ဈာန်မဂ် ဆိုတာ

 



ဈာန်

ဈာန်ရထားတဲ့သူတွေကကောင်းကင်ကလည်း ပျံနိင်တယ်။

ရေပြင်ပေါ်ကလည်း ဖြတ်နိုင်တယ်။

ရာသီဥတု ဆိုးဆိုးဝါးဝါးရှိလည်း အန္ထရာယ်မဖြစ်ဘူး။

လေယာဉ်တွေကမှ တစ်နာရီကို မိုင် ၅၀၀/၁၀၀၀ အလွန်ဆုံးဘဲ။

ဈာန် နည်းပညာရထားတဲ့သူက တစ်နာရီကို မိုင်တစ်သောင်း ဆိုလည်းဟုတ်တယ်။ နှစ်သောင်းဆိုလည်းဟုတ်တယ်။ ကိုယ်သွားချင်တဲ့နေရာကို စိတ်နဲ့မှန်းလိုက်ရုံနဲ့ ရောက်တယ်။



ဈာန်အင်္ဂါ ငါးပါးအကြောင်း ရှင်းပြမယ်

ဈာန်ရချင်ရင် ကမ္မဋ္ဌာန်းထိုင်ရတယ်။

အများဆုံးသုံးတာက အာနာပါန ပေါ့။

ဝင်လေထွက်လေကို သတိလေးနဲ့ မှတ်နေတာ။

စိတ်ကိုနှာသီးဖျားမှာ ထားပြီး စူးစူးစိုက်စိုက်နဲ့ မှတ်ရတာ။



မှတ်လို့ အချိန်ကြာလာတော့ (မှတ်ချိန် တစ်လလောက် ရလာတော့) စိတ်ကလေးက ငြိမ်လာတယ်။

တစ်ခါတစ်ရံ အာရုံနိမိတ်တွေ ထင်လာတယ်။

အဲ့ဒီနိမိတ်တွေဟာ အလင်းရောင်တန်းသဏ္ဍန် မီးခိုးငွေ့သဏ္ဍန် မျိုးတွေထင်လာတတ်တယ်။



အဲ့ဒါတွေကို မလွတ်တမ်း ဖမ်းဆုတ်ထားမယ်။

အဲ့ဒီ နိမိတ်ကနေ ဘယ်မှ မရောက်အောင် မလွတ်တမ်း စူးစူး စိုက်စိုက် ထိန်းကြောင်းပေးနေတာကို ပါဠိလို ဝိတက် လို့ ခေါ်တယ်။


အဲ့ဒီအခါကျတော့ စိတ်က အဲ့ဒီ နိမိတ်ပေါ်မှာဘဲ ငြိမ်နေတယ်။

အဲ့ဒီ နိမိတ်ကို ဆင်ခြင်နေတာက ပါဠိလို ဝိစာရ။


သမာဓိလေး ရလာတော့ အဲ့ဒီသမာဓိအပေါ် နှစ်သက် ဝမ်းမြောက် တဲ့ ပီတိ စိတ်ကလေး ဖြစ်လာရော။

ပီတိဖြစ်လာတော့ စိတ်ကလေးက အေးချမ်းလာတယ်။

အဲ့ဒါကျတော့ ပဿ       ဒ္ဓိ လို့ ခေါ်တယ်။


ပီတိဖြစ်စွမ်းရည်ကြောင့် စိတ်ကလေးက ပေါ့လာတယ်။

ခန္ဓာ ကိုယ်ကလည်း ပေါ့လာတယ်။

အဲ့ဒါကို စိတ္တြလဟုတာ ကာယလဟုတာ တဲ့။



ခန္ဓာကိုယ်ကလည်း ဂွမ်းဆိုင်လိုလို ဝါဂွမ်းဆိုင် လိုလို ပေါ့ပေါ့ပါးပါး ဖြစ်နေတယ်။ ဘယ်သူကြောင့်ဖြစ်နေတာလဲ ဆိုရင် ပီတိကြောင့် ဖြစ်နေတာ။ ပီတိက ခန္ဓာကိုယ်ကြီးကို မြောက်တင်ပေးလိုက် သလိုကို ပေါ့နေတာ။



ပီတိဖြစ်လာတော့ သုခ ဆိုတဲ့ စိတ်ကလေးဖြစ်လာတယ်။

ချမ်းသာတဲ့ စိတ်ကလေးဖြစ်လာတယ်။

ချမ်းချမ်းသာသာ စိတ်ကလေးလည်းဖြစ်လာတော့ စိတ်က ဘယ်မှ မပြေးတော့ဘူး။ ငြိမ်သွားတယ်။

အဲ့ဒါကို ဧကဂ္ဂတာ လို့ ပါဠိလို ခေါ်တယ်။



အခုပြောခဲ့တဲ့ ..... 

ဝိတက်

ဝိစာရ

ပီတိ

သုခ

ဧကဂ္ဂတာ ဆိုတာဟာ  ဈာန်အင်္ဂါ ငါးပါး ဘဲ။



ဒီဈာန် ငါးပါးကို ရပြီဆိုရင် ပထမဈာန် ရပြီလို့ ဆိုတယ်။

ပထမဈာန် ရပြီးလို့ ဆက်ပြီး ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ ဝိတက် ဆိုတာ ကို မလိုချင်တော့ဘူး ဖြစ်လာတယ်။


မလိုတော့လို့ ဝိတက်ကို ပျောက်အောင်ရှုမှတ်လိုက်တာ ဝိတက် ပျောက်သွားရော။ ဝိတက်ပျောက်တာနဲ့ ဒုတိယ ဈာန် လည်း ရရော။


ဒုတိယဈာန်ရတော့ မှတ်ရင်းနဲ့ဘဲ ဝိစာရ ကို အကြိုက်မတွေ့ ပြန်လို့ ဝိစာရ ကို ပျောက်အောင်ရှုလိုက်တာ ဝိစာရ ပျောက်ပြီး တတိယဈာန်ရရော။


တတိယဈာန်မှာလည်း ပီတိကို ပျောက်အောင် ရှုလိုက်တာ ပီတိ ပျောက်ပြီး စတုတ္ထဈာန် ကို ရ တယ်။



အဲ့ဒီကနေ တစ်ဆင့်တက်တော့  ...  

အာကာသနဉ္စ ယတန ဈာန်

ဝိဥာဏ်နဉ္စ ယတနဈာန်

အာကိဉ္စညာ ယတနဈာန်

နေဝသညာနာသညာယတနဈာန်  ဆိုတဲ့ ဈာန်အင်္ဂါ ရှစ်ပါးကို  ရပါပြီ။



အဲ့ဒီ  ဈာန်အင်္ဂါ ရှစ်ပါးကို ရပြီ ဆိုရင်ကောင်းကင်မှာလည်းပျံနိုင်ပြီ။

အမျိုးမျိုးလည်း ဖန်ဆင်းယူလို့ရတယ်။


ကိုယ့်ကိုယ်ကို အယောက်တစ်ရာ ခွဲ လိုက်မလား ရတယ်။

ကိုယ့်ကိုယ်ကို ဆင်/မြင်းသဏ္ဍန် ဖန်ဆင်းမလား ရတယ်။

ရွှေတွေ စိန်တွေ ပြည်တောင်းလောက် ရအောင်ဖန်ဆင်းမလား ရတယ်။

တောင်လောက်ကြီးဖြစ်အောင် လုပ်မလား ရတယ်။



တို့ဗုဒ္ဓကလေ

နည်းပညာတွေ အများကြီး ထားပေးခဲ့တယ်။

အဲ့ဒီ နည်းပညာတွေကို တတ်မြောက်အောင်လေ့ကျင်မယ်။

အကုန် တတ်မြောက်အောင်ကြိုးစားမယ်ဆိုရင် လိုချင်တာ အားလုံး ကို ငွေမကုန်ကြေးမကုန် ဘဲ ဖန်တီး ယူလို့ရတယ်။



ကိုယ်ဖန်ဆင်းချင်တာကို ဖန်ဆင်းလို့ ရတယ်။

အဲ့ဒီအတွက်လည်း ငွေကုန်ကြေးကျ လည်းမလိုဘူး။

ထက်သန်တဲ့ လုံ့လ ဝီရိယလေး ရှိဖို့ဘဲ လိုတာပါ။

အဲ့ဒီ ဝိရိယလေးတောင် အားမစိုက်ချင် ထက်သန်တဲ့ လုံ့လလေး တောင် မထုတ်ချင်မှတော့ ဈာန် ဆိုတာ ဘယ်လိုရနိုင်တော့ မှာ လည်း။



ဒီတော့ နည်းပညာက ရှိပါတယ်။

လူတွေက မသုံးကြတာပါ။


ဘာလို့ မသုံးကြတာလဲဆိုတော့ ကာမဂုဏ်ကို မစွန့်နိုင်ကြ လို့လေ။ ကာမရာဂ ကိုမစွန့်နိုင်တော့   ဘယ်လိုမှ ဈာန်ကို မရနိုင်တော့ ဘူးပေါ့။



မှတ်ချက်။ ။ ယခုရေးသားဖော်ပြသော အထက်ပါ အကြောင်း အရာသည် သီတဂူဆရာတော် ဘုရားမှ နိုင်ငံခြားသားတစ်ဦးသား ရှင်းလင်းဟောပြချက်အပေါ် ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါ သည်။ 


မိမိအနေဖြင့် ပြင်ဆင်ဖြည့်စွက်ရေးသားခြင်းမျိုးကို ထပ်မံ မပြုလုပ် လိုသဖြင့် ဆရာတော်၏ ဟောပြောချက်ကိုသာ မျှဝေပေးခြင်းမျိုး ဖြစ်ပါသည်။


 မြေလျှိုးမိုးပျံခြင်း တန်ခိုးသိဒ္ဓိနှင့် ပတ်သက်၍ ဈာန်တစ်ခုတည်း သာလျှင် မဟုတ်ပဲ အဘိဥာဉ် တန်ခိုးရရှိအောင်လည်း လုပ်ရန် လိုအပ်ပါသေးသည်။ 


ထို အဘိဥာဉ်ကို ဈာန်ဝသီဘော်(ဈာန်ကစားခြင်း) နိုင်နင်းမှ သာ လျှင် စေတစ်လုံး ပိုင်ရှင် ဖြစ်မည် ဖြစ်ပါကြောင်း အသိပေးတင်ပြ အပ်ပါသည်။



မူရင်း #သီတဂူဆရာတော်

Credit .....  ထာဝရ ခရီး သည်


Comments

Popular posts from this blog

ရာသီဖွား အဟော - မဟာဘုတ် ဗေဒင်ပညာ

ကမ်းဇော်ဆီ နှင့် ကင်ဆာ ရောဂါ

အဘဆရာကြီး မင်းသိင်္ခ ပြောပြတဲ့ ဂဏန်းဗေဒင်

အိမ်​ နှင့် လောကီပညာ

တဏှာစိတ်တွေ ထိန်းလို့ မရအောင်ဖြစ်နေတဲ့ အပျိုဖော်ဝင်စ မိန်းကလေး တစ်ယောက်

အိပ်မက် အမျိုးမျိုးနှင့် အသားလှုပ် နိမိတ်

ဒီလို နိမိတ်တွေ မြင်ရင် မကောင်းဘူး

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

အမျိုးသား အင်္ဂါ ယောင်ရမ်းခြင်း (သို့) ဘောကျခြင်း အတွက် တန်ဖိုး ရှိတဲ့ ဆေးနည်း

အထင်မမှားဖို့ ပွဲကျောင်း ဆိုတာ လေ့လာကြပါ

 
365myanmar.com - Myanmar Online Shopping Mall