ကလေးတွေ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်ပွားနေပြီ ဆိုရင် ၀မ်းပျက်ဝမ်းလျှော ရောဂါဆိုတာ


ကလေးများ ၀မ်းပျက် ၀မ်းလျောရောဂါနှင့် ပတ်သက် ၍ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ရောဂါနှင့် ပတ်သက်သည်များ အား ဆရာဝန်ကြီး မှ အောက်ပါ အတိုင်းအသိပေး ပြောကြားခဲ့သည်။

တစ်ချို့က ၀မ်းပျက် ၀မ်းလျှော ရောဂါကို အထက်လှန်အောက်လျှော ရောဂါလို့လဲခေါ်တယ်။ နောက်တစ် မျိုးက အစာ အဆိပ်သင့်တဲ့ရောဂါ လို့လဲ ခေါ်ပါတယ်။

ဝမ်းပျက် ၀မ်းလျှောရောဂါ က အူလမ်းကြောင်း မသန့်လို့ဖြစ်တဲ့ ရောဂါ ပါ။ အူလမ်းကြောင်း အဓိက မသန့် ရတဲ့ အကြောင်းအရင်း က တစ် ကိုယ်ရေ သန့်ရှင်းရေး ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ လည်း ဆိုင်ပါတယ်။ 

တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်း ကျင် သန့်ရှင်းမှု မရှိတဲ့နေရာတွေ မှာ ကလေးများ အတွက် ၀မ်းပျက် ၀မ်း လျှောရောဂါ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။


ဝမ်းပျက် ၀မ်းလျှောရောဂါ မဖြစ်အောင်

ဝမ်းပျက် ၀မ်းလျှောရောဂါ မဖြစ် အောင် ကလေးများ အစာ မစားခင် (သို့) ကလေးငယ်များ ကို အစား မကျွေး ခင် မှာလက်ကို စင်ကြယ်အောင် ဆေးသင့် သလို ကလေး ကို အစာခွံ့ ကျွေးကာနီး အချိန် မှာတော့ လက်ကို အသန့်ရှင်းဆုံးဖြစ်အောင် ဆောင် ရွက်ထားသင့်ပါတယ်။

ဝမ်းပျက် ၀မ်းလျှောရောဂါ ကာကွယ် နိုင်ဖို့ အတွက် ကလေးတွေ ကို လက် နဲ့ အစာခွံ့ကျွေးခြင်း ထက် ဇွန်းနဲ့ အစာ ခွံ့ကျွေးခြင်းကရောဂါ အန္တရာယ် ဖြစ်ပွားနိုင်ချေ ကို အဓိက ကာကွယ် ပြီးသားဖြစ်ပါတယ်။ 

ကလေးငယ် တွေကို လတ်ဆတ်ပြီး ပူနွေးသည့် အစားအစာ များ ကို ကျွေးသင့်ပါ တယ်။ ရေအေး ကရောဂါ ပိုး ကို ၀င် စေနိုင်လို့ ရေကို ကျိုချက်ပြီးတိုက်ပါ။ ကလေးကို အစာကျွေးတဲ့ အခါ ပိတ် စိမ်းပါးနဲ့ တိုက်ပြီး မကျွေး သင့် သလို ၀ါးပြီးတော့ လည်း မကျွေးသင့်ပါဘူး။ 

ဝမ်း မသွားစေဖို့ ဘယ်လို အစားအစာ ကို ရှောင်ကြဉ်သင့် သလဲ.........
အဓိကရောဂါဖြစ်ရတဲ့ အကြောင်း အရင်းက မသန့်တဲ့ အစာကြောင့်ဖြစ် သလို မလတ်ဆတ်တဲ့ အစာ၊ မသန့် တဲ့ရေ၊ အချဉ် နဲ့ စားရတဲ့ အကင်ချောင်း၊ အကြော်၊ ဒုတ်ထိုး၊ အသုပ်စုံတွေကြောင့် ၀မ်းပျက် ၀မ်းလျှောရောဂါဖြစ် တာ မို့ ရှောင်ကြဉ်သင့်ပါတယ်။



နို့စို့ ကလေး ၀မ်းပျက်ရင်

နို့ဘူးနှင့်နို့သီးခေါင်း သန့်ရှင်းမှု မရှိခြင်း၊ ကလေး ကို ခွံ့ကျွေးသည့် လူကြီး လက်သန့်ရှင်းမှု မရှိခြင်း ကြောင့် အဓိကဖြစ်တတ်လို့  နို့ဘူး၊ နို့သီးခေါင်း နဲ့ ထမင်းကျွေး တဲ့ လူကြီး ရဲ့လက်သန့်ရှင်း ဖို့ အရေးကြီးပါ တယ်။


ရောဂါ ဘယ်လိုဖြစ်သလဲ
မသန့်တဲ့ အစာကို ကလေးက စား မိရင် အဲဒီ အစာက အူလမ်းကြောင်း ကို ရောက်သွားပြီ ဆိုရင် အူနံရံတွေ ကို အဆိပ် အတောက် ဖြစ်စေပါ တယ်။ အူနံရံကို ပျက်စီးစေတဲ့ အတွက် ကလေး အနေနဲ့ မစားချင် မသောက် ချင်တွေဖြစ်လာပါမယ်။


ဝမ်းပျက်ရခြင်းရောဂါ လက္ခဏာများ
ပျို့မယ်၊ အန်မယ်၊ ပိုး အရှိန် ကြောင့်မို့လို့ ကလေး အနေနဲ့ ကိုယ်ပူ မယ်၊ ဗိုက်ရစ်မယ်၊ ဗိုက်နာမယ်၊ ၀မ်း သွား ရင် အရည် သွားမယ်၊ အရည် ရော အဖတ်ရော သွားမယ်၊ ချွဲပါမယ်၊ သွေးပါမယ်၊ ၀မ်း ခဏခဏသွားမယ်။


ရောဂါ အဖြစ်ပွားဆုံး အချိန်
မိုးတွင်း နဲ့ ဆောင်းတွင်းပါ။ အဖြစ်များဆုံး ကာလက မိုးတွင်းပါ။ ဒုတိယ အဖြစ်များဆုံး ကာလက ဆောင်းတွင်း ပါ။ ကျန်တဲ့ အချိန်တွေ မှာလည်းဖြစ်တတ်ပါတယ်။ အဓိက က ချိုတဲ့ အသီးပေါ်တဲ့ အချိန်မျိုးမှာ ပိုပြီးဖြစ်ပွား တတ် ပါတယ်။


ရောဂါပြင်းထန်ပြီ ဆိုရင် နောက်ဆက် တွဲဆိုးကျိုးများ

ဝမ်းပျက် ၀မ်းလျှောရောဂါက နေ ၀မ်းကိုက်ရောဂါ အသွင် ကိုပါ ကူးပြောင်း သွားနိုင်ပြီး ကလေးရဲ့ အသည်း ကို ပါ ထိခိုက်နိုင်ပါတယ်။ အသည်း မှာ ပြည်တည်မယ်။

ဓါတ်ဆား ချို့တဲ့ပြီ ဆိုရင်၊ ဆီး မသွား တော့ရင် အရေးကြီးပြီ

ဝမ်းပျက် ၀မ်းလျှောရောဂါဖြစ် နေတဲ့ အတွက် အန်တဲ့ အချိန်မှာရော ၀မ်းသွားတဲ့ အချိန်မှာပါ ဓါတ်ဆား ဓါတ်တွေ ပါသွားတတ်ပါတယ်။ အဲဒီ အတွက်ကြောင့်ဓါတ်ဆားတွေ ဆုံးရှုံး သွားတယ်။ အဲသလို ပါသွားတဲ့ ဓါတ်ဆားတွေ အချိန်မီ ပြန်မဖြည့်နိုင် ရင်အသက် အန္တရာယ်ကိုပါ ဆုံးရှုံး သွားနိုင်ပါတယ်။ 

ဓါတ်ဆား ချို့တဲ့ သွားပြီ ဆိုရင် ကျောက်ကပ် ကိုပါ ထိ ခိုက်သွားစေနိုင်ပါတယ်။ ကျောက် ကပ် ကို ထိခိုက် သွားပြီ ဆိုရင် ဆီး မသွားတော့ပါဘူး။ ဆီး မသွားတော့ ဘူး ဆိုရင် ကလေး အသက်အန္တရာယ် ဆုံးရှုံးရနိုင် ပါတယ်။


ဝမ်းပျက် ၀မ်းလျှောရောဂါ အရေးပေါ် အခြေအနေ များနှင့် သိထားသင့်သည့် အချက်များ

ဓါတ်ဆားရေ၊ စွပ်ပြုတ်ရေ၊ နို့ တိုက်လက်စ ဆိုရင်လည်း ၀မ်းပျက် လို့ဆိုပြီး မရပ်လိုက်ပါနဲ့။ ဆက် တိုက် ပါ။ မရပ်လိုက် ပါနဲ့။ ကုသနေ တဲ့ကြားက မျက်တွင်းတွေ ကျလာပြီ၊ အရမ်းကိုပျော့ခွေလာပြီ လိုတာထက် ပိုပြီး မှိန်းနေရင်၊ ပုံမှန်ထက် ပိုပြီး ရေ တောင်းနေရင်၊ ကလေး ဗိုက်ကိုစမ်း ကြည့်လို့ ပျော့ရဲရဲကြီးဖြစ်နေရင် နီး စပ်ရာဆေးခန်း ကို အမြန်ဆုံး သွား ရောက်ကုသသင့်ပါတယ်။ 

ဝမ်းပျက် ၀မ်းလျှော ရောဂါ ကို မကုသဘူး ဆို ရင် နာတာရှည် ၀မ်းပျက်ရောဂါဖြစ် ပွားနိုင်သလို၊ ကူးစက် ၀မ်းရောဂါ ပါ ဖြစ်ပွားနိုင်ပါတယ်။

ဝမ်းပျက် ၀မ်းလျှောရောဂါ မဖြစ် အောင် ၀က်သက်ရောဂါ ကာကွယ် ဆေးထိုးပေးတဲ့ အချိန်ကျရင် ကလေး ကို သူ့အချိန် နဲ့ သူ ကာကွယ်ဆေး ကို မှန်မှန်ထိုးပေးပါ။ ၀က်သက်ရောဂါ ရဲ့ နောက်ဆက်တွဲရောဂါ က ၀မ်းပျက် ၀မ်းလျှောရောဂါ ပါပဲ။ 

ဝမ်းပျက် ၀မ်း လျှောလို့ဆေးသောက်မယ်ဆို ကလေး ကို မိမိ သဘောနဲ့  မတိုက်ပါနဲ့။ မလိုအပ်ပဲ ကိုယ့် သဘော နဲ့ ကိုယ် တိုက် ခြင်းအားဖြင့် ကလေး အနေနဲ့ဆေး ယဉ်ပါးပြီး ကလေး ရဲ့ ဘေးထွက် ဆိုးကျိုးတွေကို ပိုပြီးခံစားရစေနိုင် ပါတယ်။ 

ဝက်သက်ရောဂါ ကာကွယ် ဆေး  ထိုးထားတဲ့ ကလေး က ဆေး မထိုးတဲ့ ကလေးထက် ပိုပြီးရောဂါဖြစ် ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ မိခင်နို့ တိုက်တဲ့ ကလေးထက် မိခင်နို့သောက် တဲ့ ကလေး က ၀မ်းပျက် ၀မ်းလျှော ရောဂါ ပိုဖြစ်ပွားနိုင်ပါတယ်။

 

 

Submitted by Kyaw Zin Htike on

Category: 

 http://www.searchmyanmar.com/link/frame/cid/54992

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall