ခန္ဓာ နှင့် နွား ဥပမာ



ဆရာတော်။ ။ ဒီ ခန္ဓာကိုယ်ကို နေ့စဉ် ဘာလုပ်ပေး နေရသလဲဟဲ့။

ဒကာကြီး။ ။ပြုပြင်ပေးနေရပါတယ် ဘုရား။

ဆရာတော်။ ။ ဒီအတိုင်း လွှတ်ထားရင် ဘာဖြစ်မ လဲဗျာ။

ဒကာကြီး။ ။ချေးညှော်တွေ နဲ့ နံစော်လာ မှာပေါ့ ဘုရား။

ဆရာတော်။ ။ ဥတုကို ဆန့်ကျင်ရင်ကောဗျာ။

ဒကာကြီး။ ။ ဖျားမယ် နာမယ် ဖြစ်လာမှာပါ ဘုရား။

ဆရာတော်။ ။ အစာ မကျွေးရင်ကောဗျာ။

ဒကာကြီး။ ။ ငတ်မွတ်ပြီး သေနိုင်ပါတယ်ဘုရား။

ဆရာတော်။ ။ ဒါဖြင့် သူ့ အတွက် ဝန်မလေးနေဘူး လားဗျာ။

ဒကာကြီး။ ။ မှန်ပါတယ်ဘုရား။

ဆရာတော်။ ။ သူ့ကို စွန့်ဖို့ကော စိတ် မကူးဘူးလား။

ဒကာကြီး။ ။ တစ်ခါ တစ်လေတော့ စိတ်ကူး သလိုရှိပါတယ်ဘုရား။


ဆရာတော်။ ။ အေးဗျာ စိတ်ကူး မနေကြနဲ့ ကျွဲနွား ကို အစာကျွေးပြီး ခိုင်း ရသလို သူ့ကိုနေ့စဉ်ဆေးကြော
သုတ်သင်ပြုပြင်ရမယ် အစာကျွေးပြီး ခိုင်း မယ် ခိုင်းပုံ ကောနားလည်ရဲ့လားဗျာ့။

ဒကာကြီး။ ။ အမိန့်ရှိမှ သိရပါမယ် ဘုရား။

ဆရာတော်။ ။ တရား အလုပ် လုပ်ခိုင်းပေါ့ဗျာ ကျွဲနွား မရှိဘဲ လယ်လုပ်ငန်း စပါးလုပ်ငန်း မပြီးနိုင် သလိုခန္ဓာ
မရှိဘဲ တရား မရနိုင်ဘူးဗျာ့။

 






 ဝေဘူ ဆရာတော် ဘုရားကြီး
အားလုံးကျမ္မာ ချမ်းသာကြပါစေ။


https://www.facebook.com/photo.php?fbid=1436497690001294&set=pb.100009232302998.-2207520000.1433739975.&type=3&theater

AShin Thiri Ta စာမျက်နှာမှကူးယူပူဇော်ပါသည်။
သာဓု သာဓု သာဓု။


 နှလုံးသားမေတ္တာ ၀ိပဿနာ

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ရှင်စောပု

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကြားသာ ကြားဖူးပြီး မမြင်ဖူးတဲ့ ဓါးပီး ဒုတ်ပီး သေနတ်ပီး ၀က်စွယ် ကွင်းပိတ်

ပုဂံ ကျိန်စာနှင့် ဘုရား ကျွန်များ

ငါးမျက်စေ့ (သို့) အသားမာ (Corn)

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

အပျိုကြီး

အမျိုးသမီးများရဲ့ လိင်စိတ် အထွတ်အထိပ် ရောက်မှုအကြောင်း

 
365myanmar.com - Myanmar Online Shopping Mall