အသက်ထွက်ခါ နီး ကြားစိတ် အရေးအကြီးဆုံး

 




အဆုံးထိဖတ်ပါ ကောင်းလွန်းလို့


သေခြင်းတရားသည် ရိုးမလိုနှင့် အလွန်ဆန်း၏။ ဆန်းသော အရာ ဟူသမျှသည် တစ်ချိန်ချိန်၌ ရိုးသွားစမြဲပင်။ ရိုးသော အရာ ဟူသမျှသည်လည်း ပြန်လည် ဆန်းသစ်လာရစမြဲဖြစ်ပေ၏။


သေခြင်းတရားကို သတ္တဝါတိုင်း ကြုံတွေ့ကြရမည့်အရာဖြစ်၏။

မရဏသန္န လို့ခေါ်သည့် ဘဝပြောင်းကာနီး ရောက်လာသည့် အချိန်မှာတော့ စိတ်ဓာတ် စွမ်းအားတွေဟာ အားလျော့လာပေ၏။


ယင်းကို

``မိန်းမောတယ်´´

` မျောနေတယ်´´    ဟူ၍လည်းခေါ်ကြပါ၏။

ဒီလို အချိန်မျိုး၌ ဘာနဲ့တူသလဲ ဆိုလျှင် ရေနစ်ချိန်၊ အမြင့်က လိမ့် ကျချိန်၊ အထိတ်တလန့်ဖြစ်ချိန် များနှင့် အလားတူတယ်လို့ဆိုပေ ၏။

ယင်းအချိန်၌ ဆိုလျှင် ဇောက (၇) ကြိမ် မဖြစ်တော့ပေ။ (၅) ကြိမ် ဘဲ ဖြစ်တော့သည်ဟု ဆိုပါ၏။

ထွက်သက်၏ နောက်ဆုံးအချိန်၌ ကံတွေကိုလည်း စနစ်တစ်ကျ သုံးသပ်ဆင်ခြင်ပြီး ပြုလုပ်နိုင်စွမ်းလည်း မရှိတော့ပေ။ { တရားအခံ မရှိလျှင်တော့ ပျာနေပြီ လို့ပြောရမှာပေါ့ }

ကိုယ်အလေ့အကျင့် သန်ခဲ့သည့် ကံတွေကဘဲနေရာယူပြီး အာသန္နကံ သဖွယ် ထင်လာမြင်လာတတ်ကြပါ၏။

ဥပမာ -

လူတစ်ယောက်သည် ထိန့်လန့်တစ်ကြား ဖြစ်သည့် အခါ၌ ငါ့ ပါးစပ် ကနေ ဘယ်လို စကားမျိုးပြောမယ်လို့ စဉ်းစားချိန် မရ လိုက်ဘဲ ပါးစပ်၏ အကျင့်သန်ရာ အတိုင်းဘဲ ယောင်ယမ်းအော် တတ်ပါ၏။

{ ✳️ကောင်းသော အကျင့်အမြဲ အာစိဏ္ဏကံ တွေလုပ်ထားဖို့လို၏။ ယောင်ယမ်းလို့ရှိလျှင် မကောင်းတာ ယောင်ယမ်းတတ်သူများ သတိထားဖို့လိုပါ၏။ }✳️


ထင်မြင်လာသည့် ကံတွေကလည်း စနစ်တစ်ကျ စဉ်းစားနိုင်စွမ်း မရှိတော့သည့်အတွက် အလေ့အကျက် သန်ရာ ( အာစိဏ္ဏကံ) တွေ ကဘဲရောက်လာ ထင်လာကြပြီး (အာသန္နကံ) သဖွယ်ဖြစ်ပေါ်လာကြတာပါ၏။

သေခါနီး လူတစ်ယောက်သည် နောက်ဆုံးထွက်သက်၌ (အကြား) အာရုံကြားစိတ်သည် နောက်ဆုံးဖြစ်ပါ၏။သေခါနီး လူတစ်ယောက်သည် ကျန်သည့် အာရုံတွေ ချုပ်ဆုံးပြီး - အကြား အာရုံဘဲနောက်ဆုံး ကျန်ခဲ့ပါ၏။သေခါနီး လူတစ်ယောက်သည် အခြားသူတွေက အနားကနေ -ကြည့်နေကြတဲ့ အခါ၌ အသက်လည်း မရှူတော့ပေ။ နှလုံးလည်း မခုံ တော့ပေ။  လက်ကောက်ဝတ်၌ သွေးစမ်းကြည့်တော့ သွေး လည်း မတိုးတော့ပေ။


ယင်းအချိန်၌ အများအားဖြင့် နောက်ဆုံးထွက်သက်၏ အဖော်ဖြစ် သည့် ( ကြားစိတ် ) ရှိနေပါသေး၏။သေခါနီး လူတစ်ယောက် အခြားအာရုံတွေ ချုပ်သွားသော်လည်း ( အခြားသူတွေက သေပြီဟု ယူဆထားသည့် အချိန်၌ ) ကြားစိတ် က မချုပ်သေးပေ။ ကြားစိတ် ဟာ အချိန်အားဖြင့် အများ ဆုံး မိနစ် ( ၂၀) ခန့်ထိ ရှိနေတတ်ပေ၏။

( မိနစ် -၁၀ - အကြာဆုံး။ မိနစ် -၁၀ အောက် ၁၀ - မိနစ်၊ ၅ မိနစ် အမျိုးမျိုးဖြစ်နိုင်သည်ဟု ဆိုလိုပါ၏။ )


✳️လူနာရှင်တွေဟာ ဒီကိစ္စကို သိထားရမည့် အရေးကြီး ကိစ္စဖြစ် ပေ၏။ အသက်ထွက်ခါနီးမှာ အလွန်အရေးပါတယ်။✳️

✳️ဘဝ၏ နောက်ဆုံးအချိန်တွေကိုဖြတ်သန်းရတာ အလွန်ကြောက် စရာကောင်းလှပါ၏။✳️

တစ်ချက်ကလေး အာရုံလွဲလိုက်တာနှင့် အပါယ်ကျ သွားလျှင်`` ဘွာတေး လုပ်၍´´မရတော့ပေ။ အကုသိုလ် အစွဲအလန်းတွေနှင့်သေခါနီး အသက်မထွက် ဝိညာဉ်မချုပ်နိုင်ဘဲ ဆန့်ငင် ဆန့်ငင် ပုဂ္ဂိုလ်တွေကိုတွေ့ဖူးကြပါလိမ့်မည်။


✳️အချိုကျတော့လည်း

အကုသိုလ် စေတနာ ၊ ကုသိုလ်စေတနာ ကြီးမားစွာမရှိ၊ ဝိပဿနာဉာဏ်တရား အခြေခံကလည်း မရှိတော့သူရဲ့ကံ က သူ့ကို ဘယ်ပို့ရမှန်း မသိဘဲ စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ကြာနေတတ်ပါ၏။


ဒါကို ဘေးကလူတွေက .......သားကို စောင့်နေသလိုလို ၊ သမီးကို စောင့်နေသလိုလို ထင်နေတတ်ကြပါ၏။✳️မျှော်နေသူက ရောက်လာတော့ .... 

``အမလေး .. ရောက်လာပြီလေ.. ထကြည့်ပါဦး ဟု´´ဘေးကများ ကုန်းအော်လိုက်ရင် အသက်ထွက်သေမည့် လူက` `သွားပြီ အပါယ်´´ငရဲအိုး တိုက်ရိုက်ပါဘဲ။


လောဘနှင့်သေ ပြိတ္တာပြည်။

ဒေါသနှင့်သေ ငရဲပြည်။

မောဟနှင့်သေ တိရစ္ဆာန်ပြည်။  တောင်အောက်ကို ကျခါနီးလူကို ဆောင့်ကန်ချသလို ဖြစ်သွား မယ်။ သေခါနီး၌ ဖက်ငိုသည့် သူတွေ ဟာလည်း သေသည့်သူကို အယူ မှားစေပါ၏။ သတိထားကြပါ။


ကိုယ့်မိဘ၊ ကိုယ့်အမျိုးတွေ ကိုယ့်မိတ်ဆွေတွေကို ချစ်ပါတယ် ဆိုလျှင် သေခါနီး၌ အယူကောင်းစေမည့် လှူဒါန်းထားသော အလှူများကို သတိပေး ပြောစေခြင်း၊ ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ် ပေးခြင်း၊ ကုသိုလ်ကောင်းမှုနှင့် ဆက်စပ်သော စကားများကိုသာပြောခြင်းဖြင့် သေမည့်သူ၏ လားရားဂတိကို ကောင်းအောင်ပြု လုပ်သင့်ကြပေ၏။

အချို့ဆိုလျှင် ...  

ငါသေရင် မငိုကြနှင့် ဆူညံဆူညံ မလုပ်ကြနှင့် ငါတရား ကိုနှလုံး သွင်းပြီး အေးချမ်းစွာသေပါရစေ ဆိုပြီး မိသားစုကို ကြိုတင် မှာ ထားတတ်သည့် သူတွေရှိပါ၏။


သေခြင်းနှင့် သံသရာကို အနားသတ် အငြိမ်းဇာတ်ကို ခင်းကြစို့လား ၊ ဘဝမှန်သမျှ လက်ဖျစ် တစ်တွတ်စာတောင် ဘုရားရှင် မချီးမွမ်း ခဲ့ပေ။ ယင်းကြောင့် နတ်ဘဝ၊ ဗြဟ္မာဘဝသည်လည်း သံသရာနှင့် ယှဉ်လိုက်လျှင် ခဏလေးပါ။

ကမ္ဘာပေါင်း ( ၈၄၀၀၀) ရှစ်သောင်းလေးထောင် အသက်ရှည် သည့် မဟာဗြဟ္မာကြီး ၏ သက်တမ်းတောင် ခဏလေးဟု ဘုရားရှင် ဟောတော်မူခဲ့ပါ၏။ ကျန်သည့် လူသက်၊ နတ်သက် ဆိုတာ မပြောနဲ့တော့။


အသက်ထွက်ချိန်

ကြားစိတ်၊ မြင်စိတ်၊ နံသိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ် ကြံတွေးစိတ် ဒီအာရုံတွေထဲ၌ နောက်ဆုံး စိတ်က ကြားစိတ် ဘဲ ဖြစ်ပါ၏။

ပထမဆုံး ထွက်ခွာသွားတာ ကတော့ မြင်စိတ်ဘဲဖြစ်ပါတယ်။ မရဏမင်းနဲ့ စစ်ခင်းရာ၌နောက်ဆုံး အားကိုးရသည့် သူရဲကောင်းကတော့  ကြားစိတ် သူရဲကောင်းဖြစ်ပါ၏။


ဒါ့ကြောင့် . ဒီ ( ကြားစိတ် သူရဲကောင်း) ကို မိမိ မသေခင်၌ ဒဏ်ခံနိုင်အောင် ကောင်းကောင်း လေ့ကျင့်ထားဖို့ လိုအပ်ပါ၏။

မိမိသွားရင်း၊ လာရင်း၊ စားရင်း၊ သောက်ရင်း၊ နေရင်း၊ ထိုင်ရင်းနှင့် တရားထိုင်နေသည့် ချိန်တွေ၌ ကြားသည့် အသံတွေကို လိုအပ် သလို ဖြစ် - ပျက် ရှုထားသည့် အကျင့်လုပ်ထားဖို့ လိုပါ၏။


အချို့ဆိုလျှင် အသံချဲ့စက်သံ ဆူညံသံတွေကြောင့် တရားရှုမှတ် ၍ မရနိုင်ဘူး။ နားမခံနိုင်ဘူး အစရှိတာတွေဟာ နား၌ လာတိုက် သည့် အသံကို မိမိက ရှုမှတ်နိုင်သည့် ယောနိသောမနသီကာရ ဆိုသည့် အခံ မရှိတာပါဘဲ။ တရားရည် ပြည့်ဝသွားလျှင် ဒါတွေ ကို ခံနိုင်ရည်ရှိလာပါ၏ ။


ဒါ့ကြောင့်.. 

နောက်ဆုံး မရဏစစ်ပွဲ၌ အားကိုးရမည့် ``ကြားစိတ်´´သူရဲကောင်း အားလေ့ကျင့်ထားကြပါဟု ဒကာ ဒကာမ အပေါင်း သူတော်ကောင်း အပေါင်းတို့သည် တစ်ဘဝကို အနားသတ် သံသရာကို လက်စသတ်၍ ဒုက္ခအပေါင်းချုပ်ငြိမ်းရာ သံသရာကို ထပ်မံ အနားသတ်သော မြတ်နိဗ္ဗာန်သို့ ရောက်နိုင်ကြ ပါစေ။



ဦးပညိန္ဒ အား ရှစ်ခိုး ကန်တော့ပါသည် ။

🙏🙏🙏🙏🙏


#credit

#crd_to_owner

Crd ..  Original Uploader


Comments

  1. casino - DRMCD
    Deposit. 군포 출장샵 casino - 아산 출장샵 1. 대전광역 출장샵 Play Now. 3 오산 출장샵 months. Sign-up Bonus. Free Spins 세종특별자치 출장안마 1-3 days. Deposit of 100% + 200 FS at casino.ca.

    ReplyDelete

Post a Comment

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိမ်​ နှင့် လောကီပညာ

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall