အာနာပါန ကျင့်စဉ် လမ်းညွှန်နိဒါန်း



အာနာပါနကို အားထုတ်ရာ၌ အရေးတစ်ကြီး လိုက်နာရမည့် စည်းကမ်းချက်များကို သိထားဖို့လိုသည် ။

၁။ အရှည်
၂။ အတို
၃။ အစ-အလယ်-အဆုံး = အကုန်လုံး
၎။ ငြိမ်းအောင်ကျင့်ခြင်း = သိမ်မွေ့အောင်, 
ငြိမ်းအောင် = ချုပ်အောင် ကျင့်ခြင်း

ဤသို့ အဆင့် (၄) ဆင့်ရှိရာ ၀င်လေ-ထွက်လေ အာရုံ၌ ဘာဝနာ စိတ်ကို ငြိမ် ၀ပ်စွာ ကပ်တည်နေအောင် ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်   နှုတ်ခမ်း တစ်နေရာမှ စောင့်၍ လေ ဟူသည့် = (၀င်လေ - ထွက်လေ ဟူ  သည့်) ပညတ် အာရုံအတုံးအခဲ ၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ တည်နေ
 အောင် စိုက်ရှုနိုင်သောအခါ ---

၁။ အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ။

၂။ အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်  ထင် ရှားရှား သိအောင် ၀င်လေ-ထွက်လေကို ဆက်၍ ရှုရ၏။

၃။ ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ် အသက်ရှူမြန်အောင်, တစ်နည်း - ရှည်အောင်, တိုအောင် သက်သက် မပြု ပြင်ဘဲ သဘာဝအတိုင်း ပုံမှန်သာ အသက်ရှူနေပါ။

၎။ ထိုသို့ရှုရာ၌ - ဆိုလိုရင်း --- ၀င်သက်လေ-ထွက်သက်လေ ထိမှုထင်ရှား ရာ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်း အရပ်ကသာ စောင့်၍ ၀င်လေ- ထွက်လေကို သတိကပ်၍ ပွားများ အားထုတ်သူ၏ သန္တာန်၌သာလျှင် အာနာပါနဿ တိသမာဓိ ဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏ ။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)
ဤအထက်ပါ စည်းကမ်းကို လက်မလွှတ်ပါနှင့် ။




၅။ သမာဓိ အဆင့်မြင့်လာသော် ၀င်သက်လေ-ထွက်သက်လေမှာ အဆင့်  ဆင့် အလွန် သိမ်မွေ့ လာတတ်သည်။ ထိုအခါတွင် .... 

(က) အသက်ရှူနှေး၍ (ရှည်နေလျှင်) လည်း သိမ်မွေ့သော ရှည်သော လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ။

( ခ ) အသက်ရှူမြန်၍ (တိုနေလျှင်)လည်း သိမ်မွေ့သော တိုသောလေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဆက်ရှုနေပါ။

( ဂ ) ထိုအခါ၌ သိမ်မွေ့လွန်း၍ မထင်မရှား ဖြစ်လာသော ၀င်လေ-ထွက်လေကို ထင်ရှားအောင် သက်သက် ပြုပြင်၍ အသက်မရှူပါနှင့်။ သဘာဝအတိုင်း သိမ်မွေ့သော ၀င်လေထွက်လေမှာသာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ထိရာအရပ် (= နှာသီးဖျား (သို့) အထက်နှုတ်ခမ်း) ကိုလက်မလွှတ်ပါနှင့်။

၆။ နိမိတ်ပေါ်လာခဲ့သော် မီးခိုးရောင် ကဲ့သို့ ညစ်ထပ်ထပ် အရောင်မှာ 
ပရိကမ္မနိမိတ် ဖြစ်သည်။ ပကတိသော ၀င်လေ-ထွက်လေမှာလည်း 
ပရိကမ္မ နိမိတ်ပင်ဖြစ်သည်။ ပရိကမ္မနိမိတ် ဟူသည် အခြေခံ ပရိကမ္မ သမာဓိ ဖြစ်ပေါ်လာရန် အာရုံအဖြစ် ရပ်တည်၍ ကျေးဇူးပြုပေး နေသော အကြောင်းတရားဟု ဆိုလိုသည်။

၇။ ၀ါဂွမ်းစိုင် ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အရောင်နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်သည်။

ဂ။ သောက်ရှူးကြယ် ကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော နိမိတ် မှာ  ပဋိဘာဂ နိမိတ်ဖြစ်သည်။ အဆင့်အမြင့်ဆုံးသော နိမိတ်ဖြစ်သည်။ 
ဤကား ယေဘုယျ အဖြစ်များသော နိမိတ်တည်း။

၉။ သို့သော် နိမိတ်မှာ ပုံသဏ္ဌာန် အမျိုးမျိုး အရောင် အမျိုးမျိုး ဖြစ်နိုင်သည်။

၁၀။ ဘာဝနာသညာ ကွဲပြားမှု (၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၇၇။) (မဟာဋီ၊၁၊၃၃၅။)
ဆိုလိုရင်း --- တစ်ခုတည်းသော ကမ္မဋ္ဌာန်းပင်ဖြစ်လင့်ကစား နိမိတ် မပေါ်မီ ရှေ့အဖို့က ရှေးမဆွက ဖြစ်ပေါ်နေသော ဘာဝနာသညာ အမှတ်သညာ ကွဲပြားမှုကြောင့် နိမိတ် အမျိုးမျိုး အရောင်အမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ မှန်ပေသည် ဤအာနာပါန နိမိတ်သည် ဘာဝနာ သညာ  ကြောင့် ဖြစ်ပေါ်လာရ၏။ ဘာဝနာ သညာလျှင် အကြောင်းရင်းခံရှိ၏။ ဘာဝနာ သညာလျှင် အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ကွဲပြား   မှုကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်းဖြစ်၏။

၁၁။ ဘာဝနာသညာ ဟူသည် အာနာပါနကို ရှုနေသော ရင့်ကျက်လာသော   စိတ်ငြိမ်ဝပ်မှု, ၀င်လေ-ထွက်လေ အာရုံ၌ ငြိမ်ဝပ်စွာ စိတ်ကပ်တည်နေမှု    သမာဓိနှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်လာသော အမှတ်သညာတည်း။ 

ထိုအချိန်  အခါမျိုးတွင် အထူးသဖြင့် ပေါ်လာသော နိမိတ်ပေါ်၌ ဘာဝနာစိတ်ကို ငြိမ်နေအောင် လှုပ်မရအောင် ကပ်မထားနိုင်သေးသော အခါမျိုး၌ " ဤသို့သော   နိမိတ် ဤသို့သော နိမိတ်..." စသည်ဖြင့် အမှတ်သညာများ ပြောင်းရွှေ့နေပါက ထိုအမှတ်သညာ ကွဲပြားသလောက် နိမိတ်များလည်း ကွဲပြားနေတတ်ပါသည်။ 

နိမိတ်တွေ အမျိုးမျိုးပြောင်းနေပါက ဘာဝနာစိတ်မှာလည်း အာရုံတစ်ခုတည်းကိုသာ စူးစူးစိုက်စိုက် ကြာရှည်စွာ မရှုပွားနိုင်သည့် အတွက် တစ်ဖြည်းဖြည်း သမာဓိ လျောကျသွားတတ်သည်။

၁၂။ တစ်ဖန် နိမိတ်က ဝေးကွာနေခဲ့လျှင် ထိုဝေးကွာနေသော အထူးသဖြင့် နှာသီးဖျား (သို့) အထက်နှုတ်ခမ်း အရပ်တွင် ကပ်၍ တည်မနေသောဝေးကွာသော နိမိတ်ကို စိတ်လိုက်၍ စိုက်နေပါက အထက်တွင် တင်ပြထားသော ၀င်လေ-ထွက်လေထိမှုထင်ရှားရာ ဌာနဖြစ်သည့် နှာသီးဖျား,အထက် နှုတ်ခမ်းဆိုသည့် ထိရာအရပ်ကို ကျော်လွန်သွားသဖြင့် အာနာပါန ဘာဝနာသမာဓိမှာလည်း ဈာန်အဆင့်သို့ တိုင်အောင် မတိုးတက်နိုင်ဖြစ်တတ်သည်။

၁၃။ သို့အတွက် ပကတိသော ၀င်လေ-ထွက်လေမှ ဖြစ်ပေါ်လာသော နိမိတ်ကသာလျှင်, နှာသီးဖျား, အထက်နှုတ်ခမ်းအရပ်တွင် ပကတိသော ၀င်လေ- ထွက်လေ နှင့် တစ်သားတည်း တစ်ခုတည်း ဖြစ်နေသော အာနာပါန နိမိတ်က သာလျှင်, ထိုနိမိတ်၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်ပါမှ သာ  လျှင် အာနာပါနသမာဓိ ဘာဝနာသည် ပြီးစီးပြည့်စုံနိုင်ပေသည်။ ဈာန်အဆင့်သို့ တက်ရောက်နိုင်ပေသည်။ (၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၇၈။)


#ဖားအောက်တောရဆရာတော်

DATE:15.JULY.2016 AM.12:59
မဟာဗောဓိနိဗ္ဗာနပစ္စယောဟောတု . . .

Bhikkhu's Dhamma
Crd ...  ဦးပညိ န္ဒ

Comments

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall