သေခါနီး ရုပ်နာမ်ချုပ်ပုံ

  



လူတစ်ယောက် သေခါနီးလို့ ပက်လက် ဖြစ်နေပြီ ဆိုပါတော့ ...

သေခါနီးမှာ ဝါယောဓါတ်များ အားလျော့ ချုပ်လာပြီ ဖြစ်တဲ့အတွက် လူနာဟာ လှုပ်ချင်တိုင်း လှုပ်လို့ မရတော့ပါ။ 

ခေါင်း ခြေ လက် စသည်တို့ကို ကြိုးများနဲ့ တုပ်ထားသလို ဖြစ်နေ ပါတယ် ။ လှုပ်ချင်၍ လှုပ်လို့မရပါ။ ပြောချင်ပေမဲ့ ပြောလို့ မရ တော့ပါ။


ဒါကြောင့် မိမိတို့ ပါးစပ်နဲ့ လက်ကို ပိုင်ပိုင်နိုင်နိုင် လှုပ်နိုင်တုန်းပါးစပ် မှ ဘုရားစာများ၊ တရားစာများကို များများရွတ်ဖတ်နေဖို့ အရေး ကြီးပါတယ်။ 


ကိုယ့် လက်ကို ကိုယ်ပိုင်နေတုန်း မကြာမကြာ လက်အုပ်လေး တချီချီနဲ့ ဘုရားရှိခိုးဖို့ အရေးကြီးပါတယ်။ သေခါနီးကျမှ ဘေးလူက လက်နှစ်ဖက် ကိုင်ပေးပြီး လက်ယှက် ရှိခိုးခိုင်းရတဲ့ ဘဝမျိုးကို အဖြစ် မခံဘို့လိုပါတယ် ။


နေကောင်းနေစဉ် ကိုယ့် ပါးစပ်ကလေးနဲ့ ဂုဏ်တော်ပွါး မေတ္တာပို့၊ ပရိတ်၊ ပဌာန်း စသည်တွေကို နေ့စဉ် များများရွတ်ဖို့ သတိရှိ ရ ပါ မယ်။ သေခါနီးကျမှ ဟိုလူရွတ်သံ ဒီလူရွတ်သံ နာခံရတဲ့ကျေနပ် ရတဲ့ ဘဝမျိုး မရောက်အောင် ကြိုးစားရပါမယ် ။


ဒါကြောင့် ကိုယ့်ပါးစပ် နဲ့ ကိုယ့်လက်နဲ့ ကုသိုလ်တွေ အများကြီး ရအောင် ယူသွားကြပါလို့ တိုက်တွန်းပါတယ်။


တန်ဖိုးရှိစွာအသုံးချပါ။

သေခါနီး ပက်လက်ဖြစ်နေတဲ့ လူနာဟာ ကမ္မဇရုပ်တွေက စပြီး ချုပ်ပါတယ်။ 

ခြေဖျား၊ လက်ဖျား စမ်းကြည့်ရင် အေးလာပါတယ် ။. သွေးဆုတ် လာခြင်း( ကမ္မဇရုပ်များချုပ်လာခြင်း)ဖြစ်ပါတယ်။ မျက်ဖြူဆိုက် လာခြင်း မျက်လုံးအလည် တဖြေးဖြေးရပ်ခြင်းနှာခေါင်းတိုသွားခြင်း

နားရွက်များ ကပ်သွားခြင်း စတဲ့ လက္ခဏာများဟာ သက်ဆိုင်ရာ ပသာဒရုပ် (ကမ္မဇအကြည်ရုပ်)များ ချုပ်လာခြင်း လက္ခဏာ များဖြစ်ပါတယ်။ 


ခြေပိုင်းက သွေးဆုတ်၍ ရုပ်များ ချုပ်လာသလို  ခေါင်းပိုင်း ကလည်း တစ်ဖြေးဖြေး ချုပ်လာပါတယ် ။

စက္ခုပသာဒရုပ် (မျက်စိ အကြည်ရုပ်) မချုပ်သေးခင် ဘုရား၊ သံဃာ၊ မိဘ စတဲ့ ပုဂ္ဂိုလ်တွေကို မြင်နိုင်သေးပေမယ့်မျက်စိ အကြည်ရုပ် ချုပ်သွားရင်တော့ ဘုရားအဆူတစ်ထောင်၊ သံယာအပါး တစ်ထောင် အနားလာရပ်ပေမယ့်မြင်နိုင်စွမ်း မရှိတော့ပါ။ 

ဒါကြောင့် မိမိမျက်စိလေးကို လိမ္မာစွာ အသုံးချပြီး ဘုရားဖူးခြင်း၊ တရား စာဖတ်ခြင်း၊ သံယာတော် များကို ဖူးမြော်ခြင်းတို့ဖြင့် ကုသိုလ်တွေရအောင် မသေခင်  ယူတတ်ကြစေလိုပါတယ်။


ထိုနည်းတူပါဘဲ နားအကြည်ရုပ် (သောတပသာဒ) မချုပ်သေး ရင် ပရိတ်ရွတ်သံ၊ တရား‌ဟောအသံ စသည်တို့ကို  ကြားနိုင် အာရုံပြု နိုင်ပေမယ့်၊

နားအကြည်ရုပ် ချုပ်သွားပြီဆိုရင်တော့ ကြေးစည်တစ်ထောင်ထိုး ခတ်ပေမယ့် ကြားနိုင်ခွင့်မရှိတော့ပါ။

ထိုကြောင့် မိမိနားလေးကို လိမ္မာစွာ အသုံးချပြီး တရားတော်များ ကို နာကြားခြင်း ဆုံးမစကားများကို နာကြားခြင်းစတဲ့ 

သောဝစဿတာ (စကားနားထောင်ခြင်း) မင်္ဂလာနဲ့ ပြည်စုံအောင် ကြိုးစားထားသင့်ကြပါတယ်။



တစ်ဦးခြင်းတိုက်ပွဲ

သေမင်းနဲ့ စစ်ခင်းကြရာမှာ မျက်စိ နားစသည့် ပသာဒရုပ်တွေ မချုပ်သေးခင် ဘေးက ကလျာဏမိတ္တ ခေါ်တဲ့ မိတ်ကောင်း ဆွေကောင်းတွေက ဘုရားရှိခိုးစေခြင်း၊ တရားတော်များ ရွတ်ဖတ် ပေးခြင်း၊ ကြေးစည်သံပေးခြင်း၊ သံယာတော်များ ပင့်ပြီး ပရိတ် ရွတ် ပေးခြင်းစတဲ့ အကူအညီများကို စစ်ကူသဘောနဲ့ပေးနိုင် ကြပေမယ့် မျက်စိ နားစတဲ့ ပသာဒရုပ်များ ချုပ်သွား တဲ့အခါ မှာ တော့ ဘေးက ဘာအကူအညီမှ ပေးလို့မရတော့ဘဲ လူနာ နဲ့ သေမင်း ၊ တစ်ဦးချင်း တိုက်ပွဲ ဆင်နွှဲရတော့မှာ ဖြစ်ပါတယ်။ 


ခြေပိုင်းက တစ်ဖြေးဖြေးချုပ်လာတာ ရင်ဝရောက်ပါပြီ ...

ဒွါရ ခြောက်ပါးရှိတဲ့ အနက် စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ ပသာဒရုပ် ငါးပါးချုပ်သွားပြီဆိုတော့ လူနာမှာ မနောဒွါရသာ ကျန်ရှိပါတော့တယ်။ 


သိတယ် ဆိုတဲ့နေရာမှာ .... 

နာကျင်ခံခက် နှိပ်စက် ဖိစီးနေတဲ့ဝေဒနာ ဒဏ်ချက်ကို သိခြင်း။ 

သား သမီး၊ ဇနီး ခင်ပွန်း၊ ပစ္စည်း ဥစ္စာ စသည်တို့ကို သတိရနေခြင်း ။

ကုသိုလ်ကောင်းမှုတွေကို သတိရနေခြင်း ။

တရား နှလုံးသွင်း ဆင်ခြင်နေခြင်း။

ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြု သိ နေခြင်း စသည့်ဖြင့် အသိအမျိုးမျိုး ရှိပါတယ်။


များသောအားဖြင့် လက်ရှိဘဝနဲ့ ဇနီးမယား၊ သမီးသား  စသည် တို့နဲ့ ခွဲခွာရတော့မယ် ဆိုတဲ့ ဝမ်းနည်းခြင်းသောက ဗျာပါဒ အများ ဆုံး ဖြစ်တတ်ပါတယ် ။


ဝမ်းနည်းစိတ် သောက ဗျာပါဒစိတ်နဲ့ စုတိစိတ်ကျလို့ကတော့ ငရဲပြည် ရောက်သွားလိမ့်မယ်။ 

မိသားစုနဲ့ မခွဲချင်ဘူး။ တစ်သက်လုံးရှာဖွေ စုဆောင်းထားတဲ့စည်းစိမ် ဥစ္စာတွေကို မစွန့်လွှတ်ချင်ဘူး။ မိမိခန္ဓာကိုယ်ကို မစွန့် လွှတ်ချင်ဘူး၊ မသေချင်ဘူး။ ဆိုတဲ့ တွယ်တာ ကပ်ငြိတဲ့စိတ်နဲ့ စုတိစိတ်ကျရင် ပြိတ္တာ တစ္ဆေ သရဲ ဖြစ်သွားမှာ ။

တွေတွေဝေဝေ မောဟစိတ်နဲ့ သေရင်တော့ တိရစ္ဆာန်ဘဝရောက် သွားလိမ့်မယ်။


ဒါကြောင့် သေခါနီးမှာ အာရုံကောင်းရဖို့ တရားနှလုံးသွင်း နိုင်ဖို့ အတွက် ...

"မအိုခင်၊ မနာခင်၊ မသေခင်" ကကြိုတင်ပြီး တရားအလုပ်တွေကို အားထုတ် ထုံမွမ်းထားဖို့ လိုအပ်ပါကြောင်း သတိပြုမိစေလို ပါ သည်။


တရား စစ်ကူ

ရှေ့စိတ်ကို နောက်စိတ်က မှတ်သားတဲ့ စိတ္တာနုပဿနာ    စတဲ့ အမျိုး မျိုးသော သမထ၊ ဝိပဿ        နာ၊ ကမ္မဋ္ဌာန်းတို့ဟာသေခါနီး သေမင်း နဲ့  တစ်ဦးချင်း ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံး တရားစစ်ကူများ ဖြစ်ပါတယ်။ 

ရုပ်တွေ အားလုံးနီးနီး ချုပ်လာနေတာကို စိတ် နာမ် တရားလေးက သိနေပါတယ် ။

အဲဒီလို နောက်ဆုံးအချိန်မှာ ဝိပဿ        နာကမ္မဋ္ဌာန်း အလေ့အကျင့် ရှိထားသူအဖို့ တရား စစ်ကူတွေ ရကြပါတယ်။

တစ်ဖြေးဖြေး ချုပ်လာနေတဲ့ ရုပ် နာမ်တွေကို ရှု့မှတ်နေခြင်း (ဓမ္မာနုပဿ       နာ)

ခံစားနေရတဲ့ ဝေဒနာသဘောကို ရှု့မှတ်နေခြင်း (ဝေဒနာနုပဿ        နာ)

သိ သိ နေတဲ့ စိတ်ကလေးကို သတိမပြတ် ရှုမှတ်နေခြင်း     (စိတ္တာနုပဿ      နာ)   

စတဲ့ ကမ္မဌာန်းများနဲ့ သေမင်းကို ရင်ဆိုင်ကြပြီး သုဂတိဘဝများသို့ တက်လှမ်းနိုင်ကြပါတယ်။


"သုဂတိဘဝများသို့ တက်လှမ်းနိုင်ကြပါစေ ကုန်သော်..."



(၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ် အတွဲ(၅၁) အမှတ်(၆)

ဓမ္မဗျူဟာစာစောင် မှ ကူးယူပူဇော်ပါသည်။)



Crd ... ကြက်သွေးရောင် ကုန်သည်

မူရင်းတင်သူကို လေးစားလျှက်  ထပ်ဆင့်ပြန်လည်မျှဝေပါသည် ။



Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall