ကွန်ပျူတာ Laptop အသစ်ဝယ်ပြီးတာနဲ့ ဘာတွေလုပ်ရမလဲ ..?

 

Laptop တစ်လုံးကို အသစ်ဝယ်ယူပြီဆိုရင် များသောအားဖြင့် ဝယ်ယူတဲ့ဆိုင်တွေမှာပဲ ရွေးချယ်ဝယ်ယူပြီး လိုအပ်တဲ့ Software တွေနဲ့ အစပိုင်းပြင်ဆင်မှုတွေကို လက်တန်းသုံးလို့ရတဲ့ အဆင့်ထိရောက်အောင် အပ်လိုက်ပြီး အကုန်လုံးပြီးမှ တစ်ခါတည်းတန်းသုံးကြတာများပါတယ်။ အခုဒီ Article ကနေပြီးတော့ ကိုယ့်စိတ်တိုင်းကျပြင်ဆင်နိုင်ဖို့နဲ့ နောက်ပိုင်းသုံးနေတဲ့အချိန်မှာ error မတက်အောင် ဝယ်ယူပြီးတာနဲ့ ဘာတွေပြုလုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


(၁) Windows ကို အသစ်ပြန်တင်နိုင်တယ်ဆိုရင် ပြန်တင်ပါ

လက်ရှိ ရောင်းချနေတဲ့ Laptop ကွန်ပျူတာတွေက Cracked Windows နဲ့ အခြား Software အနည်းငယ်ပါဝင်ပြီးသားပါ။ ဒါပေမယ့် သူ့မှာပါတဲ့ Windows တွေက Windows 10 ဆိုရင်တောင် Version နိမ့်နေတတ်တဲ့အတွက် ဖြစ်နိုင်ရင် Latest Windows CD တစ်ချပ်ဝယ်ပြီး Windows အသစ်ပြန်တင်လိုက်တာက နောက်ပိုင်း Internet ချိတ်သုံးတဲ့အခါမှာ နောက်ကွယ်ကနေ အလိုအလျောက် Windows Update download ဆွဲနေတာကို ကာကွယ်ပြီးဖြစ်သလို Features အသစ်တွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့အချက်က Hard disk Partition ကို Windows အသစ်ပြန်တင်တာဖြစ်တဲ့အတွက် ကိုယ်နှစ်သက်သလို ပြန်ပိုင်းလို့ရတာပါ။


(၂) နောက်ပိုင်း Internet ချိတ်ပြီး အသုံးပြုရဖို့ရှိတယ်ဆိုရင် Windows Update အရင်လုပ်တာ (သို့) ပိတ်ပစ်ပါ ။

ဒီအချက်ကတော့ လူတစ်ယောက်ချင်းစီပေါ်မှုတည်ပြီး ကွဲပြားမှာဖြစ်ပြီး တစ်ကယ်လို့ Windows 10 လိုမျိုး Features Update မကြာမကြာထွက်တဲ့ Windows ကို အသုံးပြုနေပြီး ကိုယ်တိုင်ကလည်း Features အသစ်တွေကို သုံးချင်တယ်ဆိုရင်တော့ Update ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ဟာ Computer ဝယ်ယူပြီးပြီးချင်း အချိန်ပဲဖြစ်ပါတယ်။ Data ပျက်မှာမဟုတ်ပေမယ့် အခြား Data တွေ Software တွေမသွင်းရသေးတဲ့အတွက် Update ပြုလုပ်တဲ့အချိန်က ပိုပြီးမြန်ဆန်မှာဖြစ်ပါတယ်။


တစ်ကယ်လို့ Update လုပ်ရတာ စိတ်မဝင်စားဘူး၊ ဒါမှမဟုတ် အင်တာနက် အခက်အခဲရှိတယ်ဆိုရင် Windows Update ကို ပိတ်ထားတာအကောင်းဆုံးပါ။ ဆိုင်က Technician ကို အကူအညီတောင်းနိုင်သလို This PC (My Computer) ကို Right Click နှိပ်ပြီး Manage – Service & Applications – Services မှာ Windows Update ကို ရှာပြီး Disable လုပ်လိုက်ရင် အလိုအလျောက် Update လုပ်နေမှာမဟုတ်တော့ပါဘူး။


(၃) Browser, Media Player နဲ့ အခြားသော လိုအပ်တဲ့ Software တွေကို သွင်းပါ ။

ဒီအချက်ကတော့ ကိုယ်ဝယ်ယူတဲ့ဆိုင်ကို အကူအညီတောင်းလို့ရတဲ့ အပိုင်းပါ။ ကျွန်တော်တို့ကတော့ Browser, Media Player စတဲ့ Software အသေးတွေကို နောက်ဆုံး Version ကို ကိုယ်တိုင် Download ဆွဲပြီးသွင်းတာကို ပိုအားပေးပါတယ်။ MS Office, Photoshop နဲ့ အခြား Software အကြီးတွေကိုပဲ ဆိုင်ကို အဓိကသွင်းခိုင်းတာ အဆင်ပြေမှာပါ။


(၄) Windows Defender (သို့) အခြား Anti-Virus ကို တစ်ခါတည်း Update ပြုလုပ်ပါ ။

Virus ဝင်ရောက်တာက ကွန်ပျူတာတွေမှာ အဆိုးဝါးဆုံး ပြသာနာတွေထဲမှာပါပါတယ်။ Windows Defender လို Anti Virus က Windows 8 မှာထဲက တစ်ပါတည်း ပါဝင်ပေမယ့် တစ်ကယ်ထိရောက်စွာအသုံးပြုနိုင်ဖို့ဆိုရင် Virus & Spy Definitions က Up to Date ဖြစ်နေဖို့ လိုအပ်ပါတယ်။ အချို့သော Laptop Brand တွေက McAfee, Norton စတဲ့ License Anti Virus Software တွေကို လက်ဆောင်ပေးတတ်လေ့ရှိပြီး အဲ့လိုပေးတယ်ဆိုရင်လည်း တစ်ခါတည်းသွင်းပြီး Update လုပ်ထားသင့်ပါတယ်။


(၅) Drivers တွေကို Update လုပ်လိုက်ပါ ။

ဒီအချက်က ကျိန်းသေလိုအပ်တဲ့အချက် မဟုတ်ပေမယ့် အချို့သော Graphic Card သီးခြားပါဝင်တဲ့ Laptop တွေမှာ Graphic Driver ကို Update ပြုလုပ်လိုက်တာက Game ဆော့တဲ့အချိန်တွေမှာ ပိုသိသာနိုင်တဲ့အတွက်ကြောင့် Graphic Driver တွေကိုတော့ Update အမြဲလုပ်နေတာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။


ကျန်တဲ့အရာတွေကတော့ Desktop Wallpaper, Windows Themes တွေပြောင်းတာ၊ Taskbar or Start Menu မှာ ကိုယ်အသုံးများတဲ့ Software တွေကို Pinned ပြုလုပ်ထားတာ…အစရှိတာတွေပြုလုပ်ပြီးရင် ကိုယ်ကိုယ်တိုင် စိတ်တိုင်းကျပြင်ဆင်ထားတဲ့ Laptop ကွန်ပျူတာတစ်လုံးကို သုံးစွဲနိုင်ပြီဖြစ်ပါတယ်။


Crd: Original Uploader





Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

 
365myanmar.com - Myanmar Online Shopping Mall