တရားထိုင်တဲ့အခါ တွေ့ရှိတဲ့ အလင်းနိမိတ်ကို သိပ္ပံနည်းကျ လေ့လာခြင်း


 

လူရဲ့ ဦးနှောက် ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့   ၂ % ပဲရှိပါတယ်။

ဒါပေမယ့် ဦးနှောက် ရဲ့ Energy သုံးစွဲမှုက ခန္ဓာကိုယ်တစ်ခုလုံးရဲ့   ၂၀ ရာခိုင်နှုန်း သုံးပါတယ်။


ကျွန်တော်တို့ အချိန်တိုင်းလိုလို လောဘ ၊ ဒေါသ ၊ မောဟ တွေ နဲ့ တွေးနေကြတယ်။ စားရင်လည်း ဦးနှောက် က တွေးနေ တယ်။ ရေချိုး လည်းတွေး နေတယ်။ အိပ်နေတဲ့ အချိန် တောင် အလုပ် လုပ်နေရပါတယ်။


တရားထိုင်တဲ့ အချိန် ၊ စိတ် တည်ငြိမ် လာတဲ့ အချိန် ၊ ဦးနှောက် က Noise တွေ (လောဘ၊ ဒေါသ၊ မောဟ) လျော့ကျလာပါတယ်။ ဦးနှောက် က Energy (စွမ်းအင်) တွေ ပိုလာပါတယ်။ ပိုလာတဲ့ Energy တွေ ကို အလင်း အနေ နဲ့ ထုတ်လွှတ်ပါတယ်။


အဲဒီ အလင်း က Low frequency wave ဖြစ်တဲ့အတွက် သာမန် မျက်စိ နဲ့ မမြင်နိုင်ပါဘူး။ သမာဓိ ရ နေတဲ့ ဉာဏ် မျက်စိ နဲ့ မှ မြင် ရတာပါ။

(လူ့မျက်လုံးက wave length 380 နဲံ 740nm ကြားမှာရှိတဲ့ အလင်း ကိုပဲ မြင်ရပါတယ်)


ဦးနှောက် က gamma, beta, alpha, theta, delta ဆိုတဲ့ Low Frequency wave တွေ ထုတ်တယ်လို့ သိပ္ပံနည်းကျ တွေ့ရှိပြီး သားပါ။


တရားထိုင်တဲ့ သူတွေ ကို သိပ္ပံနည်း ကျ စမ်းသပ်ကြည့်တဲ့အခါ 4-8 Hz ရှိတဲ့ Theta Brainwaves တွေ ထွက်တယ်လို့ လေ့လာ တွေ့ရှိပါတယ်။ လူ့ဦးနှောက်ဟာ ပုံမှန် လှုပ်ရှားနေတဲ့ အချိန်မှာဆိုရင် 14-30Hz Frequency ရှိတဲ့ Beta Wave ထုတ်လွှတ်ပါတယ်။


အေးအေး ဆေး ဆေးနားနေတဲ့အချိန်မှာ ဆိုရင် 9-13Hz Frequency ရှိတဲ့ Alpha Wave ထုတ်လွှတ်ပါတယ်။ ငြိမ်းချမ်းစွာ တရားထိုင်နေတဲ့အချိန်မှာဆိုရင် 4-8Hz Frequency ရှိတဲ့ Theta Wave ထုတ်လွှတ်ပါတယ်။


ဒေါက်တာ မင်းတင်မွန် ကလည်း အလင်းနမိတ်က Low frequency wave တစ်ခု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထား ပါ တယ်။


မောင်းထောင်မြေဇင်း နဲ့ ဖားအောက် တရားစခန်းတွေ မှာတော့ အလင်းနိမိတ် ရဖို့ ဦးစားပေး ထိုင်ရပါတယ်။လောဘ ၊ ဒေါသ ၊ မောဟ တွေ ဖုံးလွှမ်းနေတဲ့ ကျွန်တော်တို့ ပုတုဇဉ်တွေ ရဲ့ စိတ်က လှိုင်းထပြီး ၊ နောက်ကြည့် နေတဲ့ ရေ နဲ့တူပါတယ်။ ဘာကိုမှ ကောင်းကောင်းမမြင်နိုင်ပါဘူး။


အာနာပါန ကမ္မဌာန်းက လှိုင်းထ နေ တဲ့ ရေ ကို ငြိမ်သွားအောင် လုပ်တာနဲ့တူပါတယ်။


မေတ္တာ ကမ္မဌာန်းက နောက်နေတဲ့ ရေကို ကြည် သွားအောင် လုပ်တာနဲ့ တူပါတယ်။


အာနာပါန ၊ မေတ္တာ ကမ္မဌာန်းတွေ ကြောင့် စိတ်က (ငြိမ်ပြီး ကြည်နေတဲ့ရေလို)  ငြိမ်ပြီး ၊ ကြည်သွားပြီ ဆိုရင်တော့ ဖောက် ထွင်းမြင်နိုင်ပါပြီ။  ခန္ဓာဖြစ်ပျက်ကိုလည်း ဖောက်ထွင်းပြီးမြင်နိုင် ပါပြီ။


ကာလာမသုတ်မှာ ဗုဒ္ဓ က ကိုယ်တိုင် စမ်းသပ်ကြည့်ပြီး အကျိုးရှိ မှ လက်ခံ နိုင်ပါတယ် လို့ မှာထားပါတယ်။



အားလုံး တရားထူးတရားမြတ်တွေ ရရှိကြပါစေ။

Crd ... ပြည့်ဖြိုးပိုင်


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall