အဖေ့ စကား






( အသက် ၄၅ နှစ် အရွယ်ရှိ ကျောင်းဆရာဖြစ်သူ ပေါလ် ဟာ အရေပြား ကင်ဆာရောဂါ နဲ့ သူ မကြာမီ လူ့ လောက မှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလား မမြောက်သေးတဲ့ ၅ နှစ် နဲ့ ၁ နှစ်ခွဲ အရွယ် ကလေး ငယ် များ နောင်တစ်ချိန် အရွယ်ရောက်လာတဲ့အခါ ဖတ်ဖို့ ရေးထားခဲ့ တဲ့ စာပါ။)

၁။ ယဉ်ကျေးသိမ်မွေ့ပါ။ အချိန် တိကျပါ။ ကျေှးဇူးပြု၍၊ ကျေးဇူးတင်ပါတယ် ဆိုတာကို အမြဲတမ်း ထည့်ပြောပါ။

၂။ သင်ကိုယ်တိုင်ပြဿ       နာ ရှိသော်လည်း တစ်ခြားသူ ဒုက္ခရောက်တဲ့အခါ ထောက်ထား ညှာတာပါ။ ကရုဏာ ထားပါ။ အချိန်တန်တဲ့အခါ သင့်ရဲ့  ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို လေးစား အံ့သြပြီး သင့်ကို ကူညီလာပါ လိမ့်မယ်။

၃။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ စိတ်ဓါတ်ကို အားထုတ်ကျင့်ကြံပါ။ သင့်အတွက် မထင်ပေါ်သော်ငြား မှန် တယ်ထင်ရင် လုပ်ပါ။ မနက်တိုင်း ကိုယ့်ကိုယ်ကို ဘာအပြစ်မှ မကျုးလွန်ပါ (သို့) ကိုယ်လုပ်ခဲ့ သမျှ ကို နောင် တ မရပါဆိုတဲ့ အကောင်းအဆိုး ခွဲခြားသိတဲ့ စိတ်နဲ့ မှန်ကြည့် နိုင်အောင် ကြိုးစားပါ။

၎။ မိမိကိုယ် ကို နှိမ့်ချပါ။ မိမိရဲ့ အယူအဆ၊ နေရာကို မပြောင်းလဲဘဲ မနေဘဲ တစ်ဖက်သား ပြောတဲ့အပေါ် မူတည်ပြီး မိမိမှားမှန်း သိရင် ရပ်တန်းက ရပ်ပြီး နောက်ပြန်ဆုတ်ပါ။ အရိုအသေ တန်မှာ အရှက်ရမှာ မစိုး  ရိမ်နဲ့။ သင်ဟာ တစ်ယူသန် ခေါင်းမာတဲ့သူ မဖြစ်ပါစေနဲ့။

၅။ သင့် အမှားများစွာမှ သင်ယူနိုင်အောင် ကြိုးစားပါ။ သင်ဟာ ပြဿ        နာ တစ်ခုခု နဲ့ ကြုံလာတိုင်း ဆက်   ပြီး တူညီတဲ့ အမှားမျိုး လုပ်မယ်ဆိုရင် သင်ဟာ တစ်ခုခုတော့ မှားနေပြီ။

၆။ သူတစ်ပါး အား မထီမဲ့မြင် မလေးမစား ပြုမူ မဆက်ဆံပါနဲ့။ မိမိ အတွက် လည်း မကောင်းပါ။ ပြဿ       နာ တခုခု ရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေး တိုင်ပင်ပါ။

၇။ ရန်စ ကို ထိန်းချုပ်ပါ။ တစ်စုံ တစ်ယောက်က ကိုယ့်ကို ဆန့်ကျင် တိုက်ခိုက် လာရင်လည်း ချက်ချင်း မတုန့်ပြန် ပါနဲ့။ ဒေါသ ထွက်ရင် စကားထဲက အမှား ပါလာ တတ်ပါတယ်။ သည်းခံခြင်းက ကိုယ့်အတွက် ထိုက်တန်တဲ့ အခွင့် အရေး ရလာပါလိမ့်မယ်။

၈။ ပျော်ပျော်နေပါ။ မိမိထက် နိမ့်ကျပြီး ကံမကောင်း အကြောင်းမလှတဲ့ သူများကို ပေးကမ်း ရက်ရော ကူညီပါ။ ဒါဟာ လုပ်သင့် လုပ်ထိုက်ပြီး မိမိ အတွက် ခက်ခဲတာလည်းမဟုတ်။

၉။ အမြဲတမ်း အကောင်းမြင်တတ်ပါစေ။ ဥပမာ- ဖန်ခွက်ထဲကရေဟာ တစ်ဝက်ပြည့်နေတာ။ တစ်ဝက်မရှိတာ မဟုတ်ဘူး။ ကံဆိုးမှုတိုင်းကို ရှာဖွေ သင်ခန်းစာယူတတ်ရင် ကောင်းမွန်တဲ့ အကျိုး ရလဒ်ကို ရရှိနိုင် မှာ ဖြစ်ပါတယ်။



