ဗုဒ္ဓ နည်းကျ ခေတ်မှီ စီမံခန့်ခွဲမှု

 



 ဗုဒ္ဓနည်းကျ ခေတ်မှီစီမံခန့်ခွဲမှု 

   Buddha ways of Management.

ဘာသာရေးဟု ဆိုသည်နှင့် နိဗ္ဗာန်ရောက်ကြောင်းကိုသာတွေး မိပြီး ခေတ်နှင့် လုံးဝမဆိုင်ဟု အရွယ်အတော် ရသည် အထိ ဘမောင်အတွေးထဲ ကြီးစိုးခဲ့သည် ။

တက်တက်စင်အောင်လွဲသည် ဗုဒ္ဓ အဆုံးအမများသည် လောကုတ္တရာ သက်သက်ကိုသာမက လောကီချမ်းသာ ရရှိမှု ကို မည်သို့ စီမံခန့်ခွဲရမည် ဆိုသည်အထိ ကျယ်ပြန့်ပါသည်၊


 ခေတ်ပေါ်ထက် သာလွန်     

  Far ahead of modern management.

ယနေ့ ရေပန်းစားနေသော ကျင့်ဝတ် Ethic ကို လွန်ခဲ့သော နှစ် (၂၆၀၀) ခန်ထဲက ဗုဒ္ဓက တင်ကြို သတိပေး ဟောထား ခဲ့ပြီးဖြစ် သည် ။


* ဗုဒ္ဓဟောကြားချက်ဖက်မှ သာလွန်သည်က တစ်ဘဝစာ မဟုတ်ပဲ သံသရာအထိသက်ရောက်မှု ရှိခြင်း

* သိပ္ပံနှင့် ခေတ်သစ်စီမံခန့်ခွဲမှုတို့ပင် သတိမမူမိသေးသော "ကံ " တဖန်ပြန်လည်  မွေးမြူခြင်းတို့ဖြစ်သည်။တိုးတက်မှု Growth ထက်လွန်သော ဖွံ့ဖြိုးမှု့ Development ကို ဗုဒ္ဓက ပို၍ အလေးထားသည် ။


ကျင့်ဝတ်ကို စောင့်ထိမ်းရန် လိုသည်ဟု ဆိုရာမှာ ခေတ်သစ် စီမံ ခန့်ခွဲမှု၏ စောင့်ထိမ်းမှုမျိုး မဟုတ် သံသရာပါ အကျိုးပေးစေမည့် စောင့်ထိမ်းမှုမျိုး ၊ ဆိုသည်ကို ထဲထဲဝင်ဝင် လေ့လာလေ တွေ့ ရလေဖြစ်သည်။


အခြေခံ အကျဆုံးသဘောတရား

  The most basic principles.

တိုးတက်လိုလျင် .....

* သဒ္ဓါ

* သီလ

* သုတ

* ဇာဂ

* ပညာ

ထိုငါးပါးတို့ တည်ရာသည်ဟု ဗုဒ္ဓက အလင်းပေးခဲ့သည်။

သဒ္ဓါ ဟူသောယုံကြည်မှု

သီလ ဟူသော ကိုယ်ကျင့်တရား

သုတ ဟူသော အရာအကြောင်းတို့ကိုသိမှု

ဇာဂ ဟူသော တစ်ကိုယ်ကောင်းမဆန် အများကိုပြန် လည်စောင့်ရှောက်နိုင်မှု

နောက်ဆုံး အရေးကြီးသော ပညာ ထိုအရာ (၅) မျိုးကို အချိုးကျကျ ပိုင်ဆိုင် ကျင့်သုံးနိုင်ရန် လမ်းညွှန်ခဲ့

သည် ။



အကျယ်မရေးလိုတော့

ဇာဂ တွင်မြန်မာတို့ လိုက်နာရန် အားနည်းလျက် ရှိသေးသည် ။ တစ်စုံ တစ်ရာ အားရှိလာလျင် မိမိ မိသားစုထက်လွန်၍ အများ အကျိုးကို အထောက်အပံ့ပေးရန်ဖြစ်သည် ။


တိုးတက်သောနိုင်ငံများတွင် သူဌေးများက အများအတွက် အကျိုး ဖြစ်စေမည့် ဖေါင်ဒေးရှင်းများ တည်ထောင်ပေးခြင်းမှာ သူ့လူမျိုး၊ သူ့နိုင်ငံ၊ သူ့ဘာသာ တိုးတက်ရေးအစောင့် အရှောက်ကောင်းများဖြစ်စေသည်။


 ဟန်ချက် ညီပါစေ

  Make balance.

အထူးသဖြင့် ပညာနှင့် သဒ္ဓါ အချိုးမညီလျင် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးကို ဗုဒ္ဓက ကောင်းစွာ သတိပေး ထားခဲ့သည်ကိုတွေ့ရ သည်၊


တဏှာလွန် နွံနစ်

သဒ္ဓါလွန် ကျွန်ဖြစ်၊

စေ့စေ့တွေးလေမှန်လေပင်၊

သဒ္ဓါအားကြီးပြီး ပညာက မလိုက်နိုင်လျင်...

ပညာ သက်သက်မျှသာ ရှိပြီး သဒ္ဓါအားနည်းလျင် လိုရာပန်းတိုင် ဗရာက်မည် မဟုတ် ၊


ရှေးက ရှိဘူးသော အဌာရသသည် ၎င်း ခေတ်ပေါ် ဘွဲ့ ဒီဂရီများ သည်၎င်း ယေဘူယျ "ပညာ" ဟုခေါ်ကြသော်လည်း ပညာစစ် စစ် မမည်သေးပေ၊ " စာတွေ့" မျှသာ ရှိပါသေး၏၊ ဖြတ်သန်းခဲ့ပြီး သော အတွေ့အကြုံတို့နှင့်ပေါင်းနိုင်မှသာ ပညာအဖြစ်

ရောက်ရပါသည်။


ပညာ က

အမှန်- အမှားကိုဆုံးဖြတ်သည် တိုးတက်လိုလျင် ဆန္ဒကိုဦးစားပေး၍မရ

Wisdom is knowing what to do.

ဘာကိုလုပ်ရမလဲဟုသိခြင်းက ပညာ။

Skill is knowing how to do.

ဘယ်လိုလုပ်ရမလဲဟုသိခြင်းက နည်းပညာ။

မြန်မာတို့သည် ခံစားချက်ကိုဦးစားပေးလွန်းရာ သဒ္ဓါကြီးသည့် လူမျိုးဟုဆိုလျင်မမှားချေ။

ပညာနှင့် သဒ္ဓါသည် အချိုးညီရန် အရေးကြီးပါသည်။


သီလ ကျင့်ဝတ်

 Ethic.

ခေတ်သစ် စီမံခန့်ခွဲရေးတွင် Ethic သည် ကျင့်ဝတ်ဟု ဆိုသော် လည်း၊ ဗုဒ္ဓ ဆိုလိုသည့် ကျင့်ဝတ်နှင့် အနှစ်သာရအားဖြင့် အတော်ကွာခြားသည်ကိုတွေ့ရသည်။


ရိုးသားစွာ ဝေဖန်ရလျင် ခေတ်ပေါ် ethic ဆိုသည်မှာ ပြ်ုင်ဆိုင်မှု အတွက် စည်းကမ်းသတ်မှတ်ချက် တစ်ခုထက် မပိုဟုသာမြင် သည်၊ ကုပ္ပဏီ ကြီးများကို ကုပ္ပဏီငယ်များ ပြိုင်ဆိုင်ရာတွင်၎င်း၊ အချင်းချင်း ပြိုင်ဆိုင်ရာတွင်၎င်း သတ်မှတ်ချက် စည်းကမ်းမျှ သာဖြစ်သည် ။


ဗုဒ္ဓ ကျင့်ထုံး သီလ က တစ်ဘဝစာ အတွက်သာ မဟုတ် သံသရာ အထိ အကျိုးကြီးသည်။.


 လောကီ၊ လောကုတ္တရာ (၂) ဖြာ

      Beyond the present. 

ဗုဒ္ဓ ၏ အဆုံးအမဟု ဆိုသည်နှင့် နိဗ္ဗာန်ရောက်ကြောင်း သက် သက် မဟုတ်ပါ ။ နိဗ္ဗာန် မရောက်မီစပ်ကြား လောကီချမ်းသာကို အပြစ်ကင်းစွာ ရယူခံစား၊ သံသရာ အပံ့အပိုး အထိပါဝင်ပါ သည်၊


ထို့ပြင် များမြောင်လှသော စီမံခန့်ခွဲမှု များလည်း ပါဝင်ပါ သည်၊ ဗုဒ္ဓ၏ လောကီချမ်းသာမှု အဆိုအမိန့် များကို့လေ့လာလျင်ခေတ်ပေါ် စီမံခန့်ခွဲ့မှု MODERN Management ၏ Basic principles များထက်ပင် သာလွန်နေသည်ကို အံ့သြစွာ တွေ့ရ ပါလိမ့်မည်။ ထို့ကြောင့်လည်း ပညာအရာ အတုမရှိ  ဟု တင်စားသည်မှာ

လွန်အံ့ မထင်။


Crd ....   နေဇင်လတ် ( 18.12.20 ) 


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall