အရောင် နှင့် အကျိုးပေး



အနီရောင်
ထင်ပေါ်ကျော်ကြားခြင်း ရဲစွမ်း သတ္တိရှိခြင်း အရာရာတွင် စွန့်စား လုပ်ကိုင်လိုခြင်း ဇွဲရှိခြင်း စိတ်ဓာတ်ခိုင်မာခြင်း မြင့်မားသော စိတ်ဓာတ် ရှိလာခြင်း အကျိုးတို့ဖြစ်စေပါသည်။

အဖြူရောင်
ဝါကြွားမောက်မာမှု ကင်းရှင်းခြင်း သစ္စာတရားကို မြတ်နိုးခြင်း စိတ်ရင်းဖြူစင်မည်။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် မလုပ်တတ်ခြင်း စနစ်တစ်ကျ လုပ်ကိုင်တတ်ခြင်း အကျိုးတို့ဖြစ်စေပါသည်။

ပန်းရောင်
လူတစ်ဖက်သား အား ကူညီဆောင်ရွက်မှု ပေးစွမ်းတတ်ခြင်း ။ ပျိုသစ်လွင်သော အချစ်စိတ် ရှိခြင်း စသောအကျိုးတို့ဖြစ်စေပါသည်။

စတော်ဘယ်ရီရောင်
ဣနြေ္ဒကြီးပြီး ဟန်ဆောင်ကောင်းခြင်း အုံ့ပုန်းဖြစ်ခြင်း လိုက်လျောမှု ရှိတတ်ခြင်း မရိုးလွန်း၊ မဆန်းလွန်းသော အကျိုးတို့ဖြစ်စေပါသည်။

ကြက်သွေးရောင်
တည်ငြိမ်လေးနက်ခြင်း သတ္တိရှိရှိ ယှဉ်ပြိုင်လိုခြင်း တစ်ခါ တစ်ရံ ရက်စက် တတ်ခြင်း အခက်အခဲ အားလုံးကို ကျော်လွှားနိုင်ခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။

အနီပုပ်ရောင်
အလွန်ခေါင်းမာပြီး တတ်ခြင်း ဖြောင့်မတ်ခြင်း ခံနိုင်ရည် ရှိခြင်း သက်လုံကောင်းခြင်း မဟုတ်မခံ ဖြစ်ခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။

အ၀ါရောင်
လက်တွေ့လုပ်လိုခြင်း ဥာဏ်ပညာဖြင့် တွေးတော စဉ်းစားခြင်း အနုပညာ လုပ်ငန်းများတွင် ပွင့်လန်းခြင်း တီထွင် ကြံဆလိုခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။


လိမ္မော်ရောင်
အလွန် မာနကြီးခြင်း ထင်ပေါ်လိုခြင်း မိမိ အကျိုးအတွက်သာ အဓိက ထားလိုခြင်း မိမိ ကိုယ်ကို ယုံကြည်မှုရှိခြင်း ၊ နေရာတိုင်းတွင် ပါဝင်တတ်ခြင်း ၀ါကြွားမှုတွင် ၀ါသနာပါခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။

မြစိမ်းရောင်
ရွှင်ပြကြည်လင်ခြင်း ကိုယ်ချင်း စာနာတတ်ခြင်း တစ်ဖက်သားကို ကြင်နာ သနားတတ်ခြင်း စွန့်စား တတ်ခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။

အစိမ်းရောင်
သိမ်မွေ့နူးညံ့ခြင်း စိတ်ဆိုးခဲခြင်း လုပ်ငန်းကိုင်ငန်း အထမြောက်မှု နည်းတတ်ခြင်း ငြိမ်းချမ်းရေး သမားဖြစ်ခြင်း အနုပညာ ဆန်ခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။

အပြာရောင်
ပကတိ ကြည်လင်သော စိတ်ဓာတ် ရှိခြင်း နူးညံ့သိမ်မွေ့ပြီး တစ်ကိုယ်ကောင်း ဆန်စွာ ကျင့်သုံး မှု ကင်းရှင်းခြင်း ဖြောင့်မတ် မှန်ကန်၍ သစ္စာ ရှိခြင်း ၊ လူမှုဝန်ထမ်းစိတ် ရှိခြင်း ပေါင်းသင်း ဆက်ဆံရေးပြေပြစ်ခြင်း  လေးနက်နက် တွေးခေါ် တတ်ပြီး မြင့်မားခြင်း စသော အကျိုးတို့ဖြစ်စေပါသည်။

မရမ်းရောင်
ရည်ရွယ်ချက် ဟူ၍ ခိုင်ခိုင်မာမာ မရှိတတ်ခြင်း ဘာမဆို လူက လုပ်လျှင်ဖြစ်သည် ဆိုသော ရုပ် ၀ါဒီသမားဖြစ်ခြင်း လက်တွေ့ဆန်ခြင်း အကျိုးတရားများ ရရှိစေပါသည်။

ခရမ်းရောင်
စာပေ အနုပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး တိုးတက်မှုရှိခြင်း လျှို့ဝှက် သိပ်သည်း၍ သစ္စာရှိခြင်း ရက်စက် အနိုင်ကျင့်မှု ကင်းရှင်းသော ခေါင်းဆောင်ဖြစ်ခြင်း အမြော်အမြင်ကြီးမား၍ ချမ်းသာကြွယ်ဝခြင်း စသော အကျိုးများ ရရှိစေပါသည်။

အညိုရောင်
ခိုင်မာသော စိတ်ထား ရှိခြင်း စိတ်ကူးယဉ်သမား မဟုတ်ပဲ လက်တွေ့ စမ်းသပ် လုပ်ကိုင်လိုခြင်း  မိတ်ဆွေနှင့် ရန်သူ ကို ခွဲခြား သိမြင်တတ်၍ ရွေးချယ် ဆက်ဆံခြင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံမှုရှိခြင်း ပြတ်သားစွာပြောဆို လုပ်ကိုင်ခြင်း လေးနက်သော အတွေးအခေါ်နှင့် ဓမ္မတရား ကို စူးစမ်းလေ့လာတတ်ခြင်း စသောအကျိုးတရားများ ရရှိစေပါသည်။

အနက်ရောင်
ဂုဏ်သိက္ခာကို ဂရုစိုက်တတ်ပြီး အစွဲအလမ်းကြီးခြင်း အေးဆေး တည်ငြိမ်စွာ အလုပ် လုပ်တတ်သည်။ နားလည်မှုရှိခြင်း မာန်မာန ကင်းခြင်း နှစ်လိုဖွယ်ကောင်းသောခြင်း မဟာဆန်ခြင်း ခက်ခဲ နက်ရှိုင်းသော ပညာရပ်တိုင်းကို ၀ါသနာ ပါတတ်ခြင်း စသော အကျိုးများရရှိစေပါသည်။

မီးခိုးရောင်
ပျော့ညံ့စေခြင်း ဦးဆောင်ဦးရွက် မပြုတတ်ခြင်း တာဝန် ပုံကျမည်ကို ကြောက်ရွံ့တတ်ခြင်း စသော အကျိုးများ ရရှိစေပါသည်။


မြစကြာ ဒေါက်တာဇော်ဇော်

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

သင့် လက္ခဏာက ပြောပြနေတဲ့ သင့်ရဲ့ အချစ်ရေးလမ်းကြောင်း

 
365myanmar.com - Myanmar Online Shopping Mall