၁၀။ တစ်ခုခု ကို လုပ်ဖို့ အကျိုးအကြောင်း ရှာဖွေပါ။ အမြဲတမ်း "YES" ဆိုတာ ပြောဖို့ အသိစိတ် မွေးရပါ မယ်။ "NO" ပြောဖို့ မကြံပါနဲ့။ အဲဒီအတွက် သင့် မိတ်ဆွေဟာ သင့်ကို ချစ်ခင်လာပါလိမ့်မယ်

၁၁။ သူများနဲ့ ပိုင်ပိုင်နိုင်နိုင် တိုင်ပင် ညှိနှိုင်းခြင်းဖြင့် သူတို့အကြိုက် ကို ပို၍ သင် လိုက်လျောပေးနိုင်ရင် သင်လည်း လိုအပ်တာ ထက် ပိုမို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

၁၂။ အဖွဲ့ အစည်း၊ ပါတီဖိတ်ကြားခြင်းကို ယဉ်ကျေးပျူ   ငှာစွာ လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ အမြဲတမ်း လက်ခံ တက်ရောက်ပါ။

၁၃။ မိမိထက် အဆင့်အတန်း၊ ရာထူး နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည် ဖြစ်စေ အမြဲတမ်း တန်းတူ ဆက်ဆံရပါမယ်။ သင့်ထက် ဝါကြီးသူကို ရိုသေ ကိုင်းရှိုင်းရပါမယ်။ ဖော်လံဖားသူ မဖြစ်ပါစေနဲ့။ ရွယ်တူကို လေးစားပါ။

၁၄။ သင့်မောင်နှမ သားချင်း များရဲ့ အကြိုက်ကို ဦးစားပေးပါ။ မိမိ ကိုယ်ကိုနဲ့ မိမိနိုင်ငံ ကို ဂုဏ်ယူမြတ်နိုးပါ။ တစ်ခြား တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာ စကားများကိုလည်း လေ့လာပါ။ သင်တစ်ခြား တိုင်းပြည် သို့ ခရီး သွားတဲ့ အခါမှာ မိမိ တိုင်းပြည်ဟာ ကမ္ဘာ မှာ ဘယ်လောက် အရေးပါတယ်၊ မပါဘူး ဆိုတာကို သိလာပါလိမ့်မယ်။ သိပ်ပြီး သွေးကြီးပြီး ဘဝင်မမြင့်ပါနဲ့။

၁၅။ ရည်မှန်းချက် ကြီးကြီး ထားပါ။ မိမိ တတ်ကျွမ်းတဲ့ ပညာနဲ့ ကြိုးစား လုပ်ကိုင်ပြီး အခွင့်အရေး ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပါ။

၁၆။ နေ့စဉ် လုပ်ရမယ့် အလုပ်ကို ပြီးမြောက်အောင် လုပ်ပါ။ အချိန် မဆွဲပါနဲ့။

၁၇။ ကျောင်းမှာ အတော်ဆုံး ဖြစ်အောင်လုပ်ပါ။ ဆရာ၊ ဆရာမ များ သင်ကြားတာ အပြင် မိမိ ကိုယ်ကို တီထွင်ကြံဆပါ။

၁၈။ သင် တတ်နိုင်တဲ့ အတိုင်းအတာ အထိ သုံးစွဲပါ။ အလွန် အမင်းလည်း ခြိုးခြံ မချွေတာပါနဲ့။ သူ့ ဈေးနှုန်းနဲ့တန်တဲ့ ပစ္စည်းမျိုးရှာဖွေဝယ်ယူပါ။

၁၉။ ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ဖခင် မရှိပေမဲ့ သတ္တိရှိပါ။ ကြင်နာ ရက်ရောပါ။ ကျန်းမာ သန်စွမ်းအောင် နေပါ။ မိမိ ကံကြမ္မာ ကို ကောင်းအောင် ဖန်တီးပါ။

၂၀။ မိမိ ကိုယ်ကို ဘယ်တော့မှ ဝမ်းနည်း အားငယ် မနေပါနဲ့။ ငိုယိုခြင်း ကနေ ဘာမှကောင်းတာ ဖြစ်မလာဘူး။

၂၂။ ဘာသာစကား တစ်ခုခု ကို လေ့လာသင်ယူ လိုက်စားပါ။ အထူး သဖြင့် နိုင်ငံတစ်ကာသုံး အင်္ဂင်္လိပ်စာကို ကျွမ်းကျင်အောင် ပြုလုပ်ပါ။

၂၃။ နောက်ဆုံး အနေနဲ့ သင့် မိခင် ကို သေချာ ဂရုစိုက်ပါ။ ချစ်ခင်ကြင်နာ ယုယပါ။


creditး အမည်မသိသော ဘာသာပြန်သူသို့
နည်းစနစ်ကျကျအတွေးအခေါ်


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall