ဇမ္ဗူ့သပြေပင်



ဇမ္ဗူ့သပြေပင်သည် ဇမ္ဗူဒိပ် ကျွန်းဦးတွင် ပေါက်သော ကမ္ဘာဦး သစ်ပင်ကြီး 
ဖြစ်သည်။

တစ်ကမ္ဘာပတ်လုံး တည်နေနိုင်သည့် သစ်ပင်ကြီး ခုနစ်ပင်တွင် ပါဝင်သော 
သစ်ပင်ကြီး ဖြစ်သည်ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာ၊ သာရတ္ထသင်္ဂဟ အဋ္ဌကထာ တို့တွင်လာသည်။

ထို ကျမ်းဂန်လာ စကားအရ ဇမ္ဗူ့သပြေပင် ၏ အမြင့် အစောက်မှာ ယူဇနာ ၁ဝဝ၊ ပင်စည် လုံးပတ် ယူဇနာ ၃ဝ ရှိ သည်ဟူ၏။

ခက်မ ငါးဖြာ ရှိ၍၊ အကိုင်းအခက် ငယ်ပေါင်းမှာ ရှစ်သောင်းရှိသည်။

အလွန် ထူထပ်သော အရွက်၊ စိပ်သော အရွက် ရှိသည်ဖြစ်၍၊ မိုးပေါက် 
ဆီးနှင်းပေါက် တို့သည် အတွင်းမဖောက် နိုင်ချေ ဟူ၍ လည်းဆိုသည်။

ဇမ္ဗူ့သပြေပင် ၏ အသီးတို့သည် လူတို့တီးသော မရိုးစည်မျှ လောက်ရှိ
ကုန်၏။

ပတ္တမြားညို အဆင်းရှိ၍ ပျားလပို့ အရသာ ကဲ့သို့ လွန်စွာချိုမြိန် ကောင်းမြတ်သော အရသာ ရှိကုန်သည်။

ထိုအသီးတို့ကို ဆင်ပမာဏ ရှိသော ငှက်ကြီးတို့သည် ဆွတ်ယူ သုံးဆောင် ကုန်၏။

တန်ခိုးကြီးသော ရသေ့ ရဟန်း တို့သည်၎င်း၊ ဇော်ဂျီ တပသီ တို့သည်၎င်း
ဆွတ်ယူ သုံးဆောင်ကုန်၏။

အရှေ့မျက်နှာ၊ အနောက်မျက်နှာ၊ တောင်မျက်နှာတို့သို့ ထွက်သော
အကိုင်းအခက် တို့မှသီးသော အသီးတို့သည် ဇမ္ဗူဒိပ်ကျွန်း အပြင်သို့ ကျ
ကုန်၏။




မြောက်မျက်နှာသို့ ထွက်သော အကိုင်း အခက်မှ အသီးတို့သည်ကား
သီတာ သမုဒ္ဒရာ သို့ ကျလေကုန် သည်။

သမုဒ္ဒရာသို့ ကျသော အသီးတို့ကား ဇမ္ဗူရာဇ်ရွှေစင် အတိချည်း ဖြစ်ကြကုန်၏။

ရွှေ မဖြစ်သေးသော အခါ အရသာ ချိုလွန်းသည်ဖြစ်၍ ငါး တို့သည်၎င်း၊ နဂါး တို့ သည်၎င်း စားကြကုန်၏ ဟူ၍ အာဒိကဏ ကမ္ဘာဦး ကျမ်းနှင့် ဇမ္ဗူဒီပ စာ
တမ်း တို့တွင် ဆိုထားလေသည်။

မဟာဝါ ပါဠိတော်တွင် မြတ်စွာဘုရားရှင် သည် ဥရုဝေဠ က  ဿပ တို့အား
တရားဟောရွတ် ချွတ်တော်မူရန် အလို့ငှာ ဇမ္ဗူ့ သပြေပင် မှ သပြေသီးကို
ယူဆောင်ခဲ့ပြီးသော် သုံးဆောင်စေသည် ။ ၎င်း သုတ္တန် ပါဠိတော်၌ ရာဇဂြိုဟ် 
ပြည်သား ရဟန်းနှစ်ပါးနှင့် ရှင်မောဂ္ဂလာန်မထေရ် တို့သည် ဇမ္ဗူ့သပြေပင်မှ
သပြေသီး ကို ယူဆောင်သုံးဆောင်ကြောင်းကို၎င်း ဖော်ပြထား၏။

ဇမ္ဗူသပြေပင်မှ အသီး တို့သည် ရေ သို့ကြွေကျသောအခါ သာယာသော 
အသံ ကိုမြည်၏။

ထိုအသံကို အစွဲပြု၍ ပြုတ်ပြုတ် ဗြုန်း ဟူသော ဗျောသံ တူရိယာ တီးလုံး သွား ကို ဖန်တီးခဲ့ကြသည်ဟု အဆိုရှိသည်။

ဤသည်ကို ရည်၍

 ရွှေဘုံနိဒါန်းတွင်၊
'ဝေဠုအညို၊ စိမ်းလဲ့စိုသား၊
မြင့်မိုရ်ထုတ်သန်း၊ မြခါးပန်းမှ၊
မယွန်းပေါ်ထူး၊ မြောက်စူးစူးဝယ်၊
ကျွန်းဦးသပြေ၊ ညမှကြွေသား၊
ကျပေ တုံလှာ၊ ရေမျက်နှာထက်၊
သံဝါကျူးလွန်၊ နစ်လေဟန်တူ၊
ပြုတ်ပြုတ် ဟူ၍၊ ပေါ်မူထူးလည်၊
ပြုန်းပြုန်းမြည်ရှင့်၊ နတ်စည် အစ၊
မပေး၍ရသား' ဟူ၍ စပ်ဆိုထားသည်ကို တွေ့ရသည်။

ကိုးကား
======
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Crd ...  မင်းသန်းနိုင်


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

HD { Hight Defination } ဆိုတာ ဘာလဲ

 
365myanmar.com - Myanmar Online Shopping Mall