Posts

လူအများ သိကြသည့် ခုနှစ်စဉ်ကြယ်

Image
ခုနှစ်စဉ်ကြယ် ကို ကျွန်တော်တို့ တော်တော် များများ သိကြသည်။ မြောက် ဘက် ကောင်းကင်ယံ တွင် အလွန် ထင်ရှားသော ကြယ် အစုအဝေး ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ လူမျိုးများ အတွက် ခုနှစ်စဉ်ကြယ် သည် မြန်မာ ဂဏန်း (၇) နှင့် ပုံသဏ္ဍန် အားဖြင့် အလွန်ပင် နီးနီးစပ်စပ် တူညီသည့် အတွက် ခုနှစ်စဉ်ကြယ်ဟု ခေါ်ခဲ့ကြသည်ဟု ထင်မိပါသည်။ မြန်မာတို့က ခုနှစ်စဉ် ကြယ် ဟု အမည်ပေးခဲ့သည့် အပြင် ကြယ်များကိုလည်း ဦးခေါင်းဘက် မု စတင်၍ ကြာသပတေးကြယ်၊ အင်္ဂါကြယ်၊ စနေကြယ်၊ ဗုဒ္ဓဟူးကြယ်၊ သောကြာကြယ်၊ တနင်္ဂနွေကြယ်၊ တနင်္လာကြယ် ဟု အစဉ်အတိုင်း ကြယ်တစ်လုံးစီ ကို အမည်ပေးခဲ့ကြသည်။ အတိုကောက် အားဖြင့် နေ့သင့် နံသင့် ကဗျာသဏ္ဍန် အမည်ပေးခဲ့ကြသည်။ ကဗျာ မှာ မ,စက်,တတ်,လေ၊ သည်း,အူ,ကြွေ၊ ရေလေ အစ၊ ဦးခေါ်င်းက ဟူ၍ဖြစ်သည်။ နေ့သင့် နံသင့်ပြန် ဆိုကြည့်ပါက အထက်ပါ အစီအစဉ် အတိုင်း ကြယ်များ၏ အမည်ကိုတွေ့ရမည် ဖြစ် သည်။ ခုနှစ်စဉ်ကြယ် အပြင် အချို့နေရာများတွင် ကြယ်ရေမှုတ်၊ ကြယ်မိချောင်း စသည်ဖြင့် အခေါ်အဝေါ်များလည်း ရှိခဲ့သည်။  သို့သော် အမေရိကန် လူမျိုး များ အမြင်တွင် ဟင်းခတ်သည့် ယောက်ချို ဇွန်းကြီး ပုံသဏ္ဍန် ရှုမြင်ခဲ့ကြသည်။ သို့အတွက် ယောက်ချိုဇွန်ြး ကီး (Big Dipper) ဟု...

သိုင်း ၏ အနက် အဓိပ္ပာယ်

Image
သိုင်း ၏ အနက် အဓိပ္ပာယ်မှာ ...... "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊  "သိ" သိမြင်ခြင်း နားလည်ခြင်း၊  "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊  "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။ သိုင်း ဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။ မြန်မာ့သိုင်း မြန်မာ့သိုင်းတွင် ပွဲကျောင်း၊ မင်းကျောင်း၊ နန်းတွင်းသိုင်း၊ မျိုးနွယ်စုပိုင် သိုင်းများ  ရှိသည်။ ထိုမြန်မာ့သိုင်းပညာရပ်တွင်  လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်း၊ ကြိုးသိုင်း၊ ခဲပစ်၊ စူးပစ်၊ လှံပစ်၊ မြှားပစ်၊ လင်းလေး၊ ဒူးလေးပစ်၊ တုတ်သိုင်း၊ တင်ကျည်းသိုင်း အစရှိသော သိုင်းပညာ များကို သင်ကြားရသည်။ ထိုသို့ သိုင်းပညာ အကုန်အစဉ် တတ်အောင် သင်ပါက အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ကြာအောင်သင်ရသည်။ ဗန်တိုဗန်ရှည် မြန်မာ့သိုင်း ဟုခေါ်သော ဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ် ကိုယ...

လောကမှာ မိမိ အတွက် နေရာ တစ်နေရာတော့ ရှိပါတယ်

Image
လောကမှာ မိမိ အတွက် နေရာ တစ်နေရာတော့ ရှိပါတယ် ။ လူတိုင်း အတွက်တော့ မိမိ က အရေးပါ အရာရောက်တဲ့လူတော့ မဖြစ်နိုင်ပါဘူး ။ တစ်ချို့နေရာမှာ မိမိ က လူပို ဖြစ်နေတတ်ပေမယ့် ၊ တစ်ချို့ နေရာတွေမှာတော့ မရှိ မဖြစ်လိုအပ်တဲ့ လူ ဖြစ်နေတတ်ပါတယ် ။  လူမှန် နေရာမှန် မရောက်တဲ့ အချိန်မှာ ခဏတော့ စိတ်ထဲ ဝမ်းနည်း သလို ၊ အရေး မပါ အရာ မရောက်တဲ့ လူ အဖြစ် ခံစားရတတ်ပါတယ် ။ ထိုသို့ တစ်ယောက်တည်း စိတ်ထဲ ဝမ်းနည်းလာတာမျိုး ကို ကြိတ်ပြီး မခံ စားပါနဲ့ ။ တစ်ခြား အရာတစ်ခုခု ကို စိတ်ပြောင်းသွားအောင် ပြုလုပ်ပေးပါ ။ သူငယ်ချင်းတွေနဲ့ အတူတူ အပြင် ထွက်လည် လိုက်တာမျိုး ဖြစ်ဖြစ် ပြုလုပ်ပေးပါ ။ ရုပ်ရှင်ကား အသစ် ကို ကြည့် လိုက်ပြီး စိတ်ပြောင်း လိုက်တာမျိုး ၊ အစာ ထွက်စားပေးတာမျိုး လုပ်ပေးပါ ။ ခရီးထွက်ပေး ခြင်း ကလည်း စိတ်ကို ကုသ ပေးနိုင်တဲ့ နည်းကောင်း တစ်ခု ပါပဲ ။ မိမိအားလပ်ရက် ပေါ် မူတည်ပြီး ခရီးကို ထွက်ပေးပါ ။ အချိန် သိပ်မရှိရင် နေ့ချင်းပြန် သွားနိုင်တဲ့ နေရာတွေကို သွားရောက် ပေးနိုင်ပါတယ် ။ မရောက်ဖူးတဲ့ နေရာ အသစ်တွေကနေ အတွေ့အကြုံ အသစ်တွေ ၊ အစား အစာ ၊ ယဉ်ကျေးမှုတွေကို လေ့လာပေးပါ ။ မိမိ အကူ အညီ လိုအပ်နေတဲ့ သူတစ်ယောက် ယောက် ကို က...

အောင်မြင်ချင်ရင် ကိုယ့်အကြောင်းကို အရင်စဉ်းစား

Image
သင်ဟာ အောင်မြင်ချင်တဲ့ သူတစ်ယောက်လား.... ? ဒါဆိုရင် သူများအကြောင်းတွေ လေ့လာဖို့ထက် ကိုယ့်အကြောင်းကို သိဖို့ ပိုအရေးကြီးပါတယ်။ ဘီဂိတ်လ် မနက်ကျရင် ဘာလုပ်လဲ ဆိုတာကို သိဖို့ထက် သင် မနက် ကျရင် ဘာလုပ်မှာလဲ ဆိုတာက ပိုအရေးကြီးပါတယ်။  စတိဂျော့ ဟာ ဘာလုပ်လို့ အောင်မြင်သွားတယ် ဆိုတာထက် သင့် အနေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတာ ပိုအရေးကြီးပါတယ်။ (အောင်မြင်တဲ့ သူတွေကို  မလေ့လာရဘူးလို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကို အရင်လေ့လာဖို့ လိုတယ်လို့ ပြောတာပါ။) . သေချာတာ ကတော့ ဘီဂိတ် ဟာ သူ့ရှေ့က အိုင်းစတိုင်း ကို အားကျနေတာထက် စာရင် သူ့အောင်မြင်မှုကိုပဲသူ ခေါင်းထဲထည့်တယ်။ စတိဂျော့ဟာ ဂရေဟမ်ဘဲလ် ကို ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်မယ့်အစား သူ့အလုပ်ကိုပဲ သူကောင်းအောင်လုပ်တယ်။ . အောင်မြင်ချင်တဲ့ သူတစ်ယောက် အနေ နဲ့ အောင်မြင်သူတွေရဲ့ အမူအကျင့်ကို လေ့လာတာ ကောင်းပါ တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အောင်မြင်တဲ့ အပြုအမူတွေကို လုပ်ဆောင်ဖို့က ပိုအရေးကြီးပါတယ်။ 

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Image
မြန်မာ မဟာဘုတ် ဗေဒင် ပညာ မိမိ ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍ ၇ နှင့် စားပါ  ။   ဥပမာ -မိမိ ဟာ ၁၃၅၀ မွေးတယ် ဆိုပါတော့။ ၁၃၅၀ ကို ၇ နဲ့ စားရင် ၆ ကြွင်းတယ် (၁၃၅၀ ÷၇=၆)   ၆ကြွင်း ကို ကြည့်လိုက်ပေါ့။ ၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား ၊  ၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား   ။  မြန်မာမွေးနှစ် မသိတဲ့လူတွေ  အတွက်တော့..အောက်က Link ကိုနှိပ်ပြီ အင်္ဂလိပ်ခုနှစ်ကို မြန်မာ  ခုနှစ်ပြောင်းပြီးကြည့်နိုင်ပါတယ်။    http://www.mmcalendar.com/ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိ ဖွား ၀ခုကြွင်းကြာသပေ တး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူး သား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာ...

အနောက်တိုင်း ဂဏန်းဗေဒင် က ပြောတဲ့ သင့် အမည်

Image
ဂဏန်းဗေဒင်ပညာ က ကိန်းဂဏန်းတွေနဲ့ သူတို့ရဲ့ လွှမ်းမိုးမှုတွေကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ နာ မည် တစ်လုံးမှာ ဆိုရင် ကိုယ့် နာမည်ထဲမှာ ရှိတဲ့ သရ စကားလုံးတွေက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်း ရှိတယ် လို့ ပညာရှင်တွေကဖော်ပြထားပါတယ်။  ဒါကြောင့် နာမည်ထဲက သရ စကားလုံး (a,e,i,o,u) တွေ အားလုံးကို ပေါင်းပြီး ရလာတဲ့ ဂဏန်းက ကိုယ့်ရဲ့ ကံကြမ္မာ ကို သတ်မှတ်ပေးတဲ့ ဂဏန်းလို့ ဆိုရပါမယ်။ ဒီလို ပေါင်းတဲ့ အခါမှာ a =1,e=2 , i=3 ,o =4, u=5 လို့ ယူပြီး ဂဏန်း အားလုံးကို တစ်လုံးထဲ ရသည် အထိ ပေါင်းရပါမယ်။  ဥပမာ .. သင့်နာမည် အားလုံးပေါင်းခြင်း 99 ရတယ် ဆိုပါစို့ ။ 99=9+9=18 ရရင် 1 +8 =9 အထိရောက်အောင် ဆက်ပေါင်းရတဲ့ အတွက် သင့် နံပါတ်က 9 ဂဏန်းဖြစ်ပါတယ်။  ၁ ဂဏန်း –  ခေါင်းဆောင်နိုင်ခြင်းနဲ့ အင်အားပြည့်ဝခြင်းကို ပြပါတယ်။ တိုးတက်နိုင်ချေ အများကြီး ရှိသလိုထူးခြားတဲ့ ဖန် တီးနိုင်စွမ်း အပြည့်ရှိပါလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ ယုံကြည်ချက်တွေက ကိုယ်ချင်းစာစိတ်နဲ့ တစ်ယူသန် မထားတဲ့ အမြင် တို့နဲ့ ပေါင်းစပ်မှ အန္တရာယ် မပေးနိုင်တဲ့ အောင်မြင်မှုရပါလိမ့်မယ်။ ၂ ဂဏန်း –  ဒေါသဖြစ်နေတဲ့ လူ...

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

Image
မူလ (၁) ဂဏန်းသမား အကြောင်း မူလ ဂဏန်း (၁) ရတဲ့ လူဟာ အသားအရည် က ဖြူဖတ်ဖြူရော် ရှိတတ် တယ်ကွ။ ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက် က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင် တို့ ဘာတို့ ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ ရှိတယ်။ ပြီးတော့ လူအများစုနဲ့ မနေဘဲ တစ်ကိုယ်ရေ တစ်ကာယ နေတတ်တယ်ကွ။ နောက်တစ်ခုကတော့ (၁) ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁) ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ဉာဉ်လဲရှိတယ်။ အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက် ၁၀-ရက် ၁၉-ရက် ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘော အရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။ ၁- ဂဏန်း သမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်ကွ။ ဘယ်လို အသက်မွေး ၀မ်းကြောင်း အလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်း သမားဟာ တဖြည်းဖြည်းနဲ့ အမြင့် ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမား အတွက် အဆောင်ဟာ ရွှေ ပဲကွ။ ရွှေ ကို ဆောင် ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။ အရောင် ဆိုရင်တော့ အ၀ါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်း သမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက် မျက် ရတနာ ထဲက ဆိ...

ပျောက်ဆုံးသွားသော ကမ္ဘာ့မြို့ကြီး ၁၀ မြို့

Image
၁- ထရွိုင်း ဤ ဒဏ္ဍာရီ ဆန်လှသော မြို့လေး ၏ အကြွင်းအကျန်များကို ၁၉ ရာစု အတွင်း တူရကီနိုင်ငံ အနာတိုလီယာ  ဒေသတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ဒဏ္ဍာရီတို့ အရ ဂရိ တို့သည် အဆိုပါမြို့အား ပြာပုံ အတိဖြစ်အောင်မီးရှို့ ပစ် ခဲ့ကြသည်ဟုဆိုသည်။  ရှေးဟောင်း သုတေသန ပညာရှင်များသည် ၆.၁ မီတာမြင့်သော နံရံကြီး ကို ဟာဆာလစ် တွင် တွေ့ရှိခဲ့ သည်။ ယင်းနေရာတွင် တစ်ချိန်က မြို့ကြီး ကိုးမြို့  တည်ရှိခဲ့ပြီး ယင်းတို့ထဲမှ တစ်မြို့သည် ထရွိုင်မြို့ ဖြစ်သည်ဟု ဆိုသည် ။ ၂- ဘေဘီလုံ  ဘေဘီလုံမြို့ ၏ တွဲလောင်း ကျနေသော ဥယာဉ် များသည် ဘေဘီလုံမြို့ အနေဖြင့် အလွန် ထွန်းကားသော နိုင်ငံဖြစ်ခဲ့ကြောင်း သက်သေပြသည့် ကမ္ဘာကျော် သင်္ကေတများပင် ဖြစ်ပေတော့သည်။ ဘေဘီလုံမြို့၏ ခမ်းနားကြီးကျယ်မှု့ကို သက်သေထင်ရှား မြင်တွေ့ခဲ့ခြင်း မရှိသော်လည်း ကျော်ကြားလှသော သမိုင်းပညာရှင် ဟီရိုဒေါက်တက်စ် က ဘေဘီလုံ ၏ သမိုင်းကြောင်းများကို ရေးသားခဲ့သည်။  ဘေဘီလုံမြို့တော် ၏ အုတ်ခဲ နံရံများကို ၁၉ ရာစုတွင် ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်မြောက်ဘက် နန်းတော် ၏ အပျက်အစီး မျှသာဖြစ်သည်။ ဘေဘီလုံမြို့တော် အစ်ရှ်တာ ဂိတ်ဝကြီး မှ အတုံးအခဲ များကို ဘာ...
 
365myanmar.com - Myanmar Online Shopping Mall