ကြွက်နို့ နဲ့ ငါးမျက်စေ့ ကို လွယ်လွယ်လေး သတ်မယ်



လွယ်လွယ်ကူကူ ပျောက်စေသော ဆေးနည်း ၊

ငါးမျက်စိ ရောဂါ ကို အင်္ဂလိပ်လို Cron ခေါ်ပါသည်။ 
ငါးမျက်စိ ရောဂါ (molluscum Contagiosum) သည် အရေပြား ပေါ်တွင်ဖြစ်ပေါ်နေသော အဖုလေး အလုံးလေး များဖြစ် ပါသည်။ ညှစ်လိုက်ပါက အဖုလုံးလေး များမှ အဆံလေးများ ထွက်တတ်ပါသည်။
ကူးစက်မှု လွယ်ကူးပြီး ထိမိ၊ ဖိမိက နာလှပါသည် ။ ခန္ဓာကိုယ် အနှံ့ အပြားတွင်လည်း ပေါက်တတ် ပါ
သည်။ သို့သော် ငါးမျက်စိ သည် ခြေထောက် တွင် ပေါက်သည်က များပါသည်။ အချို့က အသားမာ ဟု 
လည်း ခေါ်သည်။
ကြွက်နို့ ကို (Wart) ခေါ်သည်။
ကြွက်နို့ဟာ HPI လို့ခေါ်ကြသည့် Human Papilloma Virus ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပါတယ် ။ HPI ဗိုင်း 
ရပ်စ် အမျိုးအစား (၈၀) ကျော်ကြောင့် ကြွက်နို့ ဟာ လူ့ ခန္ဓာအနှံ့ ပေါက်တယ်လို့ ဆိုပါသည်။
မြန်မာ တိုင်းရင်းဆေးနည်း တစ်ခုဖြင့် ကြွက်နို့၊ ငါးမျက်စိ ရောဂါကို အသေအချာ ပျောက်ကင်းစေပါသည် ။


ဆေးနည်း
ကွမ်းစားထုံး (ဖေါက်ထုံး) ကွမ်းသီး တစ်လုံးစာ ၊
ဂျင်း (၁) ကျပ်သား တစ်တက် ၊
ကြက်သွန်ဖြူဥ (၁) ဥ ၊
အိမ်တွင် လွယ်လွယ်ကူကူ ရရှိစေသော အမယ် (၃) မျိုးဖြစ်ပါသည်။

ထို သုံးမျိုးကို ညက်အောင် ထောင်းပြီး ငါးမျက်စိ (သို့) ကြွက်နို့ပေါ်သို့ အုံ၍ ပတ်တီး စည်း ထားရ ပါသည်။
(၁၀) မိနစ်ကြာလျှင် ငါးမျက်စိ ၊ ကြွက်နို့ သည် အသား ပေါ်သို့ မသိမသာ ကြွ ၍ တက်လာပါ သည်။
ထိုအခါ လက်ဖြင့် ကိုင်ကာ ဆွဲနုတ်လိုက်ပါက အမြစ်အုံပါ ကျွတ်၍ ပါလာမည်ကို ကိုယ်တိုင် ကိုယ်ကျ မြင်ရမည်ဖြစ်ပါသည်။

အခြား ကြွက်နို့၊ ငါးမျက်စိ သတ်နည်းများလည်း များစွာ ရှိ ပါသည် ။
တင်ပြပါ နည်းမှာ ကိုယ်တိုင် ကြုံကြိုက်ဖူးသော ဆေးနည်းဖြစ်ပါသည်။

Credit: ရဲမျိုးသူ (ဗောဓိမြိုင်)
Source

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ရှင်စောပု

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

ကြားသာ ကြားဖူးပြီး မမြင်ဖူးတဲ့ ဓါးပီး ဒုတ်ပီး သေနတ်ပီး ၀က်စွယ် ကွင်းပိတ်

ပုဂံ ကျိန်စာနှင့် ဘုရား ကျွန်များ

ငါးမျက်စေ့ (သို့) အသားမာ (Corn)

ပျူခေတ် သမိုင်း ကွက်လပ်များနှင့် ဖိုးပိုက်ဆံ ၏ နောက်က ရွှေတွင်းကြီး

အပျိုကြီး

အမျိုးသမီးများရဲ့ လိင်စိတ် အထွတ်အထိပ် ရောက်မှုအကြောင်း

 
365myanmar.com - Myanmar Online Shopping Mall