ကိလေသာ က ဘယ်တရားလဲ




ဒါန ကုသိုလ် သီလ ကုသိုလ် သမထ ကုသိုလ် ဘုရား အဆူဆူ ပယ်ရဲ့လား... ဒါန ကို ပယ်ရမှာလား ....ကိလေသာ ပယ်ရမှာလား.....  သီလ ကို ပယ်ရမှာလား ကိလေသာ ပယ်ရ မှာလား....... သမထ ကို ပယ်ရမှာလား ... ကိလေသာ ပယ်ရမှာလား ဩော် ကိလေသာ ပယ်ဖို့ ဟောတာကွဲ့......

ကိလေသာ က ဘယ်တရားလဲ စိစစ်ဖို့ မကောင်းလား
အဝိဇ္ဇာ တဏှာ ဥပါဒါန် ဗျား

သစ္စာလေးပါးကို မသိတာ....(*အဝိဇ္ဇာ ပါဘုရား)
ခန္ဓာငါးပါးကို မသိတာ... (*အဝိဇ္ဇာ ပါဘုရား)
ခန္ဓာငါးပါး တစ်ပါးပါး အပေါ်မှာ လူ နတ် ဗြဟ္မာ သတ္တဝါလို့ နှလုံးသွင်း မှားတာ..... (*အဝိဇ္ဇာ ပါဘုရား)

နှလုံးသွင်းမှားတော့ လိုချင်တာ ဘယ်သူလဲ .. (*တဏှာ ပါဘုရား)
မရရင် မနေဘူး လို့ စွဲလမ်းတာ.... (*ဥပါဒါန် ပါဘုရား)
ဒါ အဝိဇ္ဇာ တဏှာ ဥပါဒါန် နော်..
ဝဋ် အနေနဲ့ ကိလေသဝဋ် လို့ မဟောဘူးလား
ကိလေသဝဋ်ပေါ့. .
သစ္စာဖွဲ့တော့ သမုဒယပေါ့ ဝဋ်အနေနဲ့ ကိလေသဝဋ်နော်....

ကိလေသာ ဝဋ်ရှိတော့ ကမ္မဝဋ် မဖြစ်ဘူးလား
ကာယကံ ၀စီကံ မနောကံတွေ မလာဘူးလား

ကမ္မဘဝ ပစ္စယာ ဇာတိပေါ့...
ကုသိုလ် နဲ့ ပတ်သက်တော့ လူ ဇာတိ...  နတ် ဇာတိပေါ့ ။
အကုသိုလ် နဲ့ ပတ်သက်တော့ အပါယ် ဇာတိပေါ့ ။


ဒါကြောင့် ဘုရား အဆူဆူ
ဒါန ကို မပယ်ဘူး သီလ ကို မပယ်ဘူး သမထ ကို မပယ်ဘူး ကိလေသာ ပယ်တာ ။

အဲဒီတော့ ကျောင်းကန် ဘုရားတွေမှာ  စာချတဲ့ ပုဂ္ဂိုလ်တွေ စာသင်တိုက်တွေ တရား ဌာနတွေ မရှိပေ ဘူးလား သူတို့ စာအုပ် နဲ့ ပတ်သက် လို့ စာတွေ စာသင်တဲ့ ပုဂ္ဂိုလ်တွေ သင်္ကန်း လိုမယ် စာအုပ် လိုမယ် ဆွမ်းကွမ်း ကိစ္စ မပြည့်စုံရင် ဒါ လိုမယ်နော် ....
 
စာသင်တဲ့ ပုဂ္ဂိုလ်ဟာ တိုးတက်ပြီးတော့နေတဲ့ အခါမှာ  အဆောက် အဦး မရှိရင် ဒါ ချဲ့ပြီးတော့ လုပ်ရမှာပေါ့
အဲဒီ လိုတွေ လှူဖို့ မလိုဘူးလား လိုတယ်ကွဲ့ ......

အဲဒီ အလှူတွေ က မိမိ ကုသိုလ်ရတာ နဲ့ အမျှပေးဖို့ မလိုဘူးလား
ဒါ သူတို့ သာဓု ခေါ်နိုင် ရမှာပေါ့... အဲဒါ အမျှပေးရတယ်နော်      ....   လေ့လာကြ ။

အဲဒါကြောင့်ဝဋ္ဋ ဒါန ဝဋ္ဋသီလ ဝဋ္ဋသမထ နော် အဲဒါ အဝိဇ္ဇာ ဦးစီးတာကွဲ့ ။

ဝိဝဋ္ဋ ဒါန ဝိဝဋ္ဋ သီလ ဝိဝဋ္ဋ သမထ လို့ မဟော ဘူးလား ဝိဇ္ဇာဥာဏ် ဦးစီးတာဗျာ့...  ဟိုက စာဟောတာ ဘယ်လောက် ထင်ရှားသလဲနော် ...

ဒါ ကိလေသာချုပ်ဖို့သာ အဓိကကွဲ့ ။

 
 ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး

၇.၁၁.၂၀၀၈ ည ၇နာရီ အချိန်
ဝန်းသို မုံလယ် တရားစခန်း


https://www.facebook.com/1596325990614582/photos/pb.1596325990614582.-2207520000.1433738789./1609024909344690/?type=3&theater

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး ဟောကြားတော်မူခဲ့သော
တရားတော်များ စာမျက်နှာမှ ကူးယူ ပူဇော်ပါသည်။
 
သာဓု သာဓု သာဓု။

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall