ကျီး တစ်ကောင်မှ ပေးသော သင်ခန်းစာ



အရမ်းပူတဲ့ နေ့တစ်နေ့မှာ ရေဆာနေတဲ့ ကျီး တစ်ကောင်ဟာ ရေ ဘယ်နေရာမှာ ရှိနိုင်သလဲ ဆိုတာကို သိနိုင်ဖို့ အတွက် လယ်ကွင်းတွေရဲ့အပေါ် ကနေ ပျံသန်းပြီး ရှာဖွေနေပါတယ်။ အချိန်သာ ကုန်လာတယ်  ရေ ရှိမယ့် နေရာကို မတွေ့ဘူး ဖြစ်နေတယ်။ ရေမသောက်ရသေးတဲ့ အပြင် မောဟိုက်နေတာကြောင့် ပျံ သန်းဖို့တောင် အားမရှိတော့ဘူး။ မျှော်လင့်ချက်မဲ့ နေတဲ့ အခြေအနေကို ရောက်နေပြီ။

မောဟိုက်လွန်းပြီး မပျံနိုင်တော့လို့ လယ်ကွင်း တစ်ခုထဲမှာ နားလိုက်ရပါတော့တယ်။ ရုတ်တစ်ရက် လယ်ကွင်း ရဲ့ တစ်နေရာ သစ်ပင်အောက်မှာ အရာတစ်ခုကို သူလှမ်းတွေ့လိုက်တယ်။

သေချာသွားပြီ အဲဒါ ကတော့ ရေခရား တစ်ခုပဲဖြစ်ပါတယ်။ ဝမ်းသာအားရနဲ့ ရေခရား အဖုံးကို နှုတ်သီးနဲ့ ထိုးကြည့်ပြီး ရေ ရှိ / မရှိ ကြည့်လိုက်တော့ ခရားထဲမှာ ရေ တစ်ဝက်လောက်ရှိသေးတယ်။ သောက်မယ် လည်းကြံရော ခရားရဲ့ အဝနဲ့ သူ့ခေါင်းနဲ့ မဆံ့ဘူးဖြစ်နေတယ်။

အဲဒါနဲ့ ကျီး လည်း ရေခရား ကို စောင်းကြည့်လိုက်တယ်။ ဒါပေမယ့် ရေခရားက အရမ်းလေးနေတယ်။ ဘယ် လိုမှ မလို့ မရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် ။ ကျောက်ခဲလေးတွေကို တွေ့လိုက်တော့ သူ အကြံတစ်ခု ရသွားတယ်။

အဲဒါနဲ့ ကျောက်ခဲ တစ်ခုကို ခရားထဲကို ထည့်လိုက်တယ်။ အခြေအနေက မထူးသေးဘူး။ နောက် ထပ်ကျောက် ခဲတွေ တစ်ခုပြီး တစ်ခု ထပ်လည်း ထည့်လိုက်ရောက် ရေမျက်နှာပြင်မြင့်တက်လာလိုက်တာ နောက်ဆုံးတော့ သူ့နှုတ်သီးနဲ့ သောက်လို့ ရတဲ့ အခြေအနေကို ရောက်ရှိသွားတော့တာပေါ့။ 
ကျီးလေးလည်း ပျော်ပျော်ကြီးသောက်လို့ ရသွားပါတော့တယ်။




ဒီပုံပြင်ထဲက ကျီး လေးလိုပါပဲ ။ ကျွန်ုပ်တို့လည်း ဘဝမှာ မိမိ လိုချင်တာတွေကို ရှာဖွေတဲ့အခါမှာ အဆင်ပြေတာ ရှိသလို အဆင်မပြေ ဒုက္ခရောက်ရတာလည်း ရှိမှာပါ။ အဆင်မပြေတဲ့အခါမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့။

မြန်မာစကားပုံ တစ်ခု ရှိပါတယ် " လိုလျှင်ကြံဆ နည်းလမ်းရ " တဲ့ သင့် ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ အတွက်တော့ သင့်ရဲ့ လုံလ ဝီရိယတွေကို တွေးခေါ် ဆင်ခြင် စဉ်းစားမှု ဆိုတာတွေနဲ့ ချိန်ထိုးပြီးဖြေရှင်းမယ်ဆိုရင်တော့ သင်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ဟာလည်း မလွဲမသွေ ရောက်ရှိမှာပါ။



Credit:
 



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall