သတိ ပညာ ဥာဏ်မြေကတုတ် ပညာ ချွန်းကဲ့သို့ အုပ်


အခုလည်း တစ်ယောက် နဲ့တစ်ယောက် သူခိုး ယိုးခံရတာတွေမရှိဘူး လား။
အတင်းပြောခံရတာတွေ မရှိဘူးလား ။
အပုပ်ရည် သွင်းတဲ့ စကားမျိုး အ ပြောခဲ့တာ မရှိဘူးလား .........

အဲဒီလို ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးဆင်ခြင်  သုံးသပ်လိုက်မယ် ဆိုလို့ရှိရင် ..

အကြောင်း ရှိလို့အကျိုး တရားတွေပေါ်တာပါလား  ... လို့သိရင် စိတ်ဆိုးစရာ လိုသေးသလား။

စိတ်ဆိုး စရာ မလိုတော့ဘူးနော်။
အကြောင်း ရှိသလောက် အကျိုးတရားပေါ်တာကွဲ့။

အဲလို သိတော့ ကြွေးဟောင်းကား မကျေလား။
ကြွေးသစ် ကား တင်သေးရဲ့လားဟဲ့။
အဲလို စိစစ်ဖို့မကောင်းလား။

**ဝိဥာဏ်မြင် သမ္မုတိသစ္စာ ဘက်က ပြန်ကြည့်လိုက်ရင် အဲဒီလို အပုပ်ရည် သွင်းတဲ့ စကားမျိုး အပြော ခံရတဲ့ အခါမှာ ကိုယ့် ခန္ဓာကိုယ်ကြီး လှည့်ပြီးတော့ သတိ နဲ့ ကြည့်ဖို့ကောင်းတယ်နော်။

အဲလိုပြောဆိုတဲ့ အခါ ကိုယ့် ခန္ဓာကိုယ်ကြီး က အသား အရေ လျော့သလား အသားအရေ မလျော့ ရင် စိတ်ဆိုး စရာ မလိုဘူးပေါ့ ။ တစ်နည်းအားဖြင့် အပ် နဲ့ထိုးသလို ဒီလိုကား နာရဲ့လား ဒီလို ဆိုလည်း စိတ်ဆိုး စရာ မလိုဘူးကွဲ့နော် ။

ခန္တီ ပရမံ တပေါ-သည်းခံခြင်းမြတ်တယ် ဆိုတာ အဲ သလိုလည်း ပြန်ပြီးတော့ သမ္မုတိ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ ကောင်းတယ်ကွဲ့နော်။


***ပညာမြင် ပရမတ္ထ သစ္စာ ဘက်က ကြည့်မယ်ဆိုရင် အဲလိုပြောတာ ဆိုတာတွေဟာ ....

မြင်ရင် သတိ ကြားရင် သတိလို့ မြတ်စွာဘုရား မဟောလား။
သတိပြုတဲ့ အခါကျတော့ ဆဲတာလား အသံလား ......

အဲဒီလိုကြားတဲ့ အချိန်မှာ လူလို့ ကြားသလား အသံ လို့ ကြားသလား။

အသံ လို့ ကြားတဲ့ အချိန်   သိတဲ့ အချိန် လူကားတွေ့ရဲ့လား လူ မတွေ့ အပုပ်ရည် သွင်းတာတွေ ကားတွေ့ရဲ့လား ဆဲတာကော တွေ့ရဲ့လား .......................

ဘာဖြစ်လို့ မတွေ့တာလဲ.......................
မရှိ---မိုးကုတ် ဆရာတော်ဘုရားကြီးက
နားက တရား ကိုနာ ဥာဏ် က ခန္ဓာ လှည့် လို့ ခဏ ခဏ သတိပေးလို့ မဟောလား .......

အဲလို နား က တရားနာ တော့ ဥာဏ် က ခန္ဓာဘက် ကို လှည့်တဲ့ အခါ ပုဂ္ဂိုလ် သတ္တဝါတွေ့သေးရဲ့လား...

ပုဂ္ဂိုလ် သတ္တဝါ မတွေ့ အပုပ်ရည် သွင်းတဲ့ စကားတွေကား တွေ့ရဲ့လား........
ဘာဖြစ်လို့ မတွေ့တာလဲ.......

ဒီလိုဆိုတော့ကာ သတိ ပညာ ဥာဏ်မြေကတုတ် ပညာ ချွန်းကဲ့သို့ အုပ် လို့ မဟောဘူးလား......

ဒီလိုဆိုတော့ ကြားတိုင်း ကြားတိုင်း နိဗ္ဗာန် တစ်ဒိုင်းဒိုင်းပေါ့။

 
 ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
(အသံသွင်း တိပ်ခွေမှ စာစီပူဇော်ပါသည်။ အရှင်တေဇနိယ မုံလယ်ဇ)

https://www.facebook.com/1596325990614582/photos/pb.1596325990614582.-2207520000.1433738785./1615349755378872/?type=3&theater

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး ဟောကြားတော်မူခဲ့သော
တရားတော်များ စာမျက်နှာမှ ကူးယူပူဇော်ပါသည်။
 
သာဓု သာဓု သာဓု။

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall