တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်




အပျို တစ်ယောက်ဖြစ်ပြီး ဟိုဟာ ဖြစ်ချင်တဲ့ စိတ်ကို ထိန်းလို့ မရအောင်ဖြစ်နေတာကြောင့် ဆရာဝန်ဆီ 
ရင်ဖွင့်မေးတယ် ။ 

အမျိုးသမီး ... 
ဆရာရှင့် ကျမ အခု ရောဂါ တစ်ခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ ကို မေးတာပါ။ ရင်ဖွင့်တာပါရှင့် ......
ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျို ပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ်။
ပြောချင်တာက ကျမ တစ်ခါမှ ယောက်ျားနဲ့ တူတူ မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေး မှာပါရှင့်။ ကျမမှာ မကောင်းတဲ့ အချက်တစ်ခုရှိပါတယ်။ ကျမ လိင်ဆက် ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက် ကတည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင် ထူထူနဲ့ ဟာမျိုးနဲ့ ၁နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ ကိုယ်ပဲလုပ်ပါတယ်။
မလုပ်ရင်လည်း ကျမ တစ်ကယ် မနေနိုင်တော့လို့ပါရှင့် ။ အမှန်ဆိုရင်တော့ အဲဒီလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲဒီလို လုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ ထင်ရတဲ့ ဘယ်ဘက်ဆီး ခုံ အထက်နားက တစ်ခါ တစ်ခါ ဆိုရင်အရမ်းနာပါတယ်။


ဆိုင်ကယ် စီးတဲ့ အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲဒီလို စိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။ 
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက် ဆံချင်တဲ့စိတ်က ခဏခဏဖြစ်တာလည်း ရောဂါလားရှင့်။
နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ အဲဒီလိုမျိုးတွေ လုပ်ခဲ့ဖူး တာ ပြောပြရမှာလား 
ရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။ 

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏ ခဏဖြစ်တာနဲ့ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲဒီလို မဖြစ်ရင်သာ ဆေးကုဘို့ လိုပါတယ်။ ၁၉၅ဝ တုန်းက Alfred Kinsey (အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသန အရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ ဘဝ တစ်သက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ လေ့လာမှု လုပ်တော့လဲ အသက် ၁၆ နှစ်က နေ ၄၄ နှစ်
ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁% လုပ်ဖူးကြတာ သိရတယ်။






၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ် ကျော်သက်တွေကို နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm(အော်ဂဇင်မ်) လိင် ဆန္ဒပြည့် ဝမှု ဆိုတာ အခွင့်အရေး တစ်ရပ် ဖြစ်တယ်လို့တောင် လက်ကမ်း ကြော်ညာမှာ ပါသေးတယ်။
ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက် တစ်ခုက Teen pregnancy ဆယ်ကျော်သက်-ကိုယ်ဝန် ရမှာနဲ့ STDs လိင် က တစ်ဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့ လိင်မှုရေး ရာလို့ ပြောချင်တာပါ။
HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ မကူးစက်နိုင်ပါ။ 

Benefits ကောင်းကျိုးတွေ . . . 
• Intercourse တစ်ကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန် မျိုးမှာ  လုပ်နိုင်လို့ တစ်ခြား မသင့်တာမျိုး အားကိုးစရာ မလိုတဲ့ အစားထိုးနည်း ကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင် ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး အားပေးတယ် ။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှု တစ်ခု အရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ သုတ်ပိုး-ကျန်းမာရေးကို အားပေးတယ်။

• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေ တာကြောင့် ဗဂျိုင်းနာ သားအိမ်ဝ နဲ့ သား
အိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။
ဒါတွေကနေ သန္ဓေ ရစေဘို့ ပိုပြီး အဆင်ပြေစေမယ်။ ကလေး မရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေး
နည်း လုပ် အပြီး ၁-၄၅ မိနစ် အတွင်းမှာ Orgasm ရစေအောင် လုပ်နိုင်ရင် သုက်ပိုး က လိုရာ ခရီးကို ကောင်းကောင်း ရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့ တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝ က အချွဲ ကို အက်စစ်ဓါတ် ပိုစေတာမို့ ရောဂါပိုးဝင်မှာကို 
အဟန့် အတားပြုရာ ကျတယ်။ 

• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem ကိုယ့်ကိုယ်ကို
 ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန် အလှန် လိင်စိတ်ဖြေပေးကြတာဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို ဖေါ်ထုတ်ပေးမယ်။ 

• (STDs) လိင်က တစ်ဆင့်- ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။ 

• Masturbation လုပ်ပြီး Sexual climax ရစေတယ် ဆိုရင် Relaxed ကိုယ်ရော စိတ်ပါ ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep အိပ်ပျော်စေမယ်။ 

• တစ်ချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။ 

• ကိုယ်ဝန် မရစေဘူး။ 

ဘာတွေကို ဂရုစိုက်ရမလဲ 
• လက်ကို မတိုင်ခင် အသေအချာ ရေဆေးပါ။ လက်သည်းဖြတ် ထားရမယ်။ လက်မှာ အနာအဆာ မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာ ပစ္စည်းကြောင့် ဘေးဖြစ်မှာ သတိထားပါ။ ဂျာမနီမှာ တစ်ခါက အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့ ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။ 

• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအို သုံးသူတွေဆိုရင် Latex gloves(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကို အခြေခံ လုပ်တဲ့ Lubricant ချောဆီ သုံးရမယ်။ စအို နဲ့ ဗဂျိုင်းနား အပြန်အလှန် လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ ကျွတ်ကျန်နေမှာကို သတိထားရတယ်။ Methods နည်းလမ်းတွေ“ ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ ” လို့ Paul Joannides စိတ်အထူးကု ဆရာဝန်က ဆိုပါတယ်။ 

အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂) Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့ လာမှု တစ်ခုထဲက “ အသက် ၁၈ ကနေ ၆ဝ နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တစ်ဝက်   ကျော်က Vibrator သုံးတယ် ” လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual HealthPromotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။

သူတို့ဟာ Masturbation ဖါသာ- အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။ 
Fingering လက်ကို သုံးတဲ့နည်း 
• Vaginal fingering ဗဂျိုင်းနား ထဲ လက်ချောင်း ထည့်ခြင်း ဆေးစကားလဲဖြစ်၊ ဥပဒေ သုံးလဲဖြစ်တယ် ။ လက်ချောင်း တစ်ချောင်း၊ တစ်ချောင်းမက ဖြစ်နိုင်တယ်။ လက်တစ်ခုလုံး ဆိုတာလဲ ရှိသေးတယ်။ 

• Clitoris မ-အစိ ၊ Vulva မိန်းမကိုယ် ၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့ ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။ 

• ရည်ရွယ်ချက် ၂ ခု ရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊ ကဲစေ ဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလို လုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တစ်ကယ့် လိင်ဆက်ဆံမှုရဲ့ အစိတ်အပိုင်း အဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။ 

• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ သုံးနိုင်သလို Finger oneself တယောက် ထဲလဲ လုပ်နိုင်တယ်။
• မိန်းမ တစ်ယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva မိန်းမကိုယ် နေရာကို 
ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitorisမ အစိကို ပွတ်သပ်ခြင်းဟာ အဓိက အရေးပါတယ်။ 

• Clitoral body မ-အစိကိုရော Shaft အရင်နေရာပါ သုံးနိုင် တယ်။ အများအားဖြင့် Skin of the clitoral hood မ-အစိ အထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊ စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာ မှန်သမျှကိုလဲ အသုံးပြုနိုင်တယ်။ Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။ 

• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့ (ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ် ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။ 

• A-spot က သူ့ထက် ပိုနက်တဲ့ နေရာမှာ ရှိတယ်။ ဒါပေမဲ့ အဲဒီနေရာတွေ တစ်ကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။ 

• ကိုယ့်ဖါသာကိုယ် လုပ်သူတွေက ဘယ်နေရာကို ဘယ်လို လုပ်ရင် ကျေနပ်မှု ပိုစေမယ် ဆိုတာကိုယ်တိုင်သိပါတယ်။ ဆရာ ဝန်မလိုပါ။
သာယာမှု ရရင် အရည် ပိုစိုစွပ်လာမှာ အမှန်ပါ။ 

• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra ဆီးထွက်လမ်း ကနေထွက် တယ်။ Urine ဆီးတော့ မဟုတ်ဘူး။ 

• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့ အရည် Female ejaculate ထဲမှာ Antibodies (အင်တီဘော်ဒီ) တစ်မျိုးပါတယ်။
အဲဒါဟာ ယောက်ျားတွေ Prostate ဆီးကျိတ်က ထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျ အထိ လက်ထည့်ရမှာမို့ လက်ချောင်း သုံးတာကြောင့် A-spot ကို ထိစေဘို့ နည်းတယ်။ 

Vibrator တုန်ခါမှု ရှိတဲ့ ကရိယာနည်း 
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား) ရောဂါ ကုသနည်း တစ်ခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက် ကစပြီး ပေါ်ပြူလာဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှု တစ်ခု အရ အမေရိကားမှာ ၁၈-၆ဝ နှစ် အရွယ်ရှိေ ယာက်ျား ၄၆% နဲ့ မိန်းမ ၅၃% ဟာ Vibrator သုံးသတဲ့။ 

• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာ ကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါ အတွက် Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော Intercourse အတွက်ပါ အသုံးခိုင်းတာ 
 ဖြစ်ပါတယ်။ 

• Clitoral vibrator ဆိုတာ သပ်သပ် လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်း ကတော့ အမျိုးမျိုးရှိတယ်။ 

o G-Spot Vibrator ဆိုတာလဲ လာသေးတယ်။ ခပ်ကောက်ေ ကာက်ပုံ ရှိတယ်။o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအ တိုင်း အရွယ်တူ လုပ်ထားတဲ့ကစားစရာမျိုးဖြစ်တယ်။ Plastic ( ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။ 

o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်) ကိုပါ ထိမိစေဘို့လုပ် တားတယ်။ 

• ကနေဒါနိုင်ငံ က (တိုရွန်တို) လေ့လာမှု အရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို အသုံးများ ရင် တစ်ကယ်တန်း ခင်ပွန်း- အဖေါ်နဲ့ ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို Desensitize ပြောင်ပြန် 
အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။
အဲဒီ ဆရာဝန်က သူ့ လူနာတွေကို (အိုက်စ် ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့ အကြံပေးတယ်။ Autonomic nervous system အလို အလျှောက် သက်ရောက်တဲ့ အာရုံကြော စနစ်က အကျင့် ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။ 

• Vibrator သုံးရင် လိင်အင်္ဂါ နေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။ Herbenick’s vibrator survey သုတေသန အရ ၃ဝ% မှာ အဲဒီလိုဖြစ်တယ် ။ 

တစ်ခြားနည်းတွေ 
• တစ်ချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့ သွားတိုက်တံ ခေါင်းရဲ့နောက်ဖက်၊ 

• တစ်ချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊ 

• တစ်ချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တစ်ခြား နည်းနာတွေလဲ ရှိမှာပါ။ ရောဂါ မဟုတ်ပါ ။
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာ အာသာဖြေဖျောက်တာ လုပ်မိတာကို Feelguilty အပြစ် လုပ်သလို ခံစား တတ်ကြတယ်။ Sex therapists လိင်အထူးကု ဆရာဝန်တွေကတော့ အဲဒီလို မ ထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။ Solo sex တယောက်ထဲ စခန်း သွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲဒီလို လုပ်တာဟာ ကိုယ့်ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ် လုပ်တာသာဖြစ်တယ်။ သူနဲ့နေတဲ့ အခါမှာလဲ ပိုပြီး သာလွန်ကောင်းမွန်စေနိုင်သေးတယ်။ သူ့ကို ကိုယ်ကနေ ဘယ်လိုက ဘယ်လို ဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့ နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ ကူနိုင် တယ်။ Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုး ထမှု နဲ့ Orgasm (အော်ဂဇင်မ်) တွေမှာ ပိုကောင်းစေတယ်။ 

• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှု များတတ်တယ်၊ ဖိစီးမှု များတတ်တယ်။ ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။(မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ ရှိသူတွေကိုလဲ သက်သာရာ ရစေနိုင်တယ်။ ခပ်ရှားရှား တစ်ချို့ လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း) ထတတ်တယ်။
• Menstrual cramps ရာသီ လာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီ မလာခင်ဖြစ်ချင်တာတွေ ကိုပါ သက် သာစေမယ်။ Masturbation (မာစတာဘေးရှင်း) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ။

Dr. တင့်ဆွေ
Source




Comments

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall