အပါယ်လွတ် အကုသိုလ် ရှောင်နည်း



 " မီးလွတ်စားတယ် ဆိုတာကော ကြားဖူးကြမှာပေါ့ " " မှန်ပါ ... ကြားဖူးပါတယ်ဘုရား ... "  

" မီးလွတ်ဆိုပြီး ဘာတွေ စားကြတာပါလိမ့် " " သစ်သီးဝလံ များ စားတာပါဘုရား " " အေး ... အဲဒီ့ သစ်သီးတွေ စားလို့ တစ်ကယ်ရော မီးလွတ်ကြရဲ့လား " " မှန်ပါ ... သိပါပြီဘုရား "   

" ကဲ ... ကဲ .. အရူးမီးဝိုင်း ဆိုတာကော သိကြရဲ့လား " " အမိန့်ရှိတော် မူပါဘုရား "
" ဦးပဉ္ဇင်းတို့ ရပ်ထဲရွာထဲ ... ဈေးထဲ သွားနေကြတာပဲ ... အရူးမီးဝိုင်း နေတာမတွေ့ ဖူးကြဘူးလား "  
" မတွေ့ ဖူးကြပါဘုရား "


" အိမ်း ... မနက်ကပဲ တက္ကသိုလ်ကျောင်းသူလေး တစ်သိုက် လာကြသေးတယ် ဘုန်းကြီးက " အရူးမီးဝိုင်း " တွေ့ဖူးကြသလား မေးတော့ သူတို့လဲ ခေါင်းခါကြတယ် ။
အဲဒီတော့ အိမ်ကျရင် ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့် ကြလို့ ပြောလိုက်ရတယ် "
" တင်ပါ့ဘုရား "

" အေး ... လောဘမီး ... ဒေါသမီး ... သောက ပရိဒေ၀မီး ဆိုတဲ့ မီး ၁၁ ပါး လောင်ကျွမ်းနေတဲ့ အရူး မီးဝိုင်းဘ၀ က လွတ်အောင် ကြိုးစားကြဖို့ အရေးကြီးတယ်ကွဲ့ နော် "

" တစ်ချို့ သက်သက်လွတ် စားကြတယ်ကွဲ့ နော် "
" ကန်စွန်းဥတွေ ဘာတွေ အစိမ်း စားကြတယ် ... "

" အဲဒါ ဘယ်က မီးလွတ်တာလဲ .... မီးဖိုချောင်ထဲက မီး ပဲ လွတ်တာနော် "
" အိမ်ရှေ့ခန်းက ထမင်းပွဲ အရှေ့ရောက် စားတဲ့သူတွေ သာမက ချက်တဲ့ပြုတ်တဲ့ သူတွေတောင် လွတ်နေတာနော် "

" အရေးမဟုတ်တာက မီးဖိုထဲက မီးကို သွားရှောင်နေတယ်နော် " " မီးဖိုချောင် က မီး က အပါယ် မချပါဘူးလေ ... " " ဒါကြောင့် ထမင်းစားပွဲမှာ လောင်နေတဲ့ မီးကို လွတ်အောင်ရှောင်မှ ဖြစ်မှာပါ "

" လောဘမီး က ပြိတ္တာဖြစ်အောင် လုပ်တာ ....
ဒေါသ က ငရဲချ ....
မောဟ က တိရစ္ထာန် ဖြစ်အောင် လုပ်တာ .... 
မောဟ နဲ့ စားရင် တိရစ္ဆာန် စား ... စားတာပဲ ... "

" ထမင်းဝိုင်းမှာ ကြည့် အသားနဲ့ပဲ စားစား ... အသီးအရွက် နဲ့ပဲ စားစားနော် ....
ဟင်းကောင်းတွေ့ ရင် သူ့လက်ချည်းပဲ ဆိုတာ ဘာမီး ၀ိုင်းတာလဲ "
" လောဘမီး ၀ိုင်းတာနော် ... "






" အကောင်းကို မြင်တာလား ... အရူး ကို မြင်တာလား " " အရူး ကို မြင်တာပါဘုရား "
" ဟဲ့ ... အရူး မီးဝိုင်းပါတယ် ဆိုမှ လောဘ 
မီးကြောင့် ... ကိုယ်ဟာ ကိုယ့် ရန်သူဖြစ်သွားတယ်နော် .... ဒီ့ ထက် ဆိုးတာ ဘာရှိမလဲ ... "
" အဲဒီ့ မီးဟာ ကိုယ့်မိသားစု အချင်းချင်းတောင် ဒုက္ခပေးတာ "


" တီဗွီ နားမှာ ဒူးလေး တစ်နှံ့နှံ့ နဲ့နေတာ ဘာမီး ၀ိုင်းတာလဲ "
" လောဘ မီးပါ ဘုရား "  
" ဖြစ်မှ ဖြစ်ရလေနော် ... ဘယ်သူ့ကို ၀ိုင်းတာလဲ အဲဒါ "
" ကိုယ့်ကို ကိုယ် ၀ိုင်းတာပါ ဘုရား "
" ကောဓုမ္မတ္တက ဆိုတာ ကြားဖူးတယ်နော် .... ဒေါသပုန် ထနေတာကိုပြောတာလေ .."
" တစ်ချို့ သက်သက်လွတ် စားနေတာ အာလူး ကတ်တလိပ် လေးက ကောင်းလိုက်တာ အရသာ ရှိလိုက်တာ ဆိုတော့ ဘာမီး ၀ိုင်းတာလဲ ... မောဟမီး လဲ ပါတယ် ....လောဘမီး လဲ ပါတယ်နော် .... ဓမ္မစကြာတွေ တော့ ဒီပရိသတ်အများကြီး ရွတ်ပြီးတော့ အဲဒါတော့ သိရမယ်နော် ... "

အစွန်းနှစ်သွယ် ....
လမ်းမှား ပယ် .....
အလယ် လမ်းမှာနေတဲ့ .....

အလယ်လမ်း က သွားမှ မီးလွတ်မယ် တဲ့ .... အစွန်း ၂ ပါးရောက် နေရင်တော့ အဲဒါ မီးဝိုင်း  ပြီသာ မှတ်ပေတော့တဲ့ "
" ဒီတော့ မီးလွတ်အောင် ဘယ်လိုစားမလဲ ..... သတိနဲ့ စားရမယ်နော် ......
သတိ လုံခြုံရင် လောဘ ဒေါသ မဖြစ်ဘူး ..... "

" ကိုယ့်ကို ကိုယ် စောင့်စည်းမှတဲ့ ... ဘုရားဟောတာနော်
ကိုယ့်ကိုကိုယ် စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ မီးမ၀ိုင်းအောင် စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တဲ့ "

" ဒါကြောင့် ဘုရားက အသိ ... သတိနှင့် စားတိုင်း သောက်တိုင်း .... မျိုတိုင်း .... ၀ါးတိုင်း ..... ကိုက်ခဲတိုင်း ..... လျက်စားတိုင်း ..... သတိ ... အသိနှင့်ပြုပါတဲ့ ...."

" အဲ့တာမှ မီးလွတ်တာ စစ်တယ်တဲ့ .... "
" ဘုန်းကြီးတွေ တောင် မလွတ်ဘူးနော် ....
နောက် မီးလွတ်အောင် အ သုံးလုံးကျေအောင် လုပ် .....
အလောဘ ... အဒေါသ .. အမောဟ ဖြစ်အောင် သတိလေးထားပြီး စား .....

လူကြီး မိဘကို ဦးစားပေး ....
ကလေးတွေကို သနားညှာတာ .....
ချက်တဲ့ ပြုတ်တဲ့ .. ကိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်ချင်းစာ ......
ဒီ အသိတရား မရှိဘူးဆိုရင် မောဟ ဖုံးနေလို့ပဲ ...... "

နောက်ဆုံးပြောချင်တာကတော့ ...
" ဒီလို စားတိုင်း စားတိုင်း သတိ သမ္ပဇဉ် ယှဉ်စားနေတဲ့ အတွက် မီးလွတ်ရုံတင် မကဘူး
သတိ .. သမာဓိတွေလည်း တိုးတက်လာမယ် ။

....
နောက် ၀ိပဿနာ ဥာဏ် .... မဂ်ဥာဏ် ... ဖိုလ်ဥာဏ် နှင့် နိဗ္ဗာန် အထိရောက်တယ် ..
ရဟန္တာ ဖြစ်သွားတာတွေလည်း မရေမတွက်နိုင်အောင် ရှိကြတယ်လို့ ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ် ..."


( ရွှေဥမင် ဆရာတော် ဘုရားကြီး )
ကိုညီညီနိုင် ရေးသား ပူဇော်တဲ့ ရွှေဥမင် ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒ တရားတော်များစာအုပ်မှ 
ထုတ်နှုတ်ဝေမျှ လိုက်ပါတယ် ...


မေတ္တာဖြင့် ....
Shared from Doh Yote
Posted by Khine Credit: Khin Maung
shin Zawana




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall