အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ





 FB ပေါ်မှာ ရသေ့ဝတ်တွေနဲ့ ဆွမ်းခံထွက်နေတဲ့ ပုံတွေကို အမျိုးသားရေး သမားတွေ အပြစ်ပြောကြ ပြီး post တင်နေကြတာ တော်တော်လေး စိတ်မသက်သာဖွယ် တွေ့မြင်လိုက်ရတယ်။ ရသေ့ဝတ်တွေနဲ့ ဆွမ်းခံထွက်နေတဲ့ ပုံတွေ ရသေ့ဝတ်တွေနဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့ သိုင်းသင်ပေးနေတဲ့ ပုံတွေကို လူတော်တော် များများ ဟာ သာသနာတော် နဲ့ ပတ်သက်ပြီး တင်လိုက်တာမြင်တော့ တော်တော်ကို စိတ် မကောင်းဖြစ်မိတယ်။
အဲ့ဒီ ပုဂ္ဂိုလ်တွေဟာ အခုမှ ရှိတယ်ထင်နေကြသလား ?
တစ်ကယ်တော့ အဲ့ဒီ ပုဂ္ဂိုလ်တွေဟာ အဲ့ဒီ အယူဝါတွေဟာ ပုဂံခေတ် မတိုင်ခင်ကတည်းက ရှိခဲ့ကြတာပါ။ ပုဂံခေတ်ရောက်ပြီး အနော်ရထာမင်း သာသနာပြုတဲ့ အချိန်မှာ "ပွဲကျောင်း" ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ကြပါ တယ်။ 

ထိုခေတ် အခါက "တဲကျောင်း" နဲ့ " ပွဲကျောင်း" ဟူ၍ ၂ မျိုး ရှိပြီး တဲကျောင်း ဆိုတာ ပရိယတ္တိ ပရိပတ္တိ စာပေများကို သင်ကြား ပို့ချပေးသော ကျောင်းဖြစ်ပြီး ပွဲကျောင်း ကတော့ ယောက်ျားတို့ တတ်အပ်တဲ့ အဋ္ဌာရသ ၁၈ ရပ် ကို သင်ကြားပို့ချပေးတဲ့ ကျောင်းဖြစ်ပါတယ်။
ပွဲကျောင်းတွေ စတင်နာမည်ကြီး ထင်ရှားလာခဲ့တာ ပုဂံခေတ် အနော်ရထာမင်း လက်ထက် ကတည်းက  ထင်းရှား လာခဲ့ကြတာ ဖြစ်ပါတယ်။ ပုဂံခေတ်က ဘုရင် လုပ်မည့် မင်းလောင်းများကို ဘုန်းကြီးကျောင်းများတွင် အဋ္ဌာရသ ၁၈ ရပ်ကို ကောင်းစွာ ကျေညက်သည်ထိ သင်ကြားစေသည်။ အဋ္ဌာရသ၁၈ ခု စာမေးပွဲကို အောင်မြင်ပါမှ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခြင်းခံရသည်။ 

တဲကျောင်းဘုန်းကြီးများက မင်းလောင်းကို စာပေပရိယတ္တိ တစ်နည်းအားဖြင့် နှလုံးရည်နှင့် ပတ်သက်သည်များကို သင်ကြား ပြသပေးလိုက်သည်။ ပွဲကျောင်း ဘုန်းတော်ကြီးများ ကျတော့ တရုတ် ကွန်ဖူး ဘုန်းကြီးတွေ လို ဒါးခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီး၊ သိုင်း၊ စစ်ချီ၊ စစ်တက် စသည်ဖြင့် စစ်ရေးစစ်ရာ၊ တိုက်ရည်ခိုက်ရည် တစ်နည်းအားဖြင့် လက်ရုံးရည် ထက်မြက်ရေးအတွက် တာဝန်ယူ သင်ကြား ပို့ချပေးလိုက်သည်။ 

သတ်မှတ်ထားသည့် စစ်ဆေးချက် စာမေးပွဲများကို အောင်မြင်၊ လက်မှတ်ရလာသော မင်းသား အဖို့ ဘုရင်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီး နှလုံးရည်ရော၊ လက်ရုံးရည်ပါ ပြည့်ဝပြီဖြစ်ပါတယ်။ ယခုမြန်မာ့ လက်ဝှေ့ပညာ၊ ဗန်တို၊ ဗန်ရှည်ပညာ၊ တုတ်ပီး ဓါးပီး အတတ်ပညာ အစရှိသော ပညာရပ်တွေဟာ ပွဲကျောင်းတွေမှ ဆင်း သက် လာသော ပညာရပ်များဖြစ်ပါတယ်။
ထိုပညာရပ်တွေ မြန်မာ့ အဋ္ဌာရသ ၁၈ ရပ်ပညာကို ပွဲကျောင်းတွေက စတင်ခဲ့တာပါ။ ပွဲကျောင်းတွေဟာ ပုဂံခေတ် ကာလမှ စ၍ ကိုလိုနီနယ်ချဲ့ လက်ထက် အထိ မြန်မာ့ သမိုင်းမှာ အရေးပါခဲ့ကြပါတယ်။ ပုဂံ အနော်ရထာမင်း မတိုင်မီ ယခင် မင်းများ လက်ထက်တွင် ထေရ၀ါဒ ကျင့်သုံး သော အရည၀ါသီ ရဟန်းများ  လောကီ ကိစ္စကိုသာ ကျင့် သုံးသည့်ဂါမ၀ါသီ ပွဲကျောင်းရဟန်း များ ရှိနေနှင့်ပြီးဖြစ်သည်။ 

ထိုပွဲကျောင်း ဆရာကြီး များထံတွင် လောကီရေးရာ အတတ်ပညာများ လိုလားကြကုန် သောလူများသည် ပွဲတမျှ စည်ကားစွာ ၀င်ထွက်သွားလာ သင်ယူကြသည်။ ထို့ကြောင့်ပင် "ပွဲကျောင်း"ဟု သမုတ် ခြင်းပင်ဖြစ်ပါသည်။ ထို ပွဲကျောင်းဘုန်းတော်ကြီးများ နှင့် အတူ ပွဲကျောင်း ပညာ ၊ သိုင်း ၊ လက်ဝှေ့ ၊ လင်ပန်း ၊ နပမ်း စသည့် ပညာရပ်များသည် ယနေ့တိုင်အောင်ပင် အချို့သောအရပ်ဒေသများတွင် ရှိနေဆဲ ပင်ဖြစ်ပါသည်။ 








ထို့နောက် လောကီရေးရာနှင့် ဆက်နွယ်လာမည်ကို စိုးရိမ်သောကြောင့် ပွဲကျောင်း ဘုန်းကြီးများသည် ရသေ့ဝတ် အသွင်ဖြင့် ပြောင်းလဲကာ သာသနာပြင်ပမှ အမျိုးကောင်းသား မြန်မာ လူစွမ်းကောင်းများကို  ဆက် လက် မွေးထုတ်ပေးခဲ့ပါတယ်။
ပွဲကျောင်းများသည် မြန်မာနိုင်ငံ ၏ ကာကွယ်ရေးကို မည်ကဲ့သို့ အကျိုးပြုသလဲ ဆိုပါလျှင် မြန်မာ သက္ကရာဇ် (၁၂၄၇-ခု၊ ခရာဇ်နှစ်-၁၈၈၅-ခုနှစ်) မှ စ၍ ကိုလိုနီ နယ်ချဲ့ ကုလားဖြူများအား တွန်းလှန်ရာမှ စစ်ကဲကြီး င၀ိုင်း (ဦးဝိုင်း) ရသေ့ဘွဲ့ ဦးပဏ္ဍိ၊ ရှမ်းတိုင်းရင်းသား အမည်ခံ စပ်ခွန်ဝိုင်းမှ တစ်ဆင့် မွန်ပြည်နယ် ဘီးလင်း ဒေ သ မှ သိုင်းဆရာကြီး ဆရာမြိုင်၊ ၎င်း၏ သားများဖြစ်ကြသော ဆရာကြီး ဦးပွား(ခ) ဦးပွ၊ ဆရာအေး၊ တပည့်များဖြစ်ကြသော ဆရာကြီး ဦးနေ၀င်း ၊ ဆရာကြီး ဦးရွှေဝင်း ၊ ဆရာဦးထွန်းမြင့် ၊ ဆရာဦးငွေဖေ စသည် တို့အား နန်းတွင်း နန်းစဉ်သုံး တစ်ယောက်နှင့် အများဓားတစ်လက်ဝိုင်းထွက် ပညာနှင့် လက်ရေး ပညာ၊ အလတ်ပိုင်း (သို့ ) အူပေါက်ပညာ တို့ကို ဆင့်ပွား သင်ကြား ပြန့်ပွား စေခဲ့ပါသည်။ 









အဆိုပါ နန်းစဉ်သုံး တစ်ယောက်နှင့် အများ ဓားတစ်လက် ၀ိုင်းထွက် ပညာ သည် ယနေ့တိုင် ရှင်သန် ပြန့် ပွားဆဲပင်ဖြစ်ပါသည်။ နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ရန် သိုင်းသမား အကျော်အမော်များကိုလည်း မွေး ထုတ်ပေး၍ သစ္စာရည် တိုက်ကာ မိမိတတ်သော ပညာနှင့် အမျိုးဘာသာကို စောင့်ရှောက်ရန် ကတိခံရပါ သည်။
ပွဲကျောင်း ဆိုတာ ယခုခေတ်နှင့် ကြည့်ပါလျှင် ယောက်ျားကောင်းများကို မွေးထုတ်ပေးသော DSA ကျောင်းနှင့် အလားသဏ္ဍာန် တူလှပါပေသည်။
ထို့ကြောင့် ယခု Facebook တွင် ပြန်နှံ့နေသော သိုင်းပညာ သင်ပေးနေသည် ရသေ့ များသည် သာသနာနှင့် မည်သိုမျှ မသက်ဆိုင်ပဲ လောကီရေးရာ အတွက် ရှေးယခင် ပွဲကျောင်းများ ကဲ့သို့ အဋ္ဌာရသ ပညာများ သင်ပေးနေခြင်းဖြစ်သည်ကို သတိပြုသိစေချင်ပါသည်။ ထိုကျောင်းများသည် ရှေးယခင် အဆက်ဆက်များမှ ရှိခဲ့သည့်ကျောင်းများ ဖြစ်သည့် အပြင် ရသေ့ဝတ်ကြီးများသည် ခေတ်အဆက် သိုင်းပညာ သင်ကြားပေး၍ မြန် မာမြေကို ကာကွယ်လာသူများသာ ဖြစ်ပါသည်။
အရာရာ ချင့်ချိန်သင့်ပါသည်။ မိမိ အမှားကြောင့် ကရင်ပြည်နယ်တွင် အမျိုးကောင်းသား အမျိုးကောင်းသမီးများကို ကိုယ်လုံပညာ သင်ကြားပေးနေသော ပွဲကျောင်း ကဲ့သို့သော ကျောင်းတစ်ကျောင်း ပျောက်ကွယ်သွားမှာကို ကျွန်ုပ် မလိုလားပေ။

သိုက်ဖွား
Thaik Bwer

******************************************************************


ဤ အဖွဲ့ကို တလကူးဘာသာ လို့ခေါ်ကြတယ်။ (ဦးဇင်းတို့ အခေါ်ပေါ့)
သူတို့ရဲ့ အယူအဆ တစ်မျိုးမှာ အိမ်မွေး တိရိစ္ဆာန် အသားကို စားလို့ လုံးဝ မရပါဘူး။ ပြီးတော့…

အမျိုးသမီးသည် အိမ်ထောင် မကျမချင်း အဖြူ ရောင် သင်းတိုင်ခေါ် အဖြူရောင် ဝတ်ဝမ်းကို သာဝတ်ဆင်ရပါသည်။

သင်္ကြန် ဟု ဆိုအပ်သော ရေလောင်းသော ဓလေ့ လဲ ရှိ၏။ ဦးဇင်း တို့ သင်္ကြန်ထက် နှစ်လစော၏။
အပျို လူပျို အချင်းချင်းသာ ရေလောင်းခွင့်ရှိ၏။

ထူဆန်းသော အရာမှာ သူတို့ ဘာသာရေးခေါင်း ဆောင်များသည် သင်္ကန်းရောင်ကို ဝတ်ဆင်ကြ
ခြင်းဖြစ်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ အမည်ခံထားခြင်းမရှိပါ။

ဒါကြောင့်…
သင်္ကန်းရောင်ကို မြင်တိုင်း  ဗုဒ္ဓဘာသာ ရဟန်း တော်များဟု မသတ်မှတ်ကြရန် အရေးကြီးပါသည်။
၎င်း ပုဂ္ဂိုလ်များကို ကိုးကွယ်ကြသော ရွာများ…
၁။ အတွင်းကွင်းကလေး ( မြဝတီ/ကရင်)
၂။ အပြင်ကွင်းကလေး (မြဝတီ/ကရင်)
၃။ ကျိုက်ဒုံမြိုနယ်မှ ရွာအချို့ (ကြာအင်ဆိပ်ကြီးမြို့နယ် ခွဲ)
၎။အတွင်းမဲကနယ် (မြဝတီ) တို့ဖြစ်သည်။


အရှင် ကဝိန္ဒာ သိရိ 

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

 
365myanmar.com - Myanmar Online Shopping Mall