သားသမီးလေးတွေ စိတ်ရော ကိုယ်ပါ လုံခြုံစေဖို့ မိဘများ လိုက်နာ သင့်သော နည်းလမ်း (၇) သွယ်


 
How to protect your children



အရင်က သမီးလေးများ စိတ်ရော ကိုယ်ပါ လုံခြုံစေဖို့ လိုက်နာသင့်သော အချက်များကို ဘာသာပြန်ရေး သားဖော်ပြ ခဲ့ရာ သားလေးတွေ အတွက်လည်း ရေးသားပေးဖို့ တောင်းဆို သူများရှိသည့် အတွက် ပိုမို အသေး စိပ် ကျပြီး အရွယ်ငယ်ငယ် ကနေ မူလတန်း၊ အလယ်တန်း အရွယ်ထိ ကလေးများ အားလုံးအတွက် သင့်တော်သော နည်းလမ်း များကို ဘာသာပြန်ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၁) မိသားစု ထဲမှာ လျှို့ဝှက်ချက် မထားရ စနစ်ကို ဖန်တီးပါ။
ကလေးကို မဖွယ်မရာပြုလုပ်တတ်သူတွေဟာ ကလေး ကို ဒီကိစ္စ ကို လျှို့ဝှက်ထားဖို့ပြောလေ့ရှိကြပါတယ်။ ကလေး က သဘောကျ အထင်ကြီးအောင် မိမိတို့နှစ်ယောက်တည်းကြား က သီးသန့် လျှို့ဝှက်ချက် ဟု ပြော ထား တတ်ကြပါတယ်။ 

ဒါကြောင့် ကလေး ကို သူများက လျှို့ဝှက်ချက် တစ်ခုပြောတိုင်း မိသားစုကို ချက်ချင်း လာပြော တတ်အောင် လေ့ ကျင့်ပေးထား ရပါမယ်။ လျှို့ဝှက်ချက် ဆိုတာ ပျော်စရာတစ်ခု မဟုတ်ဘူး။ ဘာပဲ သိ လာလာ ဖေဖေ ၊မေမေ ကို ချက်ချင်းလာပြောရမှာဖြစ်ကြောင်း ထပ်ခါထပ်ခါ သင်ကြားပေးရပါမယ်။


(၂ ) တစ်စိမ်းတွေ အိမ်နီးချင်းတွေ နဲ့ ရင်းရင်းနှီးနှီးနေဖို့ ကလေး ကို မတိုက်တွန်းပါနဲ့
မိဘ အများစုက မိမိကလေးကို အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ နဲ့ ရင်းရင်းနှီးနှီး ဖက်ရမ်းနှုတ်ဆက်ဖို့ တိုက် တွန်း တတ်ကြပါတယ်။ မိဘတွေ က ရိုးရှင်းတဲ့ အတွေးနဲ့ပြုလုပ်တာ ဆိုပေမဲ့ ကလေးက လူကြီးတွေ ကို နမ်းပြီးနှုတ်ဆက် ဖို့ ဖက်ပြီးနှုတ်ဆက် ဖို့ ငြင်းဆန်နေတဲ့ အခါ အကြောင်း တစ်ခုခု ရှိလို့လား လေ့လာ စုံစမ်း သင့်ပါတယ်။ 

မိဘ အများစုက မိမိ တို့ရဲ့ကလေး ဟာ သူများရဲ့အချစ်ကို ခံရဖို့ ကြင်နာ တတ်ကြောင်းပြသဖို့ လိုတယ် လို့ထင်တတ်ကြပါတယ်။ ကလေး ရဲ့စိတ်ထဲမှာ ထိုသူနဲ့ လက်ပွန်းတစ်တီးနေရတာကို စိတ်ထဲကြောက်နေ တာ၊ မလုံခြုံတာမျိုး လည်းဖြစ်နေနိုင်ကြောင်း သတိပြုပါ။ 

တစ်ခြား သူထက် မိမိ ကလေးရဲ့ စိတ်ခံစားမှု ကိုသာ အထူး သတိပြု အလေးပေးပါ။ ကလေး ဘာလို့ အဲဒီလို မလုပ်ချင်တာလဲ အေးအေးဆေးဆေးချော့မော့ပြီးမေးပါ။ သူ မလုပ်ချင်တာကို အတင်း မခိုင်းပါနဲ့။



(၃) ကလေး ကို ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အကြောင်း ဆွေးနွေးပေးပါ
ကလေး ခပ်ငယ်ငယ် ကတည်းက သူ့ရဲ့အရွယ် နဲ့ နားလည်နိုင်မယ့် စကားလုံးတွေ ကို အသုံးပြုပြီး ခန္ဓာ ကိုယ် အကြောင်း ပညာပေးတွေပြောပြပါ။ မိမိ အနေနဲ့ ကလေး ကို သိစေချင်သမျှ ကို ရိုးရိုးရှင်း ရှင်းပြောပြပြီး သူတို့ရဲ့ခန္ဓာကိုယ် မှာ သူများ ကိုင်တွယ်ခွင့် မရှိတဲ့ အစိတ်အပိုင်းတွေ ရှိကြောင်း သေချာပြောပြ ပါ။ 

 ဖေဖေ၊မေမေ နဲ့ ဆရာဝန်တွေ ကသာ တစ်ခါ တစ် လေ ကြည့်ရှု ကိုင်တွယ်ခွင့် ရှိကြောင်း ၊ရေကူး ၀တ်စုံ ၀တ်တဲ့ အခါ ဖုံးထားရတဲ့ အပိုင်းတွေဟာ လေးစား ရမယ့် အစိတ်အပိုင်းတွေဖြစ်ကြောင်း ပြောပြပါ။

(၄) အစမ်းလေ့ကျင့်ပြောဆိုပေးပါ
မိဘ အများစုဟာ ကလေးကို မဖွယ်မရာပြုမူခြင်း ဆိုတာ ဘာလဲ ရှင်းပြဖို့ တွန့်ဆုတ်လေ့ ရှိကြပါ တယ်။ အမှန် တကယ်လည်း ကလေးကို သေချာရှင်းပြဖို့ မသင့်တော်တဲ့ အပြင် နားလည်ဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် သူများ က ကလေး ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ကို ထိတွေ့ဖို့ တောင်းဆိုတဲ့ အခါ ငြင်းဆန် တတ်ဖို့ လက်တွေ့လေ့ကျင့်ပါ။ 

ဥပမာ - အမေ က “မင်းရဲ့ တင်ပါး ကို ကိုင်လို့ရမလား”လို့ မေးပြီး ကလေး ကို “မရဘူး”လို့ ချက်ချင်း အကျယ်ကြီးပြန်ဖြေခိုင်းပါ။ တခြားအစိတ် အပိုင်းတွေကိုပါ ထပ်မေးပြီး ထပ်ခါ ထပ်ခါလေ့ကျင့်ပေးပါ။


(၅) ခံစားချက် အကြောင်းကို သင်ပေးပါ
စိတ်ထဲမှာ လုံခြုံပြီး သက်တောင့်သက်သာ ရှိတဲ့ ခံစားချက်နဲ့ မလုံခြုံတဲ့ ခံစားချက် တို့ ကွဲပြားကြောင်း သင် ကြားပေးပါ။ ကလေး ကို ငယ်ငယ် ကတည်းကပြောပြထားလေ၊ ထို ခံစားချက်ကို ပိုသိလေဖြစ်ပြီး မိမိ ကိုယ် ကို ပိုမို ကာကွယ် တတ်လာစေပါတယ်။ 

ကလေးတွေဟာ လူ တစ်ဦးတစ်ယောက်ပေါ် သူတို့ခံစားမိသမျှ ကို ရင်ဖွင့်လာတဲ့ အခါ ထူးဆန်းတဲ့ အသုံး အနှုန်းတွေ နဲ့ ပြောတတ်ပေမဲ့ နားလည်အောင်ကြိုးစားပါ။ တစ်ယောက်ယောက် ကို ရွံစရာကြီး၊ ကြောက် စရာကြီး လို့ပြောလာတဲ့ အခါ အဓိပ္ပာယ် ကို သေချာ ခွဲခြမ်းစိတ်ဖြာပါ။ 

ကလေးတွေ ဟာ မဖွယ်မရာပြုလုပ် ခံရတဲ့ အခါ ပြောလေ့ မရှိကြတာဟာ ကြောက်လို့လည်းဖြစ်နိုင်သလို ရှက်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ တစ်ခုခု မှားနေကြောင်း ခံစားမိတဲ့ အခါ အလွန်ရှက်ပြီး ပိုမိုနှုတ် ဆိတ်နေ တတ်ကြပါတယ်။ ဒါကြောင့် တစ်ခုခုတွေ့ကြုံတဲ့ အခါ ရှက်စရာ မလိုကြောင်း၊ ပွင့်ပွင့် လင်းလင်းပြောပြပြီး ဖြေ ရှင်းဖို့သာ လိုကြောင်းပြောပြထားပါ။

(၆) ကလေးနဲ့ မိမိကြား စကားဝှက် တစ်ခု တီထွင်ထားပါ
ကလေး ရဲ့ စိတ်မှာ မလုံမခြုံ ခံစားလာရတဲ့ အခါ မိဘ ကို အသိပေးဖို့ စကားဝှက် တစ်ခုထားပါ။ ကလေးပြောနေ ကျဖြစ်တဲ့ “သား အရုပ်လေးနဲ့ဆော့ချင်တယ်” စတဲ့ စကားဝှက်မျိုးကို သုံးပါ။ ထို အခြေ အနေ မျိုးက သူများအိမ် သွားလည်နေတဲ့ အချိန်၊ ပွဲလမ်းသဘင် သွားတဲ့ အချိန်၊ မိသားစုတွေ စုဝေးချိန်မျိုး မှာ ဖြစ်တတ်လေ့ ရှိပါတယ်။ 

မိဘဆီ ကို ချက်ချင်း လာပြီး လွတ်လပ်စွာပြောနိုင်ကြောင်း၊ မိဘ ကလည်း ချက်ချင်း ကာကွယ်ဖြေရှင်းပေး မည်ဖြစ်ကြောင်း သေချာပြောပြထားပါ။ အမှန်တကယ် လည်း ချက်ချင်း ကာကွယ်ဖြေရှင်းပေးပါ။

(၇) ကလေး ကို အမြဲတမ်း ယုံကြည်ကြောင်း ပြောပြထားပါ
မိမိကလေး ကို မိမိ ယုံကြည်ကြောင်း ပြောပြ ဖို့ဟာ အရာရာတိုင်း အတွက် အရေးကြီးလှပါတယ်။ ကလေး   ရဲ့ ပြော စကားဟာ ဘယ်လောက်ပဲ အလန့်တကြားဖြစ်နေပါစေ ယုံကြည်ကြောင်း ကို ပြောဖြစ်အောင်ပြောပေး လိုက်ပါ။ 

မဖွယ် မရာပြုလုပ်သူတွေ ဟာ ထို ကိစ္စကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလို့ ကလေးကို ခြိမ်းခြောက် ထား တတ် တဲ့ အတွက် ဘာကိုပဲဖြစ်ဖြစ် ယုံကြည်ကြောင်း ကလေးကို ပြောပြထားဖို့ အရေးကြီးလှပါတယ်။


လူ့ဘ၀ ရဲ့ အစနုနယ်တဲ့ ဘ၀မှာ သားသားလေး မီးမီးလေး တို့ ပျော်ရွှင်ချမ်းမြေ့ အန္တရာယ်ကင်းကြပါစေ။

Translated by: 

Win Pa Pa San
 
 http://www.searchmyanmar.com/link/frame/cid/51015
 
 

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall