဖိတ္ရင္ ဖိတ္တဲ့ေနရာမွာ သတ္ေစလို႔ အမိန႔္ေပးလိုက္တယ္။ ‌ ‌


ေနာက္ၿပီး အလြန္နာမည္ႀကီးၿပီး ‌စည္ကားလွတဲ့လူေတြ ‌ႀကိတ္ႀကိတ္တိုးေနတဲ့ဇာတ္ပြဲတစ္ခုကို ျဖတ္သြားရမယ္။ ‌ ‌ဇာတ္ပြဲကိုလြန္ၿပီးရင္လူစည္ကားၿပီး မူးရမ္းဆိုးသြမ္းေနၾကတဲ့အရက္ဆိုင္ထဲက ျဖတ္သြားရမယ္လို႔ အမိန႔္ခ်ပါတယ္။ ‌ ‌


ဒီကပြဲသဘင္နဲ႔ အရက္ဆိုင္လြန္လို႔မွ ဆီမဖိတ္ရင္ ‌ေသမိန႔္မွလြတ္ေစလို႔လည္း ‌အမွာစကား ရွိထားပါတယ္။ ‌ ‌မိမိတို႔လည္း ‌ဇာတိတစ္ခု ရလာၿပီးကထဲကေသမိန႔္က က်ခဲ့ၿပီးသားပါ။ခႏၶာငါးပါးလို႔ေခၚတဲ့ လူသတ္သမား ‌ငါးေယာက္ကလည္း ပါလာၿပီးသား။ ‌ ‌စိတ္ဆိုတဲ့ဆီခြက္ကို ‌ဘယ္လိုထိန္းမလဲ။


မိမိတို႔ တရားထိုင္တဲ့အခ်ိန္မွာ ‌လူသတ္သမားငါးေယာက္နဲ႔ တိုက္ပြဲဝင္ေနတယ္လို႔ သေဘာထားပါ။ ‌ ‌မိမိတို႔ျဖတ္သန္းရမဲ့ ဇာတ္သဘင္ပြဲနဲ႔ အရက္ဆိုင္ဆိုတာ သုခနဲ႔ ဒုကၡဆိုတဲ့ေမ်ာလမ္း နဲ႔ ျမႇဳတ္လမ္းပါ။


မိမိစိတ္ဆိုတဲ့ ဆီခြက္ကို ‌ဝင္ေလ ထြက္ေလေလးကို ‌သတိ ပညာနဲ႔ ‌မွန္မွန္ရႈရင္း မေနာမွာ ထားပါ။ ဝင္ေလနဲ႔ ထြက္ေလရႈေနရင္း ‌မေတာ္တစ္ဆ ပ်ံ႕လြင့္သြားရင္ ‌ဆီခြက္ကို ျမန္ျမန္ျပန္တည့္သလို ‌ပ်ံ႕လြင့္တဲ့စိတ္ကေလးကို ‌သတိနဲ႔ျပန္ထိန္းပါ။ ‌

 ‌

ရာဇဝတ္သားဟာ ‌ဆီခြက္မဖိတ္စင္ဖို႔အတြက္ ‌ဘယ္ေလာက္ ပဲ သာယာတက္မက္ဖြယ္ျဖစ္တဲ့ ကိေလသာအာ႐ုံေတြကိုလည္း ဂ႐ုမစိုက္ပါဘူး။ ဆီခြက္အေပၚမွာသာ သတိထားၿပီး ‌ထိန္းထားပါတယ္။ ‌ ‌


ရာဇဝတ္သားဟာ ‌ဆိုးသြမ္းမူးရမ္းေနၾကတဲ့ အရက္ဆိုင္ထဲက ျဖတ္သြားေပမဲ့ မိမိအေပၚက်ေရာက္လာမဲ့ အႏၲရယ္ေတြကိုလည္း ဂ႐ုမစိုက္ပါဘူး။ ‌ဆီခြက္မဖိတ္စင္ဖို႔ကိုသာ အဓိကထားၿပီး ‌သတိနဲ႔ေစာင့္ေရွာက္သလို....

မိမိတို႔လည္း ‌စိတ္ဆိုတဲ့ဆီခြက္ကေလး ‌မဖိတ္စင္ဖို႔ သတိေလးဉာဏ္ေလးနဲ႔ ထိန္းၿပီး ဝင္ေလနဲ႔ထြက္ေလၾကားမွာ ေဘာင္ ခတ္ထားပါ။


 ေတြးစိတ္ ႀကံစိတ္ေတြ ဝင္လာတာနဲ႔ ဆီခြက္ေစာင္းၿပီဆိုၿပီး ျပန္တည့္ပါ။ ‌ ‌သုခနဲ႔ဒုကၡ လမ္းႏွစ္ခု၊ အလယ္ကသြားရင္ မဂၢင္လမ္းမေပၚက တစ္ဆင့္ ‌အေသလြတ္တဲ့ေနရာကို ‌ေရာက္ပါလိမ့္မယ္။


ေက်းဇူးေတာ္ရွင္မိုးကုတ္ဆရာေတာ္ဘုရားႀကီး ဝိပႆနာ အေျခခံအလုပ္ေပးတရားမ်ားမွ ဓမၼဒါနျပဳပါသည္။


-CRD-🙏  Original uploader




တရားထိုင်တဲ့အခါ စိတ်ဟာ ထားတဲ့အာရုံမှာ မနေပဲ ပျံ့လွင့် ပြေးလွှားနေတတ်တဲ့သဘောရှိပါတယ်။ ‌

စိတ်အပြင်ထွက်တိုင်း ‌သတိလေးနဲ့  ပြန်ပြန်ထိန်းနေရင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကလေးတည်ငြိမ်မှ ‌သမာဓိဖြစ်ပြီး, သမာဓိဖြစ်မှမိမိခန္ဓာရဲ့ဖြစ်ပျက်တွေကို မြင်နိုင်ပါတယ်။ ‌ ‌

စိတ် အပြင်မထွက်အောင်စောင့်ရှောက်တဲ့နည်းလေးကိုကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးက ဆီခွက် ဥပမာလေး ‌ပေးပြီး ရှင်းပြထားပါတယ်။ ‌ ‌ ‌

သေမိန့်ကျထားတဲ့ ရာဇဝတ်သားတစ်ယောက်ကို ‌ရှင်ဘုရင်က အခွင့်အရေးတစ်ခုပေးထားပါတယ်။ ‌တစ်ပိဿာ ဆီအပြည့်ရှိတဲ့ ဆီခွက်ကိုကိုင်ပြီး ‌ရာဇဝတ်သားကို ရှေ့က သွားခိုင်းပါတယ်။ ‌ ‌လူသတ်သမားငါးယောက်ကိုလည်းနောက်ကနေ ဓားထမ်းပြီး လိုက်ခိုင်းပါတယ်။ ‌ဆီတစ်စက်ဖိတ်ရင် ဖိတ်တဲ့နေရာမှာ သတ်စေလို့ အမိန့်ပေးလိုက်တယ်။ ‌ ‌

နောက်ပြီး အလွန်နာမည်ကြီးပြီး ‌စည်ကားလှတဲ့လူတွေ ‌ကြိတ်ကြိတ်တိုးနေတဲ့ဇာတ်ပွဲတစ်ခုကို ဖြတ်သွားရမယ်။ ‌ ‌ဇာတ်ပွဲကိုလွန်ပြီးရင်လူစည်ကားပြီး မူးရမ်းဆိုးသွမ်းနေကြတဲ့ အရက်ဆိုင်ထဲက ဖြတ်သွားရမယ်လို့ အမိန့်ချပါတယ်။ ‌ ‌

ဒီကပွဲသဘင်နဲ့ အရက်ဆိုင်လွန်လို့မှ ဆီမဖိတ်ရင် ‌သေမိန့်မှလွတ်စေလို့လည်း ‌အမှာစကား ရှိထားပါတယ်။ ‌ ‌မိမိတို့လည်း ‌ဇာတိတစ်ခု ရလာပြီးကထဲကသေမိန့်က ကျခဲ့ပြီးသားပါ။ခန္ဓာငါးပါးလို့ခေါ်တဲ့ လူသတ်သမား ‌ငါးယောက်ကလည်း ပါလာပြီးသား။ ‌ ‌စိတ်ဆိုတဲ့ဆီခွက်ကို ‌ဘယ်လိုထိန်းမလဲ။

မိမိတို့ တရားထိုင်တဲ့အချိန်မှာ ‌လူသတ်သမားငါးယောက်နဲ့ တိုက်ပွဲဝင်နေတယ်လို့ သဘောထားပါ။ ‌ ‌မိမိတို့ဖြတ်သန်းရမဲ့ ဇာတ်သဘင်ပွဲနဲ့ အရက်ဆိုင်ဆိုတာ သုခနဲ့ ဒုက္ခဆိုတဲ့မျောလမ်းနဲ့ မြှုတ်လမ်းပါ။

မိမိစိတ်ဆိုတဲ့ ဆီခွက်ကို ‌ဝင်လေ ထွက်လေလေးကို ‌သတိ ပညာနဲ့ ‌မှန်မှန်ရှုရင်း မနောမှာ ထားပါ။

ဝင်လေနဲ့ ထွက်လေရှုနေရင်း ‌မတော်တစ်ဆ ပျံ့လွင့်သွားရင် ‌ဆီခွက်ကို မြန်မြန်ပြန်တည့်သလို ‌ပျံ့လွင့်တဲ့စိတ်ကလေးကို ‌သတိနဲ့ပြန်ထိန်းပါ။ ‌
 ‌
ရာဇဝတ်သားဟာ ‌ဆီခွက်မဖိတ်စင်ဖို့အတွက် ‌ဘယ်လောက် ပဲ သာယာတက်မက်ဖွယ်ဖြစ်တဲ့ ကိလေသာအာရုံတွေကိုလည်း ဂရုမစိုက်ပါဘူး။ ဆီခွက်အပေါ်မှာသာ သတိထားပြီး ‌ထိန်းထားပါတယ်။ ‌ ‌

ရာဇဝတ်သားဟာ ‌ဆိုးသွမ်းမူးရမ်းနေကြတဲ့ အရက်ဆိုင်ထဲက ဖြတ်သွားပေမဲ့ မိမိအပေါ်ကျရောက်လာမဲ့ အန္တရယ်တွေကိုလည်း ဂရုမစိုက်ပါဘူး။ ‌ဆီခွက်မဖိတ်စင်ဖို့ကိုသာ အဓိကထားပြီး ‌သတိနဲ့စောင့်ရှောက်သလို....
မိမိတို့လည်း ‌စိတ်ဆိုတဲ့ဆီခွက်ကလေး ‌မဖိတ်စင်ဖို့ သတိလေးဉာဏ်လေးနဲ့ ထိန်းပြီး ဝင်လေနဲ့ထွက်လေကြားမှာ ဘောင် ခတ်ထားပါ။

 တွေးစိတ်ကြံစိတ်တွေ ဝင်လာတာနဲ့ ဆီခွက်စောင်းပြီဆိုပြီး ပြန်တည့်ပါ။ ‌ ‌သုခနဲ့ဒုက္ခ လမ်းနှစ်ခု၊ အလယ်ကသွားရင် မဂ္ဂင်လမ်းမပေါ်ကတစ်ဆင့် ‌အသေလွတ်တဲ့နေရာကို ‌ရောက်ပါလိမ့်မယ်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး ဝိပဿနာ အခြေခံအလုပ်ပေးတရားများမှ ဓမ္မဒါနပြုပါသည်။

-CRD-🙏  Original uploader

Comments

Popular posts from this blog

ရာသီဖြား အေဟာ - မဟာဘုတ္ ေဗဒင္ပညာ

ကမ္းေဇာ္ဆီ ႏွင့္ ကင္ဆာ ေရာဂါ

Laptop တစ္လုံး ဝယ္ေတာ့မယ္ဆိုရင္

အဘဆရာၾကီး မင္းသိခၤ ေၿပာျပတဲ့ ဂဏန္းေဗဒင္

ဒီလို နိမိတ္ေတြ ျမင္ရင္ မေကာင္းဘူး

အိပ္မက္ အမ်ိဳးမ်ိဳးႏွင့္ အသားလႈပ္ နိမိတ္

အမ်ိဳးသား အဂၤါ ေယာင္ရမ္းျခင္း (သို႔) ေဘာက်ျခင္း အတြက္ တန္ဖိုး ရွိတဲ့ ေဆးနည္း

အိမ္​ ႏွင္႔ ေလာကီပညာ

တဏွာစိတ္ေတြ ထိန္းလို႔ မရေအာင္ျဖစ္ေနတဲ့ အပ်ိဳေဖာ္၀င္စ မိန္းကေလး တစ္ေယာက္

လူအမ်ား သိၾကသည့္ ခုႏွစ္စဥ္ၾကယ္

 
365myanmar.com - Myanmar Online Shopping Mall