ဟာဝိုင်ယီ လူမျိုးများ၏ အသက်ရှည်အောင် နေထိုင်နည်းများ




ဟာဝိုင်ယီ လူမျိုးတွေဟာ အမေရိက တိုက်မှာ အသက်ရှည်ဆုံး လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေနဲ့ နှလုံးသွေးကြော ရောဂါကြောင့် သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပြီး အဝလွန်နှုန်းနဲ့ ဆေးလိပ် သောက်နှုန်း ဟာလည်း သိသိ သာသာ နည်းပါးနေတာကြောင့် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားတာလို့ သိရပါတယ်။ အသက်ရှည်ရှည် နေနိုင်ဖို့ ဟာဝိုင်ယီ လူမျိုးတွေ ရဲ့ အမူအကျင့် ငါးမျိုး ကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

ကျန်းမာရေး အမူအကျင့် (၁)

ဟာဝိုင်ယီ လူမျိုးတွေဟာ ငါးများများ စားပါတယ် ။

ငါး စားတာကြောင့် အသား ဓာတ်တွေ ရရှိစေတဲ့ အပြင် နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အိုမီဂါသရီး ဖက်တီး အက်စစ်လည်း ရရှိနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ


ငါးသေတ္တာ၊ ငါးတန်၊ ငါးကြင်း၊ ငါးမြင်း နဲ့ ငါးသလောက် လိုမျိုး ငါးတွေမှာ အိုမီဂါသရီး များများ ပါဝင်ပြီး မာကျူရီ ပါဝင်မှု အဆင့်လည်း နည်းတာကြောင့် အနည်းဆုံး တစ်ပတ် ကို နှစ်ကြိမ် ငါးစားပေးပါ။

ကျန်းမာရေး အမူအကျင့် (၂)

သူတို့ဟာ လတ်ဆတ် တဲ့ သစ်သီး နဲ့ ဟင်းသီး ဟင်းရွက် များများ စားပါတယ်။ ဟာဝိုင်ယီ လူမျိုး အများစုဟာ နေ့စဉ် သတ်မှတ်ထားတဲ့ လိုအပ်ချက် ဖြစ်တဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် ငါးပုံထက် ပိုစားလေ့ ရှိကြပါတယ်။ ဒါကြောင့် အဝလွန် တာနဲ့ ကင်ဆာ လိုမျိုး ကျန်းမာရေး ပြဿ      နာတွေ ဖြစ်နိုင်ခြေ အရမ်း နည်းသွားပါတယ်။

ဘယ်လို လုပ်ရမလဲ

လတ်ဆတ်တဲ့ သစ်သီးတွေ ဖြစ်တဲ့ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ နာနတ်သီး နဲ့ သရက်သီးတွေ များများ စားပေးပါ။ တောက်ပတဲ့ အရောင် ရှိတဲ့ သစ်သီးတွေမှာ ကင်ဆာ ကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စုည်းတွေ များများ ပါဝင်လို့ပါ။ ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ဘူးညွန့် နဲ့ ကိုက်လန် လိုမျိုး အစိမ်းရောင် ဟင်း သီး ဟင်းရွက်တွေလည်း စားပါ။



ကျန်းမာရေး အမူအကျင့် (၃)

သူတို့ဟာ ဘယ်တော့မှ အလောတကြီး လှုပ်ရှားတတ်သူတွေ မဟုတ်ပါဘူး..

စိုးရိမ် ပူပန်မှု များလွန်းတဲ့ ဘဝနေထိုင်မှု ပုံစံကြောင့် နှလုံးရောဂါ က စပြီး စိတ်ကျရောဂါ အထိ ရောဂါ အမျိုးမျိုး ဖြစ်နိုင်ခြေ များပါတယ်။ ဟာဝိုင်ယီ လူမျိုးတွေဟာ ဘယ်တော့မှ အလောတစ်ကြီး လှုပ်ရှားတတ်သူတွေ မဟုတ်ပါ ဘူး။ အေးအေးဆေးဆေး နေထိုင်တတ်ပြီး စိုးရိမ်ပူပန်မှု နည်းတတ် သူတွေပါ။

ဘယ်လို လုပ်ရမလဲ

သင်ဟာ ဖိစီးမှု များတဲ့ အခြေအနေ မှာ ရှိနေရင် စိတ်ဖြေလျှော့နည်း ဒါမှမဟုတ် ပျော်ရွှင်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပါ။ ခြံထဲ က ပန်းပင်တွေကို ပြုပြင်တာ ဒါမှမဟုတ် သင့်ခွေးတွေနဲ့ ဆော့ကစားတာ လိုမျိုး လုပ်ပါ။ ဒုတိယ အနေနဲ့ ဖြည်းဖြည်းနဲ့ အသက်ပြင်းပြင်း ရှူပါ။ သင့် ဦးနှောက်ကနေ စိတ်ကို ငြိမ်းချမ်းစေမယ့် ဘီတာ Endorphins တွေကို ပိုထုတ် နိုင်အောင်လို့ပါ။

ကျန်းမာရေး အမူအကျင့် (၄)

မိသားစုဝင် အချင်းချင်း နွေးထွေးမှု ရှိကြပါတယ်

ဟာဝိုင်ယီ မှ ၈၀ ရာခိုင်နှုန်းသော မိဘတွေ နဲ့ သူတို့ ကလေးတွေဟာ သူတို့ အဘိုးအဘွား နဲ့ အနည်းဆုံး တစ်ပတ် တစ်ကြိမ် တွေ့ဆုံလေ့ ရှိကြပြီး ဟာဝိုင်ယီ မိသားစု လေးပုံ သုံးပုံခန့်ဟာ တစ်ပတ် ကို အနည်းဆုံး ငါးကြိမ်ခန့် ထမင်း အတူတူ စားကြတယ်လို့ သိရပါတယ်။ မိသားစုဝင် အချင်းချင်း နွေးထွေးမှု ရှိကြတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပြီး ခုခံအား စနစ် သန်စွမ်းကာ အသက်ရှည်အောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လို လုပ်ရမလဲ

မိသားစုနဲ့ အမြဲတမ်း ညစာ အတူတူ စားပါ။ အကယ်၍ သင်ဟာ မိသားစုနဲ့  ခွဲနေရသူ ဖြစ်ရင် အနည်းဆုံး တစ်ပတ် တစ်ကြိမ် ဖုန်းပြောပါ။

ကျန်းမာရေး အမူအကျင့် (၅)

နေခြည်နုနု ကို ခံယူတတ်ကြပါတယ်

နေရောင်ခြည် ကို ကြိုက်နှစ်သက်တယ် ဆိုပေမယ့် သူတို့ဟာ နေပူရှိန် ပြင်းလွန်းတဲ့ မနက် ၁ဝ နာရီ နဲ့  ညနေ ၄ နာရီ ကြားမှာ အပြင် မထွက်ပါဘူး။   နေရောင်ခြည် ခံဖို့ အိမ်ပြင် ထွက်ရင်လည်း နေရောင် ကာ လိမ်းဆေး လိမ်းပြီး၊ အနား အပြားကြီး ပါတဲ့ ဦးထုပ် ဆောင်းကာ လုံခြုံတဲ့ အဝတ်အစား ကို ဝတ်လေ့ ရှိကြပါတယ်။

ဘယ်လိုလုပ်ရမလဲ

သင်လည်း နေခြည်နုနု ရအောင် မနက် ၁ဝ နာရီ မထိုးခင် နဲ့ ညနေ ၄ နာရီ နောက်ပိုင်း အိမ်ပြင် ထွက်ပါ။ SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ နေရောင်ကာ လိမ်းဆေး အသုံးပြုကာ နေကာ မျက်မှန် နဲ့ လုံခြုံတဲ့ အဝတ်အစားကို ဝတ်ဆင်ပြီးမှသာ နေခြည်နုနု ခံယူပါ။




Credit to ဒေါက်တာခင်မိုးမိုး

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall