ကိုယ်ကျင့်တရား အားနည်းချက်



တစ်ခါတုန်းကပေါ့ အရမ်းကို အောင်မြင်နေတဲ့ ရုပ်မြင်သံကြား ဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့ နာမည်ကြီးနေ တဲ့ လူငယ် တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ ရဲ့နောက်ဆုံး အဆုံးသတ်စကား အတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှု အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏ စဉ်းစားပြီး အဖြေကို တိုက်ရိုက် မပြောပဲ သူ့ကို ပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။
“ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ် တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို ထွက်သွားပြီး အလုပ် တစ်ဖက် ကျောင်းစာ တစ်ဖက်နဲ့ ပညာ ဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံ က ပြင်သစ်နိုင်ငံတဲ့ ။
အဲဒီပြင်သစ်ကို ရောက်ပြီး မကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ် က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာ မရှိကြောင်း သတိထားမိသွားတယ် ။
ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန် တယ် ။ တစ်ကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူ တစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ 

အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲ စီးခဲ့တယ် ။ ကိုယ့်ကိုယ် ကိုယ် လည်း အလုပ် လုပ်ပြီး ကျောင်းတက် နေရတာဖြစ်တဲ့ အတွက် ငါဟာတတ်နိုင် သမျှ ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက် တယ် ။
အဲဒီလိုနဲ့ အချိန်ကာလ ၄ နှစ် ကုန်သွားခဲ့တယ် ။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ကျောင်းသား တစ်ဦးအဖြစ် အကျင့်စာရိတ္တကောင်းမွန်တဲ့ ကျောင်းသားတစ်ဦး အဖြစ် သူဟာ ဘွဲ့ရခဲ့တယ် ။ ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ရှိတဲ့နိုင်ငံခြား ကုမ္မဏီတွေမှာ သူ အလုပ်လျှောက်ခဲ့တယ် ။
သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နဲ့ပေါ့ ။ ဒါပေမယ့် အလုပ်တိုင်း လိုလိုမှာ သူဟာ အပယ်ခံ ထိခဲ့တယ် ။ အ လုပ် စလျှောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့် နောက် ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ 

ဘာအကြောင်းကြောင့် ပယ်တာလဲ ဆိုတာကို သူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံး ကုမ္ပဏီတစ်ခုကိုတော့ သူ စာပို့ပြီး အပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ ပြန်စာ သူ့ဆီရောက်လာခဲ့တယ် ။


စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့ ပညာအရည်အချင်း ၊ ဥာဏ်ရည် ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော် တို့ သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော် တို့ပြန်စစ်ဆေးကြည့်တော့ မိတ်ဆွေဟာ လက်မှတ် မပါပဲ ကားခိုးစီးမှု အတွက် ဒါဏ်ငွေ ၃ ကြိမ်ဆောင် ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ
- စည်းကမ်း မလိုက်နာသူ
- ယုံကြည်ဖို့ မထိုက်တန်တဲ့သူ ဖြစ်နေတယ် ဆိုတာပါပဲ ။ 

အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကို ဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက် အိပ်မက် ဆိုးထဲကနေ လန့်နိုး လာသလို တုန်လှုပ် ခြောက်ခြားနေခဲ့ တယ် ။ စာရဲ့နောက်ဆုံး မှာလည်း အောက်ပါ အတိုင်းရေးထားပါသေးတယ် ။
“ စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့အားနည်းချက်ကို ကိုယ်ကျင့်တရားက အမြဲတမ်း လိုက်ပြီးဖြည့်ဆည်းပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချက် ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိက ဘယ်တော့မှ လိုက်မဖြည့်ဆည်းပေးနိုင်ဘူး ”
အဲဒီပြန်စာ ရပြီး နောက်ရက်မှာ လူငယ်ဟာ သူ့နိုင်ငံ သူပြန်သွားခဲ့တယ် ။ ကျွန်တော်ပြော ချင်တာ ကတော့ဒါပါပဲလို့ လူငယ်က အင်တာဗျုး မေးတဲ့သူကိုဖြေလိုက်တယ် ။
လူငယ်ရဲ့ စကားအဆုံးမှာ အင်တာဗျူးတဲ့ သူတွေ ခဏလောက် တိတ်ဆိတ်သွားပါတယ် ။
ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက် အရေးပါတဲ့ အချက်လို့ပြောနိုင်ပါသလား ”
“ ဟုတ်ကဲ့ပြောနိုင် ပါတယ် ဘာလို့လည်း ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်က ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော် ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က ဖြစ်ခဲ့တဲ့  မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ  အားနည်းချက်တွေ ကို ဒီနေ့ အတွက် သင်ခန်းစာယူပြီး အကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ပါပဲ ။ 

                            *************************************
ဘယ်သူမှ မသိဘူး ဆိုပြီး ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ဖောက်ဖျက်လိုက်ခြင်းဟာ တစ်ကယ်တော့ ကိုယ့် အ တွင်းစိတ်ကို ကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့ တူပါတယ် ။ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ နောင်တတွေကို ဒီနေ့ အထိ သယ်ဆောင်လာခဲ့ရမှာ မဟုတ်ပါဘူး ။

 ဖြစ်ခဲ့သမျှကို အကောင်းဆုံး သင်ခန်းစာယူလို့ ဘ၀အတွက် ကြီးမားတဲ့ အောင်မြင်မှုကို လက်လှမ်းယူကြရမှာဖြစ်ပါတယ် ။ အသိဥာဏ်ကို မြင့်မားအောင် တည်ဆောက်ပါ ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့ နိမ့်ပါးတဲ့ အသိ ဥာဏ်ကို ကောင်းမွန် တဲ့ ကိုယ်ကျင့်တ ရားက ကာကွယ်ဖြည့်ဆည်းပေးပါလိမ့်မယ် ။


သက်တန့်ချို
Interview with the success man အား ခံစားဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....
Posted by သက်တန့်ချို


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အိမ်​ နှင့် လောကီပညာ

ကွမ်းယာဆိုင်​ ​ရောင်း​ကောင်းခြင်းရဲ့ လျှို့ဝှက်​ချက်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

 
365myanmar.com - Myanmar Online Shopping Mall