မမေ့နဲ့



အကျိုးပေးဖို. ကံတွေ အဆင့်ဆင့် ရှိတယ်။
ဂရုကံ--- ကြီးလေးတဲ့ ကံ။
ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။

အာစိဏ္ဏကံ--- နေ.တိုင်းပြုတဲ့ ကံ။
ကုသိုလ် အကုသိုလ် နှစ်မျိုးလုံးမှာ ရှိတယ်။

ကဋ္ဋတ္တာကံ--- တစ်ခါတစ်ရံ ပြုတဲ့ ကံ။

အာသန္တွကံ---စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးဖြစ်တဲ့ ကံ။ အဲဒီ ကံပြီးရင် စုတိ စိတ်ပဲ။
အဲဒီကံက ဟိုဖက် ပဋ္ဋိသန္ဓေ အကျိုးပေးတော့တာပဲ။ ကံ တစ်ခုဟာ ပဋ္ဋိသန္ဓေ အကျိုးတစ်ခုပေးတယ်။
နောက် ဟိုဘက်မှာ ပဝတ္တိအကျိုး ဆိုတာကတော့ ထပ်ခါ ထပ်ခါ ပေးတတ်တယ်။

အာသန္တွကံ ကို ဘာနဲ.ဥပမာ ပေးထားသလဲ ဆိုတော့---နွားခြံထဲကို နွားတွေ မောင်းသွင်းတဲ့ အခါ အားကောင်းမောင်းသန်တဲ့ နွားတွေက နေရာကောင်း လိုချင်လို. ခြံထဲကို အရင်ရောက်အောင် တိုးဝှေ.ပြီးတော့
 ပြေးဝင်ကြတော့ အားနည်းတဲ့နွားတွေ၊ နွားအိုကြီးတွေ ပိန်ခြောက်နေတဲ့ နွားတွေက မတိုးနိုင် မဝှေ.နိုင်တဲ့အတွက်ကြောင့် နွားခြံထဲကို နောက်မှဝင်ရတယ်။

အဲဒီ ပိန်ခြောက်နေတဲ့ နွားတွေ အားနည်းနေတဲ့ နွားတွေက ရွှံ.ဗွက် ထဲမှာ နွားခြံ ရဲ. အပေါက်ဝနားမှာ ကပ်
 ပြီးတော့ အိပ်ရတယ်။

မနက်မိုးလင်းလို. ခြံတံခါးဖွင့်တဲ့ အခါကျတော့ နွားပျို နွားသန်တွေက အရင်ထွက်လို.မရဘူး။ အပေါက်ဝနားမှာ တံခါးနားမှာ ကပ်ပြီး အိပ်နေတဲ့ ပိန်ခြောက်နေတဲ့ နွားတွေ အားနည်းနေတဲ့ နွားတွေက အရင်ထွက်ရ
တယ်။

ဥပမေယျက ဘာလဲ ဆိုတော့ - မိမိတို. အသက်ရှင်နေစဉ် သန်မာ ထွားကြိုင်းစဉ်က ပြုခဲ့တဲ့ ကုသိုလ်ကံ  တွေ အများကြီးရှိသော်လည်း ၊ မိမိတို. မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးဘူး ဆိုရင် စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးတော့ နှလုံးသွင်းမှား သွားလို.ရှိရင် အဲဒီ နှလုံးသွင်း မှားမှုကြောင့် အကုသိုလ် ဖြစ်ပြီး အပါယ်လေးပါး ကျသွားနိုင်တယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ပစ္စည်း ချမ်းသာသည်ဖြစ်စေ ၊ပစ္စည်း ဆင်းရဲသည်ဖြစ်စေ ၊ မလှူဖူးတဲ့ သူ မရှိသ  လောက်ပဲ။ သဒ္ဓါတရားတွေ ရှိကြတယ်။ လှူကြ တန်းကြတယ်။

တစ်ဘက်က ကိလေသာတွေ မကင်းသေးလို. အိုးနဲ. အိမ်နဲ.နေသော်လည်း ကုသိုလ်တွေ လုပ်ကြတယ်။ ကုသိုလ်တွေ လုပ်ကြသော်လည်း စုတိပြတ်ကြွေသေတဲ့အခါမှာ အပါယ်ကို ရောက်သွားတတ်တယ်။
အဲဒါနှလုံးသွင်းမှားလို.---။

စုတိပြတ်ကြွေသေတဲ့အခါမှာ အချို.တွေဟာ ပြိတ္တာ ဘုံဘဝကို ရောက်ကြရတယ်။ ဘာဖြစ်လို.လဲဆိုတော့
 ခင်မင် စွဲလမ်းတဲ့ စိတ်နဲ. သေကြတာ များတယ်။ အခင်အမင် မဝကြဘူး။ ခင်ရင်းမင်ရင်းနဲ. သေကြရတယ်။
ဒါကတော့ သဘာဝပါပဲ။ သားတွေ သမီးတွေ ဇနီးတွေ ခင်ပွန်းတွေ အချင်းချင်း ခင်ကြမင်ကြမှာပဲ။

ဒီလို ခင်မင်စွဲလမ်းတဲ့ စိတ်နဲ. သေကြတော့ ပြိတ္တာ ဘုံဘဝ ရောက်တာ များတယ်။ ကုသိုလ်ကောင်းမှုတွေ အကျိုးပေးဖို.စောင့်နေပါလျက်နဲ. အကျိုးပေးခွင့် မသာဘူး ဖြစ်သွားတယ်။
အဲဒါနှ လုံးသွင်းမှားလို.---။

မိမိတို. ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေဟာ နတ်ပြည်ခြောက်ထပ်ကို အသာလေးရောက်နိုင်တယ် ။ 
ဘာဖြစ်လို.လဲဆိုတော့ ဓမ္မပဒ တို.၊ ၅၅၀ ဇာတ်တော်တို.မှာ နတ်သား နတ်သမီးတွေဟာ သခွားသီးကလေးတစ်လုံး၊ တည်သီးလေး တစ်လုံးလှူလို. တမာရွက်ကလေး လက်တစ်ဆုပ် လှူလို. နတ်ပြည်ရောက်ကြ
တယ်။

မြတ်စွာဘုရား အလောင်းတော်ဟာ စောင်းဆရာကြီး ဖြစ်စဉ်တုန်းက နတ်ပြည်ကို လူ.ဘဝနဲ.ပဲ ရောက်သွားတယ်။ စောင်းအတတ် ပညာနဲ. နတ်ပြည်မှာ သွားဖျော်ဖြေရတယ်။ အဲဒီအခါမှာ စောင်းဆရာကြီးက ဖျော်ဖြေခ ကို နတ်ပြည်ရောက်ရတဲ့ ကုသိုလ်ကို သိချင်ကြောင်း တောင်းဆိုပါတယ်။

ကုသိုလ်နည်းတဲ့ နတ်သား နတ်သမီးတွေက သိပ်မပြောချင်ကြဘူး။ ကြံဆစ်ပိုင်းလေး လှူလို. ဟင်းရွက်ကလေး လှူလို. သစ်သီးကလေး လှူလို. နတ်ပြည်ရောက်နေတာ အများကြီးပဲ။ အဲဒီလောက် ကုသိုလ်လေးတွေတောင် နတ်ပြည်ကို ရောက်နိုင်တယ်။

အကြီးအကျယ်လှူပြီးတော့ နတ်ပြည်ကို ဘာကြောင့်မရောက်ကြသလဲ၊ ဘာဖြစ်လို. အပါယ်ရောက်ကြသလဲ ဆိုတော့--- အဲဒါ စုတိပြတ်ကြွေ သေခါနီးမှာ ကပ်ပြီးတော့ နှလုံးသွင်း မှားတာကြောင့် ဖြစ်တာ များတယ်။


ဘာဖြစ်လို. နှလုံးသွင်း မှားသလဲ ဆိုတော့ မိမိတို. သွားနိုင် လာနိုင် စားနိုင် သောက်နိုင် သန်မာထွားကြိုင်းတဲ့အချိန်မှာ ဘာဝနာ အလုပ်တွေ အားထုတ်မှု နည်းကြတယ်။ စိတ်အလုပ် တွေ အားထုတ်မှု နည်းကြ
တယ်။ လှူစရာရှိရင် လှူလိုက်တာပဲ။ ကုသိုလ်လုပ်စရာရှိရင် လုပ်လိုက်တာပဲ။

ဒါပေမယ့် ဘာဝနာ အလုပ်ကျတော့ ပစ်ထားကြတယ်။ ဒိဋ္ဌိ မဖြုတ်တတ်၊ ဒိဋ္ဌိဖြုတ်တရားကိုလည်း အနာ
နည်းတယ်။ ဒိဋ္ဌိ ကို ဉာတပရိညာ နဲ.လဲ မဖြုတ်တတ်၊ တီရဏပရိညာနဲ.လဲ မဖြုတ်တတ်ဘူး။

ဒိဋ္ဌိပြုတ်မယ့် တရားလည်း နာရမယ်။ ပဋ္ဋိစ္စသမုပ္ပါဒ်စက်ဝိုင်း တရားလဲ နာရမယ်။ ယောဂီ သူတော်ကောင်းတွေ ဆိုတာ ဂိုဏ်း မစွဲရဘူး။ ဘုရားဟောတဲ့ တရား အကုန်နာရမယ်။ နာလဲနာရမယ်။ အားလည်း ထုတ်ရမယ်။ ဒိဋ္ဌိပြုတ် တရားတွေ နာထားပြီး အားထုတ်တဲ့ အခါကျတော့ ဒိဋ္ဌိ ကျကျနန ဖြုတ်တတ်တယ်။

မြင်တဲ့ ကြားတဲ့ နေရာမှာ အဆင်းတွေ အသံတွေက ရုပ်တရားတွေပဲ၊ မြင်သိစိတ် ကြားသိစိတ် တွေက နာမ်တရားတွေပဲ။

ခန္ဓာကိုယ်ကြီးက ရုပ်တရားပဲ။
သိသိနေတာက နာမ်တရားပဲ။
အဲဒီလောက်တော့ သိထားရမယ်။
ဒါထက်ပိုပြီးသိရင် ပိုကောင်းတာပေါ့။

ဒိဋ္ဌိပြုတ် တရားတွေကိုလဲ နာမထားမိဘူး။ တစ်ခြားသော သစ္စာတရားတွေကိုလဲ ထပ်ကာ ထပ်ကာ မလေ့လာထားတဲ့ အခါမှာ နှလုံးသွင်း မှားတာများတယ်။ ငါပဲ သူပဲ ငါ့သားပဲ ငါ့သမီးပဲ ငါခင်ရမှာပေါ့ ၊ ငါမရှိရင် 
ခက်တော့မှာပဲ ဆိုတော့ နှလုံးသွင်း မှားသွားတယ်။

ဒီလမ်းက လူတိုင်းလျှောက်ရမယ့်လမ်း ဆိုတော့ ရှောင်လို.မရဘူး။ ဘယ်သူမှရှောင်လို.မရဘူး။ ဟောတဲ့ သူရော နာတဲ့ သူရော အကုန်လုံး သွားကြရမယ်။ အဲဒီ သွားရမယ့် လမ်းကို ခုကတည်းက ကြိုတင်ပြင်ဆင်ထားရမယ်။ ကုသိုလ် ကောင်းမှုတွေလည်းလုပ်ရမယ်။ ကုသိုလ်ကောင်းမှုနဲ.တင် မပြီးဘူး။ တရားပွဲတွေကျင်းပ ရမယ်။

အမျိုးမျိုးသော သံဃာ့ ဒါနတွေ ပြုရမယ်။ ဒါတွေဟာ အကျိုးများတဲ့ ကုသိုလ်တွေ ။ သာသနာတွင်း ကုသိုလ် တွေဟာ အင်မတန် အဖိုးတန်တာပဲ။ ဒါတင်မက ဉာဏ်ပညာ ဆည်းပူးခြင်း အလုပ်ကိုလည်း လုပ်ရမယ်။

ကုသိုလ်ကောင်းမှု ပြုတာကို ပုညသမ္ပာဒ ။ 
ဉာဏ်ပညာ ဆည်းပူးတာကို ဉာဏသမ္ပာဒ လို.ခေါ်တယ်။

ပုညသမ္ပာဒ နဲ.ဉာဏသမ္ပာဒ ဟာ စရဏ နဲ. ဝိဇ္ဇာ ပဲ။ 
ပုညသမ္ပာဒက ဒါန သီလ သမထ နဲ.ဆိုင်တယ်။
ဉာဏသမ္ပာဒက ဝိပဿနာ နဲ.ဆိုင်တယ်။
ပုညသမ္ပာဒက သုဂတိကို ရောက်စေတယ်။
ဉာဏသမ္ပာဒက နိဗ္ဗာန်ကို ရောက်စေတယ်။
ပုညသမ္ပာဒဖြစ်ဖို. မေတ္တာ ကရုဏာ ပွားရမယ်။
ဉာဏသမ္ပာဒဖြစ်ဖို.အတွက် သစ္စာ တရားတွေ များများနာပြီး သစ္စာ ဆိုက်အောင် အားထုတ်ရမယ်။ 
နှစ်မျိုးစလုံးကို အားထုတ်ရမယ်။ဆည်းပူးရမယ်။

မြတ်စွာဘုရားဟာ ဒုလ္လဘတရား ငါးပါးကို နေ.တိုင်းဟောတယ်။ အရေးကြီးလွန်းလို.ပေါ့။
(၁) ဘုရားပွင့်ဖို. ခဲယဉ်းတယ်။ (သာသနာကြီးနဲ. တွေ.ဖို. ခဲယဉ်းတယ်ပေါ့)
(၂) လူဖြစ်ဖို. ခဲယဉ်းတယ်။ (လူဆိုတာကလဲ တစ်ကယ် သမ္မာဒိဋ္ဌိ အယူရှိတဲ့လူ ဖြစ်ရမယ်)
(၃) သဒ္ဓါတရား ရှိဖို. ခဲယဉ်းတယ်။ (ရတနာသုံးတန် ကံ ကံရဲ. အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား ရှိဖို.
လိုတယ်)
(၄) ရှင်ရဟန်း ဖြစ်ဖို. ခဲယဉ်းတယ်။ (တရားအားထုတ်တဲ့ ယောဂီဖြစ်ဖို. ခဲယဉ်းတယ်)
(၅) သူတော်ကောင်း တရားတွေ နာကြားရဖို. ခဲယဉ်းတယ်။

အခုအချိန်မှာ ဘုရား သာသနာနဲ.လဲ ကြုံ၊ ဘုရားဟောခဲ့တဲ့ တရားတွေလဲ နာရ၊ သက်တော်ထင်ရှား ဘုရားကို ဖူးရသကဲ့သို. သံဃာတော်တွေ ကိုလဲ ဖူးရတယ်။ အင်မတန် အဖိုးတန်တဲ့ အချိန်ပါ။

ဒါကြောင့် ခုလို အချိန်ကောင်းမှာ ကိုယ်က ပစ္စုပ္ပန်တည့်တည့်ကို မှတ်နိုင်အောင် ကြိုးစားပါ။
မမှတ်နိုင်တဲ့ အချိန် ဆင်ခြင်ပါ။

ပစ္စုပ္ပန် တည့်တည့် မှတ်နိုင်တဲ့ အခါမှာ သွားတာ လာတာ နေတာ ထိုင်တာ စားတာ သောက်တာတွေမှာ
 မေတ္တာပို.ပါ။ မေတ္တာ မပို.နိုင်ရင် အရဟံ -ဗုဒ္ဓေါ နဲ.ပွားများပါ။ ပွားဖို.လွယ်တာကို မပွားလို.ခက်နေတယ် ။

ထမင်းစားတဲ့ အခါ အရဟံ - ဗုဒ္ဓေါ ပွားစားတဲ့ သူဟာ ထမင်း ဝသလို ကုသိုလ် လည်းရတယ်ပေါ့။
ဝိပဿနာ အားထုတ်တဲ့ အခါမှာတော့ စားရင် စားတယ်၊ ယူရင် ယူတယ် ၊ဝါးရင် ဝါးတယ်၊ မျိုရင် မျိုတယ်လို. ရှုမှတ်ပြီး စားရတယ်။

အဲဒါ ဝိပဿနာ ပညာ ဝိပဿနာ ကုသိုလ် ပေါ့ဗျာ။

ကိုယ်က ဝိပဿနာ မလုပ်နိုင်ဘူး ဆိုရင် ထမင်း စားတဲ့အခါ အရဟံ ဗုဒ္ဓေါ ၊ အရဟံ ဗုဒ္ဓေါ နဲ. ဆင်ခြင်ပြီးစားရင် ထမင်းလဲဝတယ်၊ ကုသိုလ်ရော မရဘူးလား။ ဘေးအန္တရာယ်လဲ မကင်းဘူးလား၊ ဒီလိုလွယ်တဲ့ အလုပ်လေးကို မလုပ်ကြဘူး။

မလုပ်ကြတဲ့ အခါကျတော့ မြတ်စွာဘုရားရဲ. တရားတော်တွေဟာ ကောင်းတော့ကောင်းပါရဲ. ၊ တို.မလုပ်နိုင်ဘူး ဖြစ်နေကြတယ်။ အမှန်က လုပ်နိုင်လျက်သားနဲ. ပျင်းလို. မလုပ်ကြတာ။

ရေသောက်လဲပဲ အရဟံ-ဗုဒ္ဓေါ နဲ.သောက်ရင် ရေလဲဝတယ်။ ကုသိုလ်လဲ ရတယ်။
မြတ်စွာဘုရားက ထင်းခွေ ရေခပ် မှ အစ အားလုံး သတိရှိဖို. မမေ့ကြဖို. ညွှန်ကြားထားတာပဲ ။ 
၁၇၉၂  ကြိမ်တောင် မှာကြားခဲ့တယ်။
မမေ.နဲ.-မမေ့နဲ.-မမေ့နဲ.။

ကျွန်တော်တို. အားလုံး မမေ့ကြဖို. မြစိမ်းတောင် ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ ၏ အနေတတ်၍ အသေမြတ်ရန် နည်းလမ်း တရားတော် စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။

ဆန္ဒမွန်ဖြင့်
nyansoe. Blogspot.com မှ ကူးယူ ဓမ္မဒါနပြုပါသည်။


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

သင်္ဘောသီးပင် စိုက်ပျိုးနည်း

 
365myanmar.com - Myanmar Online Shopping Mall