လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ

 



လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာ ၊ သတ္တိမရှိ တဲ့ကောင်တွေအတွက်နေရာမရှိဘူး ..

ဟောဒီသစ်သားပြားပေါ်ကို သံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက် ၊ သံချောင်းစိုက်ဝင်သွားမယ် ။ သစ်သားပြား သူ့ထက်မာတဲ့ကောင် နဲ့တွေ့တော့နေရာ ဖယ်ပေးလိုက်ရတယ် ။


အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက် သံချောင်းပဲကွေးသွားမယ်

ကျောက်တုံးက နေရာဖယ်မပေးဘူး I'm sorry ပဲ .. ။


သွေးကြောင်ရင် ဘေးရှောင်

သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲ

အဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား ..

ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစား


ကိုယ့်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေး မညှာတမ်းတွေး အားမနာတမ်းတွေး ။ ကိုယ့်ကိုကိုယ် ညှာတွေးနေသရွေ့ ကိုယ့် အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူး ။


အားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူး ။

ပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံး မတိုးတက်ဘူး ။


အဲ့ဒါ မင်းတို့ ပုံသေယုံ ..

ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ် ။


အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူး ။ ကိုယ့်အမိန့်ကို ကိုယ်လိုက် နာနိုင်ရမယ် ။ လူတွေက သူများအမိန့်ပဲ ကျိုးနွံတာ ကိုယ့်အမိန့် ကို ကျိုးနွံနိုင်တဲ့သူရှားတယ် ။



မနက် ဘယ်အချိန်ထမယ်ဆိုပြီး နှိုးစက်လေးချထားတယ် ။

မနက်ရောက်တော့ နှိုးစက်ကမြည်တယ် ။ လူကအိပ်ချင်မူးတူးနဲ့ မထချင်ဘူး စောပါသေးတယ် ဘာညာနဲ့ ပိတ်လိုက်တယ် ။


အဲ့ဒါ ကိုယ့်အမိန့်ကို မနာခံတာ

ကိုယ့်ကိုကိုယ် မအောင်နိုင်တာ

ကိုယ့်ကိုကိုယ် မအောင်နိုင်သေးသရွေ့

လောကကြီးကို မအောင်နိုင်ဘူးဆိုတာ မင်းတို့ပုံသေယုံလိုက်ပါ ..


လူတစ်ယောက် မိုးပျံအောင်တော်

တာဝန်ယူချင်တဲ့စိတ် 

တာဝန်ယူရဲတဲ့ သတ္တိမရှိရင်

လောကကြီးအတွက် လူပိုပဲ ။


ကိုယ့်တိုင်းပြည် ကိုယ့်မိသားစုအတွက်နိုင်သလောက် တာဝန် ယူနိုင်ရမယ် ။ ရိုးသားနိုင်ခြင်းဟာ သတ္တိ ရိုးသားတယ် ဆိုတာ နုံတာ အ.တာမဟုတ်ဘူး ။ ကိုယ်မရသင့် မရထိုက်တာကို မမက်မောတာ မလိုချင်တာ မယူတာ အဲ့ဒါ ရိုးသားဖြောင့်မတ်တာ။


ရိုးသားမှုကို လူတိုင်းကြိုက်တယ် ။ ဒါပေမယ့် လူတိုင်းဆီမှာ မရှိဘူး ။ ရိုးသားခြင်းကြောင့် ဒုက္ခရောက်တတ်တယ် ။

အပင်တောင် ဖြောင့်တဲ့အပင်ပဲ ရွေးခုတ်တတ်ကြတယ် ။

သတ္တိ မရှိပဲ ရိုးသားလို့မရဘူး ..


အမှန်တရားကို ချစ်မြတ်နိုးတာ အမှန်တရားကိုပြောရဲတာ သတ္တိ ၊

မှန်တာပြောရင် ရွာအပြင်ထုတ်ခံရတတ်တယ် ဆိုတဲ့စကားရှိတယ် ။

သတ္တိရှိဖို့လိုတယ် .. ။


ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ကြိုစားတယ် မအောင်မြင်သေးဘူး

ဇွဲရှိရမယ် ဇွဲ ဆိုတာ ကြာရှည်ခံနိုင်တဲ့ ဂုဏ်သတ္တိကိုပြောတာ ..

ကြောက်လို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့ အောင်မြင်မှု က မင်းတို့နောက်လိုက်မလာဘူး ။


ရင်ဆိုင်နိုင်ရမယ်

ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ် ..

ရန်ဖြစ်တာ သတ္တိမဟုတ်ဘူး

ကိုယ့်ကိုကိုယ် သတ်သေရဲတာသတ္တိမဟုတ်ဘူး ..။


သတ္တိ ဆိုတဲ့စကားလုံးဟာ အရမ်းကျယ်ပြန့်တယ် နက်ရှိုင်းတယ် ..

သတ္တိ ဆိုတာ အရည်အချင်းအားလုံးရဲ့ဇစ်မြှစ် ၊ သတ္တိမရှိသရွေ့ ဘယ်တော့မှ မတိုးတက်ဘူး ။ ဘာသတ္တိမှ မရှိရင် ဘာမှဖြစ် မလာနိုင်ဘူး ။ အဲ့ဒါ မင်းတို့ ပုံသေယုံပါ ။



(ဆရာကြီး ဦးအောင်သင်း)

#Credit to original writer




Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall