ခြေဖနောင့် ကွဲလို့ စိတ်မညစ်ပါနဲ့



မကြာခင် တစ်မိုးကုန်လို့ တစ်ဆောင်း ၀င်လာ ပါတော့ မယ် ။ ခန္ဓာကိုယ်တွင်း အပူဓာတ် များသူတွေ နဲ့ ၊ နေ့ လည်ဘက် နေပူပူထဲ လမ်း လျှောက် အထွက်များ သူတွေ အဖို့ ဆောင်းရာသီ ရောက်တဲ့အခါ အပူကန် ထွက်လေ့ရှိကြပြီး ခြေဖနောင့် အရေပြားများ ကွဲအက် လာ ပါတော့တယ်။ 

အချို့ သူတွေ မှာ သိပ်ဆိုးဆိုး ရွားရွားကြီး မဟုတ် အမြင်ဆိုး ရုံလောက်သာ ကွဲအက် ကြသော်လည်း၊ အချို့ ကတော့ ကွဲထွက်နေသော အရေပြား အစ အနတွေက တစ်ဆင့် အ၀တ်အထည်နဲ့  ပွတ်တိုက်၍ အသား 
စလန် သွေးထွက်ကာ မေးခိုင်ပိုး အန္တရာယ်ဖြစ်စေ လာနိုင်ပါတယ်။
အပယိက ခြေဖနောင့် ကွဲအက်ခြင်း အတွက် ရေချိုးတဲ့အခါ ဖနောင့် အချင်းချင်း ခပ်ကြမ်းကြမ်းပွတ် တိုက် ၍သော် လည်းကောင်း၊ ရေချိုးခန်း တမံသတင်း (သို့ မဟုတ်) ရေချိုးခန်းသုံး ကျောက်ခဲ တုံးလေးဖြင့် ပွတ်တိုက်၍ သော်လည်း ကောင်း ဤသို့ ပြုပေးခြင်းဖြင့် အရေ ပြားချောမွေ့ သွားစေပါတယ်။ အကယ်၍ ကြီး 
ကြီးမားမား ကွဲအက်သူများအဖို့ အရေပြားစလေးတွေကို လက်သည်း ညှပ်လေးနဲ့  ညှပ်ထုတ်ပေးပြီး အောက် ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံး (၈) မျိုးထဲမှ မိမိအတွက် အဆင်ပြေရာကို သုံး၍ ကုစားနိုင်ပါ တယ်။

(၁) သံပုရာရည်-ဆား-အလှဆီ-နှင်းဆီရည် တို့ ဖြင့် ခြေဖနောင့် ပေါင်းတင်နည်း။
(Glycerine (ခေါ်) သကြားဆီ/အလှဆီ နဲ့ rose water (ခေါ်) နှင်းဆီရည် တို့ ကို အလှကုန် ပစ္စည်း ဆိုင်တွေမှာ အလွယ်တစ်ကူ ၀ယ်ယူနိုင်ပါတယ်) ည အိပ်ယာမ၀င်ခင် ဇလုံကြီးကြီး တစ်ခုထဲ မှာ ခြေမျက်စေ့မြုပ်တဲ့အထိ ရေ ခပ်နွေးနွေးလောင်းထဲ့ပြီး ဆားကြမ်း၊ သံပုရာရည်၊ glycerine နဲ့ rose water တို့ သင့်ရုံရောထဲ့၍ ၊ မိနစ် ၂၀-လောက် ခြေထောက်၂-ချောင်းစလုံး နှစ်စိမ်ထား ပါ။

 ပြီးရင် ခြေထောက် တိုက်တဲ့ ကျောက်တုံးလေးနဲ့  ခြေဖနောင့် တွေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးပါ ။ 
ထို့ နောက် glycerine စားပွဲတင် ဇွန်း (၁)ဇွန်း ၊ rose water စားပွဲတင် ဇွန်း (၁)ဇွန်း ၊ သံပုရာရည် စားပွဲ
တင်ဇွန်း (၁) ဇွန်း တို့ ရောပြီး ဖနောင့်ကို လိမ်းအိပ်ပေးပါ။ (ကပ်စေးစေးဖြစ်စေ တာကြောင့် ခြေဖနောင့်ကို အ၀တ်စ သန် သန့် ဖြင့်ထုပ်၍ သော်လည်းကောင်း၊ ခြေအိတ် စွပ်၍သော်လည်း ကောင်း အိပ်ယာဝင်ပါ) 
နံနက် မိုးလင်းတဲ့အခါ ရေနွေးနွေးလေးနဲ့ ပြန်ဆေးပေး လိုက်ပါ။ ဤနည်း အတိုင်း ရက်သတ္တ ပတ်လောက် ခြေဖနောင့် အရေပြား ချောမွေ့ လာတဲ့အထိ ဆက်လုပ်ပေးပါ။
(၂) ဌက်ပျောသီး-ထောပတ်သီး တို့ ဖြင့် ပေါင်းတင်နည်း။
ဌက်ပျောသီးမှည့် တစ်လုံးကို အခွံနွှာပြီးနောက်၊ ထောပတ်သီးမှည့် တစ်ဝက်တို ကို ယူ၍ ကြိတ်စက် ထဲ
ရောထဲ့ ကြိတ်မွှေပါ။ ပြီးနောက် ရလာတဲ့ အနှစ်ပျစ်ပျစ်တွေဖြင့် ခြေဖနောင့်ကို ပွတ်လိမ်းပေးပါ။ (ထောပတ်သီး အစား အုန်းသီးစိမ်း (တစ်ဝက်) ကို သုံးနိုင်ပါတယ်။

ထောပတ်သီး နဲ့ အုန်းသီးစိမ်း တို့ ထဲမှာ အရေပြား ကွဲအက်ခြောက်သွေ့ ခြင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် နဲ့ အဆီဓာ တ် တွေ အမြောက်အများ ပါရှိလို့ အရေပြား အစိုဓာတ် ထိန်းပေးကာ၊ နူးညံ့ချောမွေ့ လာစေပါတယ်) အကယ်၍ ထောပတ်သီး ၀ယ်ဖို့  အဆင်မပြေပါက ဌက်ပျောသီး တစ်မျိုးတည်းဖြင့် ပေါင်းတင်လို့ ရပါတယ်။ ဌက်ပျောသီး မှည့်မှည့်ကို အခွံနွှာ၍၊ အထဲက အနှစ်တွေ ဖြင့် ခြေဖနောင့် ကို ပွတ်လိမ်း
 ပေးပြီးနောက် ၁၀-မိနစ် အကြာမှာ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။



(၃) ဆန်မှုန့် -ပျားရည်-ရှာလကာရည် တို့ ဖြင့်ပေါင်းတင်းနည်း။
(ဤနည်းက အရေပြား ဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်) ဆန်မှုန့် စားပွဲတင်ဇွန်း (၂)ဇွန်း မောက်
 မောက်ကို ပျားရည် စားပွဲ တင်ဇွန်း (၃) ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း (၃)ဇွန်း တို့ နဲ ့ေ ရာေ မႊပါ 
(သံလွင်ဆီ ရနိုင်ပါက စားပွဲတင်ဇွန်း ၁-ဇွန်း ရောထဲ့ပေးပါ) ရေနွေးနွေးလေးထဲမှာ ၁၀-မိနစ် လောက် ခြေ   ထောက် စိမ်ထားပြီးနောက် စောစောက ရောနှောထားတဲ့ ဆန်မှုန့် အနှစ်များနဲ့  ခြေဖ နောင့်ကို ပွတ်လိမ်း   ပေးပါ။
(၄) ဟင်းရွက်ဆီ
(အရေပြားခြောက်သွေ့ ခြင်းကြောင့် ကွဲအက်လာတဲ့ ခြေဖနောင့်တွေကို ဟင်းရွက်ဆီ က ကောင်းစွာ ကုသပေးနိုင် ပါတယ်) ည အိပ်ယာမ၀င်ခင် ဦးစွာ ခြေဖနောင့်ကို ဆပ်ပြာနဲ့ သန့် စင်အောင်ဆေး၊ ရေခြောက်အောင် သုတ်ပြီး တော့ ဟင်းရွက်ဆီဖြင့် အထဲထိ စိမ့်ဝင်အောင် စိတ်ရှည်ရှည်ဖြင့် ဖိလိမ်းပေးပါ။ (ခြေဖနောင့်ကို အ၀တ်စသန့် သန့် ဖြင့်ထုပ်၍ သော်လည်းကောင်း၊ ခြေအိတ် စွပ်၍ သော်လည်းကောင်း အိပ်ယာဝင်ပါ) မနက် မိုးလင်းတဲ့အခါ ပုံမှန် ရေချိုးပေးလိုက်ရုံပါဘဲ။ ဤနည်းအတိုင်း ရက်သတ္တပတ်လောက် ခြေဖနောင့်အရေပြားချောမွေ့ လာတဲ့အထိ ဆက် လုပ်ပေးပါ။
(၅) ပျားရည်
(ပျားရည် က အစိုဓာတ် ထိန်းပေးတဲ့အပြင်၊ ပိုးသေစေတဲ့ အစွမ်းသတ္တိ ရှိလို့ ခြေဖနောင့် ကွဲအက်ခြင်း အ
တွက် အသုံး တည့်လှပါတယ်) ရေပုံးထဲ ရေခပ်နွေးနွေး ထက်ဝက်ခန့် ထဲ့ပြီး၊ ပျားရည်ကို လ္ဘက်ရည်ခွက် 
၁-ခွက်စာ ပမာဏခန့်  ထဲ့ရောပေးပါ။ ထို အရော အနှောထဲကို ခြေထောက်နှစ်၍ မိနစ် ၂၀ လောက်စိမ်ထားပါ။ ပြီးရင် ရေချိုးခန်းသုံး ကျောက်တုံးလေးနဲ့ ခြေဖနောင့်ချောသွားေ အာင် ပွတ်တိုက်ပေးပါ။
(၆) သံလွင်ဆီ
(သံလွင်ဆီ က အရေပြား ကျန်းမာချောမွေ့ စေတဲ့ အကောင်းဆုံး အိမ်တွင်း သမားတော်လေးပါဘဲ) ဒီနည်းက နေ့ ဘက်မှာလည်း လိမ်းပေးလို့ ရပါတယ်။ ၀ါဂွမ်းလုံးလေးပေါ် သံလွင်ဆီ ဆွတ်လိမ်းပေးပြီးနောက်၊ အသားထဲ စိမ့်ဝင်အောင် ခြေဖနောင့်ပေါ်ကို ထို ၀ါဂွမ်းလေးနဲ့ စက်ဝိုင်းပုံသဏ္ဍာန် ၁၅-မိနစ်ခန့် လိမ်းပေးပါ။

 နောက် ၁-နာရီခန့် အကြာမှာတော့ သုံးနေကျ ဆပ်ပြာဖြင့် ရေဆေးလိုက်ရုံပါဘဲ။ (နောက်တစ်နည်း) ပု
လင်း သန် သန့် ၁-လုံးထဲမှာ သံလွင်ဆီ လ္ဘက်ရည်ဇွန်း (၁) ဇွန်းကို သံပုရာရည် အနည်းငယ် ညှစ်ထဲ့ပြီး၊
 ရေအေးအေး လ္ဘက်ရည်ဇွန်း (၂) ဇွန်း ထဲ့၍ ပုလင်းပြန်ဖုံးကာ နာနာ ခလောက်ပါ။ ရလာတဲ့ ထို ကရင်မ်
ကို ခြေဖနောင့်ပေါ် နေ့ ရော/ညပါ လိမ်းပေးနိုင် ပါတယ်။
(၇) နှမ်းဆီ
(နှမ်းဆီ ဟာ ခြေဖနောင့် ကွဲအက်ခြင်းအတွက် အကောင်းဆုံး ဆေးရည်ဖြစ်တယ်လို့ ရှေးမြန်မာ လူကြီးများက ဆို ထားကြပါတယ်) နှမ်းဆီ နဲ့ ကွဲအက်နေတဲ့ ခြေဖနောင့်ကို ညအိပ်ယာမ၀င်ခင် လူးနယ်နှိပ်ပေးရုံပါဘဲ။
(၈) ကွမ်းရွက်စိမ်း နှင့် ဆားကြမ်း
(ဒီနည်းကလည်း ခြေဖနောင့် ကွဲအက်ခြင်း အတွက် မိရိုးဖလာ ကုသနည်းလေးပါဘဲ) နေ့ စဉ်ရေ မချိုးမီ
(သို့ မဟုတ်) ည အိပ်ယာ မ၀င်မီ ဒူးခေါင်းမှ ခြေဖ၀ါးအထိ စင်ကြယ်စွာ ရေဆေးပြီး ကွမ်းရွက် စိမ်းရင့်ရင့် ကို လက်ဖြင့်ချေ၍ ဆားကြမ်း တို ကာ ခြေဖ၀ါးကို ပွတ်တိုက်ပေးခြင်းဖြင့် သက်သာေ ပျာက်ကင်းသွားပါ
လိမ့်မယ်။
(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်…ရေးသားမျှဝေသည်)
*promise.pauk*
#yyl

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

 
365myanmar.com - Myanmar Online Shopping Mall