တစ်လောကလုံးသည် အကြောင်း နှင့် အကျိုးသာဖြစ်၏။


 

နိဗ္ဗာန်သည် အနတ္တ ဖြစ်၏။

နိဗ္ဗာန်သည် ကာလမှ လွတ်၏။

သဗ္ဗေ ဓမ္မာ အနတ္တာတွင် နိဗ္ဗာန်ပါဝင်၏။


နိဗ္ဗာန်သည် ကာလသုံးပါးမှလွတ်၏။

နိဗ္ဗာန်သည် အတိတ်တရား မဟုတ်။

နိဗ္ဗာန်သည် အနာဂတ်တရား မဟုတ်။

နိဗ္ဗာန်သည် ပစ္စုပ္ပန်တရား မဟုတ်။

နိဗ္ဗာန်သည် ကာလဝိမုတ္တတရား ဖြစ်၏။


နိဗ္ဗာန်သည် သင်္ခတတရား မဟုတ်။

နိဗ္ဗာန်သည် အသင်္ခတ ဖြစ်၏။

နိဗ္ဗာန်သည် သင်္ခါရမှ အလွတ် ဖြစ်၏။


ကာလဆိုသည်လည်း ပညတ်မျှသာ ဖြစ်၏။

ဖြစ်နေ တည်နေ ပျက်နေသော အရာများ

ရှိမနေလျှင်၊ အဖြစ်အပျက်တို့ ရှိမနေလျှင်

ကာလဟူသော အချိန်လည်း မရှိတော့။

ဖြစ်နေ တည်နေ ပျက်နေသော အရာများ

ရှိမနေလျှင်၊ အဖြစ်အပျက်တို့ ရှိမနေလျှင်

ဒေသဟူသော နေရာလည်း မရှိတော့။


Time and Space တို့သည် ဆိုင်ရြာ ဖစ်မှု ပျက်မှုတို့ မရှိလျှင် time လည်း မရှိ၊ space လည်း မရှိ။

Time and space မရှိသော အခြေအနေ ရှိသလားဟု သုံးသပ် သော အခါလောကီဟုဆိုအပ်သော

 လောကတွင် ဘယ်သော အခါ မှ ထိုအခြေအနေမျိုး ရှိမည် မဟုတ်ပါ။


နိဗ္ဗာန်မှာမူ အချိန်မရှိ အချိန်မဖြစ်၊

နေရာမရှိ နေရာမဖြစ်၊ time and space မရှိ။

နိဗ္ဗာန်သည် သိမ်မွေ့၏။ သိနိုင်ခဲ၏။မြင်နိုင်ခဲ၏။ တွေ့ရန် အလွန် ခက်ခဲ၏။ ပညာရှိတို့၏ အရာသာ ဖြစ်၏။



တွေးကြံဆနေကြသော စကြာဝဠာ ရှိသည်ဆိုသည်ကား ရုပ်ဝတ္ထု တို့ ဖြစ်နေကြ ပျက်နေကြခြင်းသာဖြစ်လေ၏။


သတ္တဝါ ဟုဆိုအပ်သော အသက် ဟုဆိုအပ်သော သက်ရှိဟု ဆိုအပ်သော အရာတို့သည် ရုပ်ဝတ္ထုကို 

အခြေခံလျက် ဗီဇဓာတ်၏ ဖြစ်ပျက် ပြုပြင်ပြောင်းလဲ နေမှုများသာ ဖြစ်၏။


အသက်ဟုဆိုရာတွင် သက်ရှိ ဟုဆိုရာတွင် ဗီဇရုပ်တို့ ဖြစ်ပျက် ပြုပြင် ပြောင်းလဲ နေကြခြင်းဖြစ်သော်လည်း 

ဝိညာဏခေါ် သိမှုနှင့် အမြဲယဉ်တွဲ ဖြစ်ပျက်နေရသော သက်ရှိကို "သဝိညာဏက"ဟု ခေါ်ရပါသည်။



သိမှုမရှိသော မြက်ပင် နွယ်ပင် သစ်ပင်စသောသက်ရှိ တို့မှာ သိမှု မရှိကြ၍ ထိုသက်ရှိတို့ကို "အဝိညာဏက"ဟု ခေါ်ရပါသည်။ 


ထိုသစ်ပင် စသော သက်ရှိတို့ကို သတ္တဝါဟု မခေါ်ဆိုနိုင်ပါ။

သတ္တဝါ မဟုတ်သော သက်ရှိတို့ အပါအဝင် ရုပ် ဝတ္ထုအားလုံး တို့သည် သတ္တဝါတို့၏ မှီရာလောက

 ဖြစ်သောကြောင့် "ဩကာသ" တည်ရာဟု မှတ်ယူရပါမည်။


 ဩကာသလောကကြီးသည် အစဉ်ဖြစ်ပျက်နေကြသည်သာ ဖြစ် ၏။ သတ္တလောကသည်လည်း ဖြစ်နေ ပျက်နေရ၏။ သိမှု နာမ် တရားပါ ပါဝင်နေ၍ သတ္တဝါတို့တွင် ရုပ်ဖြစ်ပျက် နာမ်ဖြစ်ပျက် တည်ရာဖြစ်ပျက် သိမှုဖြစ်ပျက်များ အစဉ်အမြဲ ဖြစ်လိုက် ပျက် လိုက်ဖြစ်နေကြ၏။



ထိုရုပ် ထိုနာမ်တို့သည် အလိုလို ဖြစ်လာသည် မဟုတ်။ ဆိုင်ရာ အကြောင်းရှိမှ ဖြစ်ရ၏။ ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံမှသာ ဖြစ်လာ ကြ၏။ 


အကြောင်းချုပ်ငြိမ်းသော် ထိုအကြောင်းကြောင့် ဖြစ်လာရသော

အကျိုးတို့လည်း ချုပ်ငြိမ်းကြရ၏။


ရုပ်နာမ် တွဲစပ်လျက် ဖြစ်နေ ပျက်နေသော သတ္တလောက တွင် သတ္တဝါတို့သည် စိတ်စေရာ အတိုင်းပြုမူနေကြ၏။

ဩကာသလောကကြီးသည် ဥတုဟူသော အကြောင်း တရားကြောင့် ဖြစ်ပျက်ပြုပြင်ပြောင်းလဲနေရ၏။


သက်ရှိတို့သည် ဗီဇ ဟူသော အကြောင်း တရားကြောင့် ဖြစ် ပျက် ပြုပြင်ပြောင်းလဲနေရ၏။ သတ္တဝါတို့သည် 

စိတ်ဟူသော  အကြောင်း တရားကြောင့် ဖြစ်ပျက်ပြုပြင်ပြောင်းလဲ သွားလာ လှုပ်ရှားနေကြခြင်းဖြစ်၏။



ထိုထို သတ္တဝါတို့ ဖြစ်လာရခြင်းသည် ဆိုင်ရာ သတ္တဝါတို့ ပြု ခဲ့သော အမှုကိစ္စ ကံတို့ကြောင့် ကံဟူသော 

အကြောင်း တရားကြောင့် ဖြစ်ပျက်ပြုပြင်ပြောင်းလဲ မွေးဖွား သေဆုံးနေကြရခြင်း ဖြစ်၏။



မိမိ၏ အစဉ်အမြဲ ဖြစ်ခြင်းသဘောဟု ဆိုအပ်သော နိယာမ တရား များတွင် ....


၁။ ဥတု နိယာမ

၂။ ဗီဇ နိယာမ

၃။ စိတ္တ နိယာမ

၎။ ကမ္မ နိယာမ

တို့တွင်


ဥတု သည် ဩကာသလောကတစ်ခုလုံးကို နိယာမတရား အတိုင်း ဖြစ်စေ ပျက်စေ၏။


ဗီဇသည် သက်ရှိတို့ကို ဗီဇနိယာမအတိုင်းဖြစ်စေ ပျက်စေ၏။

စိတ္တနိယာမသည် စိတ်ဦးဆောင်လျက် နိယာမအတိုင်း စိတ်ကို ဖြစ်စေ၏၊ စေတသိက်တို့ကို ဖြစ်စေ၏၊ စိတ္တဇရုပ် တို့ကို ဖြစ်စေ၏။



ကမ္မနိယာမသည် ပြုနေဆဲသော်လည်းကောင်းပြုပြီးသွား၍ ကံဖြစ် သွားသောအခါ၌ လည်းကောင်းဆိုင်ရာအကျိုးကိုပေးရန် အစဉ် ဆောင်လျက် အကျိုးပေးရန် အချိန်ကျသော် အကျိုးကို ဖြစ်စေ၏။



ထိုထို ဥတု ဗီဇ စိတ္တ ကမ္မ ဟူသော နိယာမ အားလုံးသည်

သူ့ သဘာဝ သူ့ သဘောကို သူဆောင်လျက် သူတို့အလုပ် သူတို့ လုပ်နေကြသည်မှာ တရားသဘော ဓမ္မနိယာမ အတိုင်းသာ

ဖြစ်ရ၏။


တရားသဘောကို အဘယ်အရာမှ မလွန်ဆန်နိုင်။

တရားသဘောကို အဘယ်သူမှ မလွန်ဆန်နိုင်။

တရားသဘောကို မည်သူတစ်ဦး တစ်ယောက်မျှ အစိုးမရပါ၊ မပိုင်ဆိုင်ပါ၊ မိမိလိုသလိုဖြစ်လာအောင် လုပ်ယူလို့ မရပါ။ 



တရား မည်သည် အတ္တ မဟုတ်။

အတ္တ ဟူသည် မရှိ။

တရား တို့သည် အနတ္တသာ ဖြစ်၏။

အတ္တသည် မဟုတ် အနတ္တသာ ဖြစ်လေ၏။


သိအပ်သော တရားများမှာ .......

၁။ သင်္ခါရ

၂။ ဝိကာရ

၃။ လက္ခဏာ

၎။ ပညတ်

၅။ နိဗ္ဗာန်

တို့ဖြစ်ကြ၏။


ထိုတွင် နိဗ္ဗာန်သည် အရှိတရားဖြစ်၏။

နိဗ္ဗာန်သည် အဖြစ်တရားတော့ မဟုတ်။


ပညတ်သည် အရှိတရားလည်းမဟုတ်၊

ပညတ်သည် အဖြစ်တရားလည်းမဟုတ်။


လက္ခဏာသည် အရှိတရားဆိုသည်ထက်

အရှိတရားတို့ကိုမှတ်သားထားကြောင်း အခြင်းအရာ ဖြစ်၏။


သင်္ခါရဟူသည် ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် မပြတ်နှိပ်စက်နေသော ဖြစ်ပျက် ပြုပြင် ပြောင်းလဲနေသော 

တရားအစုဖြစ်၏။


ဝိကာရဟူသည် သင်္ခါရတို့ တစ်မျိုးတစ်မည် ပြောင်းလဲ ဖောက်ပြန် နေသော အခြင်းအရာတို့ ဖြစ်၏။


တရားအားလုံး၏ အနှစ်အသား တရားကိုယ်ကို အဆီထုတ်သော် အနှစ်ထုတ်ယူရသော် ....   

၁။ စိတ်

၂။ စေတသိက်

၃။ ရုပ်

၎။ နိဗ္ဗာန်

ဟူ၍ တွေ့သိရမှာဖြစ်ပြီး၊

တစ်စုံတစ်ခုသော တရား၊

မည်သည့်တရားဖြစ်ဖြစ်၊

အလုံးစုံသောတရားတို့ကို စိစစ်ကြည့်လျှင်

စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော 

တရားလေးပါးအတွင်းသို့ ဝင်မည်သာ

ဖြစ်၏။



မဝင်မပါသော တရားသည် အရှိတရား မဟုတ်သောကြောင့်သာ ဝင်မပါခြင်း ဖြစ်ပါမည်။


အရှိတရားမှန်လျှင် အနတ္တသာ ဖြစ်၏။

အဖြစ်တရားမှန်လျှင် အနတ္တသာ ဖြစ်၏။

လောကကိုလွန်မြောက်သော နိဗ္ဗာန်သည်ပင် အနတ္တဖြစ်ရာ၊

လောကီတွင် ရှိရှိသမျှတို့သည် အနတ္တ သာ ဖြစ်၏။

လောကသည် အနတ္တသာ ဖြစ်၏။



လောကသည် အဘယ်နည်း?

လောကဖြစ်ကြောင်းသည် အဘယ်နည်း?

လောကချုပ်ရာသည် အဘယ်နည်း?

လောကချုပ်ကြောင်းအကျင့်သည် အဘယ်နည်း?



လောကသည် ခန္ဓာသာ ဖြစ်၏။

လောကသည် ပဉ္စုပါဒါနက္ခန္ဓာသာ ဖြစ်၏။


လောကဖြစ်ကြောင်းသည် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ တဏှာ ဟုဆိုအပ်သော သမုဒယသာ

 ဖြစ်၏။



အကြောင်းချုပ်လျှင် အကျိုးချုပ်ရလေရာ တဏှာချုပ်သော်

သမုဒယချုပ်သော် လောကလည်း ချုပ်ရ၏။


သမုဒယချုပ်သော် လောကအဆုံး ရောက်၏။ လောကချုပ်ရာသည် နိဗ္ဗာန် ဖြစ်၏။

လောကချုပ်ရာသည် နိရောဓ ဖြစ်၏။

လောကချုပ်ရာသည် ဝိရာဂ ဖြစ်၏။

လောကချုပ်ကြောင်း အကျင့်ကောင်းသည် အင်္ဂါရှစ်ပါး ရှိသော အကျင့်လမ်းကောင်း အဋ္ဌင်္ဂိကော မဂ္ဂေါ ဟုဆိုအပ်သော

မဂ္ဂင်ရှစ်ပါး အကျင့်မြတ် မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်

သီလ-သမာဓိ-ပညာ သိက္ခာကျင့်စဉ်မြတ် ဖြစ်ပါသည်။



ထိုကျင့်စဉ်မြတ်၏ ဦးသျှောင် ဦးဆောင်တရား ခေါင်းဆောင်မှာ သမ္မာဒိဋ္ဌိ ဖြစ်၏။


သမ္မာဒိဋ္ဌိ၏ အခြေခံ အသိအမြင်မှာကမ္မဿကတာ သမ္မာဒိဋ္ဌိဖြစ်၏

သမ္မာဒိဋ္ဌိသည်....

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ

၂။ ဈာန သမ္မာဒိဋ္ဌိ

၃။ ဝိပဿနာ သမ္မာဒိဋ္ဌိ

၎။ မဂ္ဂ သမ္မာဒိဋ္ဌိ

၅။ ဖလ သမ္မာဒိဋ္ဌိ

၆။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ   ဟူ၍ ရှိကြရာ


မဂ္ဂသမ္မာဒိဋ္ဌိ သည် မဂ်ခဏ၌ အထင်အရှား ဖြစ်၏။


ဖလသမ္မာဒိဋ္ဌိသည် ဖိုလ်ခဏ နှင့် ဖလသမာပတ်တို့တွင် ဖြစ်၏။ 


ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိသည် ဖိုလ်အထတွင် ဖိုလ်မှအထတွင် ဖိုလ်မှ အထွက်တွင် ဖြစ်၏။ 


ဈာနသမ္မာဒိဋ္ဌိသည် ဈာန်ခဏ နှင့် ဈာန်ဝင်စားနေစဉ်တို့တွင် ဖြစ်၏။ ဝိပဿနာသမ္မာဒိဋ္ဌိသည်ဝိပဿနာ

စစ်စစ်ဖြစ်နေစဉ်တွင် ဖြစ်၏။



ခြုံငုံသုံးသပ်ရသော် ...

ကမ္မဿကတာသမ္မာဒိဋ္ဌိသည် အခြေခံသမ္မာဒိဋ္ဌိ ဖြစ်၏။ 

ကမ္မဿကတာဉာဏ် ကမ္မဿ      ကတာ အသိကမ္မဿက တာသမ္မာဒိဋ္ဌမျှ မရှိသောသူသည်နိဗ္ဗာန်နှင့် လွန်စွာဝေးကွာလှတော့၏။



ကမ္မဿကတ - ကံစီမံသည့်အတိုင်းဖြစ်ရခြင်း

                     - အကြောင်းက စီမံလိုက်သည့်အတိုင်း  ဖြစ်ရခြင်း


တစ်လောကလုံးသည် အကြောင်း နှင့် အကျိုးသာဖြစ်၏။

အကြောင်းလည်း အနတ္တ .. အကျိုးလည်း အနတ္တ ဖြစ်၏။

အတ္တ မဟုတ် အနတ္တသာ ဖြစ်၏။


Crd ... Nyinyiaung Nyinyiaung

Original Uploader  

Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall